What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နီယွန် ဖက်ရှင်

နီယွန်ဖက်ရှင်က အရောင်တောက်တောက်တွေကို ၀တ်ဆင်ကြတာကို ဆိုလိုပြီး များသောအားဖြင့် ၀တ်ဆင်ကြတာ အစိမ်းနုတောက်တောက် ၀တ်စုံတွေ ဖြစ်ပါတယ်။


နီယွန်ဖက်ရှင် ၁၉၈၀ ၀န်းကျင်မှာ ခေတ်စားခဲ့ဖူးတယ်။ အခု ၂၀၁ရ ခုနှစ်မှာ ပြန်ခေတ်စားလာတာ ၂၀၁၈ ခုနှစ်မှာ အတော်ရေပန်းစားလာတာကို တွေ့ကြရတယ်။

၂၀၁၈ သြဂုတ်လလယ်လောက်မှာ Kim Kardashian West က မင်္ဂလာဆောင်တစ်ခုကို နီယွန်ဖက်ရှင်ဖြင့် တက်ရောက်ခဲ့တယ်။ အဲဒါကြောင့် နီယွန်ဖက်ရှင် တစ်ကြော့ပြန်ရောက်လာပြီလို့ မှတ်ချက်ချကြရတယ်။
နီယွန်ဝတ်စုံကို သူက ဆင်မြန်းတာမှာ ဖိနပ်ကို အသားရောင် nude color ရွေးချယ် ၀တ်ဆင်ခြင်းဖြင့် တစ်ကိုယ်လုံးမှာ နီယွန်ဝတ်စုံကိုပဲ မြင်သာနေအောင် ဖန်တီးထားတဲ့အထာကို သုံးစွဲထားတယ်။ ပြီးတော့ နေကာမျက်မှန်ပုံဆန်းကို တပ်ထားပြီး မျက်လုံးရဲ့ အဖြူသားတွေကို ဖုံးကာပေးထားလိုက်တယ်။ မိတ်ကပ်နဲ့ နှုတ်ခမ်းအရောင်တွေကိုလည်း အသားရောင် nude colour တွေကိုပဲ သုံးထားတယ်။
ဒီတော့ နဂိုကတည်းက တောက်ပနေတဲ့ နီယွန်ဝတ်စုံဟာ ထင်းထင်းကြီး ထီးထီးပေါ် နေပါတော့တယ်။
နီယွန်ဖက်ရှင်ကို ၀တ်ဆင်ရင် ချပ်ချပ်ရပ်ရပ်ဖြစ်နေပြီး fit အတိအကျ ဖြစ်နေလို့ အသားမှာ ကပ်နေတဲ့ဝတ်စုံမှ ဟန်ကျတယ်။ နီယွန်အရောင်က အ၀တ်အစားကို နဂို ရှိတာထက် ပိုကြီးတယ်လို့ အမြင်မှားစေတဲ့ သဘာဝရှိတယ်။

neon fashion kim min

 

နီယွန်ဖက်ရှင်ကို ကြိုက်လို့ဖြစ်စေ၊ စမ်းချင်လို့ ဖြစ်စေ ၀တ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရောင်တောက်တောက် ရွေးချယ်တာမှာ အစိမ်း၊ ပန်းနု၊ အ၀ါနဲ့ လိမ္မော်တို့ဟာ မှန်မှန်ကန်ကန်ဖြင့် ရွေးချယ်ပြီး ကျန်တဲ့အ၀တ်အစားတွေနဲ့ သဟဇာတဖြစ်အောင် ၀တ်ဆင်မယ်ဆိုရင် သင့်ကို မြင်ရမယ့်အမြင်ကို လုံးဝပြောင်းလဲသွားအောင် ပြုပေးနိုင်တယ်။ ဒီတော့ ပညာသားပါပါဖြင့် ၀တ်ဆင်တတ်ဖို့ အရေးကြီးတယ်။ လိုက်ဖက်မယ့် အရောင်တွေကို ရွေးချယ်ရမယ်။ ဒါ့မှမဟုတ် Kim Kardashian လို နီယွန်တစ်ရောင်တည်း အသားပေးထားပြီး ကျန်တာတွေ အားလုံး အသားရောင် nude colour လုပ်ထားရမယ်။

