Streetwear တွေကို လုပ်ကိုင်တဲ့ ဒီဇိုင်နာ Heron Preston က နယူးယောက်မြို့တော်ကြီးရဲ့ မိလ္လာရေဆိုးနုတ်ဌာနရဲ့ ယူနီဖောင်းအပေါ် ဉာဏ်ကွန့်မြူးပြီး
Streetwear ဖက်ရှင်တွေ ဖန်တီးလိုက်လို့ အားလုံး တအံ့တသြ ဖြစ်ကုန်ကြရတယ်။
အခု အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် Streetwear ဖက်ရှင် စုစည်းခြင်းကို ကြံဆ ဖန်တီးလိုက်တယ်။ အာကာသယာဉ်ထဲ လိုက်ပါသူတွေ ဖိအားဒဏ်ခံ ၀တ်စုံဖြူတွေကို အခြေခံပြီး ဖန်တီးထားတယ်။
အဲဒီ နာဆာဖက်ရှင် စုစည်းမှုကို မြှင့်တင်ပေးဖို့ ဗီဒီယိုတစ်ကားကိုလည်း စီစဉ်ခဲ့တယ်။ အမည်က “Above the Clouds” လို့ အမည်ပေးထားတယ်။ ၆ လကြာ အချိန်ယူပြီး ရိုက်ကူးထားတယ်။
ဝတ်စုံအမျိုးမျိုးရဲ့ ဈေးနှုန်းက ကန်ဒေါ်လာ ၂၂၆ ကနေ ၁၅၄၈ အထိ အစားစား ရှိပါတယ်။