နီယွန်ဝတ်စုံကို ၀တ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လိမ်လို့ မရဘူး။ ရိုးသားရမယ်။
နီယွန်ဝတ်ထားရတဲ့အတွက် စိတ်ထဲ တကယ်ကျေနပ်နေမိရဲ့လား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရရဲ့လား။ ရှိုးတိုးရှန့်တန့် ဖြစ်နေမိသလား။ စိတ်ထဲမှာ ရဲရဲတင်းတင်း ဖြစ်သွားသလား။

ဝတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးရင် အောက်ပါအချက်တွေကို သိထားသင့်တယ်။

• မိမိအနှစ်သက်ဆုံး နီယွန်အရောင်အဆင်းကို ရွေးပါ။ ဆံပင်အရောင်၊ အသားအရောင်နဲ့ လိုက်ဖက်မှု ရှိမရှိ ဆန်းစစ်ပါ။ မရှိရင် ရှိမယ့်အရောင် နောက်တစ်ခုကို ထပ်ရွေးပါ။ အကြံပေးချင်တာက မျက်နှာက ဖြူရော်တဲ့အရောင်ဆိုရင် အ၀ါနဲ့ လိမ္မော်တို့ မသင့်တော်ဘူး။ ပန်းနု ဖြစ်ဖြစ် အပြာနုဖြစ်ဖြစ် ရွေးသင့်တယ်။

• ၀တ်စုံတစ်ထည်တည်းကို ၀တ်မယ်ဆိုရင် ဖိနပ်၊ ဆံပင် တို့ဟာ မထင်ရှားတဲ့ အရောင်တွေ ဖြစ်ရမယ်။ တစ်ထည်တည်း မဟုတ်ဘဲ တွဲဝတ်မယ် ဥပမာ အင်္ကျီနဲ့ စကပ် ဆိုရင် တစ်မျိုးကိုပဲ နီယွန်ဝတ်ပြီး ကျန်တာတွေကို နီယွန် မဟုတ်တာ ၀တ်ရမယ်။ အပေါ်အောက် နီယွန်ဝမ်းဆက် ၀တ်တာမျိုးကို ရှောင်သင့်တယ်။ တွဲဖက်တဲ့ အ၀တ်အစားတွေဟာ အရောင်မတောက်တာတွေ ဖြစ်ရမယ်။
ဥပမာ နီယွန် ရှပ်ကို ၀တ်ရင် အသားကပ်ကိုယ်ကျပ် ဂျင်းဘောင်းဘီနဲ့ တွဲရမယ်။

• ၀တ်မယ်ဆိုရင် နှစ်ခါစဉ်းစား။ ဘာကို စဉ်းစားရမှာလဲဆိုတော့ လူတွေက ၀ိုင်းကြည့်တာကို ကြုံရမယ်။ လူတိုင်းရဲ့ အာရုံမှာ ထင်းနေလို့ လူတွေကြည့်တာကို ခံရမယ်။ အဝေးကပင် မြင်နိုင်တဲ့အတွက် အဲဒီလို အကြည့်တွေကို အမှုမထားနိုင်မှ ဖြစ်မယ်။

• နီယွန်အ၀တ်အစားဟာ ကိုယ်ခန္ဓာနဲ့ ကပ်နေအောင် အံကိုက် fit ဖြစ်သင့်တယ်။ နီယွန်အရောင်တွေက အ၀တ်အစားကို ရှိရင်းထက် ပိုကြီးတယ်လို့ အမြင်မှားစေတယ်။
ကိုယ်ခန္ဓာ အချိုးအစား ပုံပန်းက သစ်တော်သီးပုံဆိုရင် နီယွန်ကာလာကို အပေါ်ပိုင်းမှာ ၀တ်ဆင်လိုက်ပါ။ ပန်းသီးပုံဆိုရင်တော့ နီယွန်ကို အောက်ပိုင်းမှာ ၀တ်ဆင်လိုက်ပါ။
တကယ်လို့ စံနမူနာပြုရတဲ့ ကိုယ်လုံးကိုယ်ထည်မျိုးဆိုရင်တော့ နီယွန်ကို ကြိုက်သလို ၀တ်ဆင်လို့ ရပါတယ်။

• နီယွန် ၀တ်ဆင်ထားရင် အခြားတန်ဆာဆင်တာတွေကို ဖြစ်နိုင်သရွေ့ လျှော့ချပြီး ၀တ်ဆင်ပါ။ နီယွန်ရဲ့ တောက်ပခြင်းမှာ အမြင်ရှုပ်နေစေမှာတွေကို မ၀တ်ပါနဲ့။

 

neon color trend min

neon fashion tips min

Read 1250 times
Rate this item
(0 votes)