What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျဆုံးသွားတဲ့ Vehement

အမြန်ချောပို့သမားလား ထင်မှတ်မှားရတဲ့ ဖက်ရှင်။ ဆွစ်ဇလန်နိုင်ငံ ဇူးရစ်မြို့ အခြေစိုက် Vetements ဖက်ရှင်တိုက်က ကမ္ဘာသိ ချောပို့လုပ်ငန်း DHL ရဲ့ ပင်တိုင်အရောင်နဲ့ လိုဂိုကို အခြေပြု စိတ်ကူးပြီး ဖက်ရှင်အဖြစ် ၂၀၁၅ ခုနှစ်မှာ ထုတ်လုပ်လိုက်တဲ့ တီရှပ်။ ဈေးနှုန်းက တစ်ထည်ကို ကန်ဒေါ်လာ ၂၀၀ ။

လူငယ်လူရွယ်တွေအကြား အကြိုက်တွေ့သွားတာ လက်ကျန်မရှိ ကုန်သွားတဲ့အထိ ရောင်းကောင်းခဲ့တယ်။

ဖက်ရှင်မဟုတ်တာကို ဖက်ရှင်လုပ်တဲ့ anti-fashion အလိမ်အလှည့်လေးနဲ့ ဉာဏ်ပြေးထားတယ်။

nobody buying vetements 1 800x1200

ဒီဇိုင်နာက Vetements (အ၀တ်အစားလို့ အဓိပ္ပာယ်ရတဲ့ vêtements) brand ကို ထူထောင်သူ Demna Gvasalia ဖြစ်ပါတယ်။

သူက ဂျော်ဂျီယာနိုင်ငံသား။ DHL T-shirt ပေါက်သွားလို့ စပိန်နိုင်ငံရဲ့ အထင်ကရဖက်ရှင်တိုက် Balenciaga က သူ့ကို creative director အဖြစ် ခန့်အပ်လိုက်တယ်။

DHL T-shirt ရဲ့ အောင်မြင်မှုက နောက်တစ်နှစ်မှာ အရှိန်သေသွားတယ်။ ရောင်းအားတွေ ကျလာတယ်။ အခုဆိုရင် Vetements ဖက်ရှင်တိုကဈေးကြီးတဲ့ လမ်းသွားလမ်းလာ အ၀တ်အစားတွေ ၀ယ်တဲ့သူ အတော်နည်းနေပြီ။
အခုလို ဖြစ်ရတာ မီဒီယာတွေက လှောင်ပြောင်တဲ့ဒဏ်ကို မခံနိုင်တာက အကြောင်းတစ်ခု ဖြစ်ပါတယ်။

DHL T-shirt တစ်ထည် ဒေါ်လာ ၂၀၀ ပေးဝယ်မှာလား ဆိုတဲ့

ခေါင်းစဉ်မျိုးတွေနဲ့ သတင်းဆောင်းပါးတွေ ရေးကြတယ်။ တစ်နည်းပြောရရင် အသားလွတ် အရိတ်ခံရမယ့် DHL T-shirt ဖြစ်နေတယ်။

ဝယ်ဝတ်တဲ့သူက အချဉ်မိတဲ့သူလို့ လှောင်ရယ်တာ ခံရလိမ့်မယ်။

အဲဒီ တီရှပ် အထိနာတဲ့အရှိန်က Vetements ကိုပါ ထိခိုက်တယ်။ ဒီတော့ Vetements မှ ထုတ်လုပ်တဲ့ အ၀တ်အစားတွေ မရောင်းရသလောက် ဖြစ်သွားတယ်။
တချို့ဆိုင်တွေက လက်ထဲ မိနေတဲ့ Vetements အ၀တ်အစားတွေကို ၆၀% ကနေ ၇၉% အထိ ဈေးလျှော့ပြီး ရှင်းထုတ်ပစ်ကြလို့ brand ဂုဏ်ရိပ် ပိုကျဆင်းသွားစေတယ်။

အခုလို ဈေးကြီးကြီးနဲ့ ရောင်းကြတဲ့အခါ ကျင့်သုံးကြတဲ့ ချုပ်တည်းခြင်းကို Vetements က ထိန်းမထားဘူး။ ၀ယ်လိုအားထက်

အများကြီး လျော့ပြီး ထုတ်လုပ်ကာ ဈေးကောင်းကောင်းနဲ့ ရောင်းကြတဲ့ ကျင့်ထုံးကို နှလုံးမမူဘူး။ ဆိုင်တွေမှာ ပိုလျှံနေတဲ့အထိ အရေအတွက် များများစားစား ထုတ်လုပ်တယ်။

ဒီတော့ ရာသီချိန် ကုန်တဲ့အခါ ပိုနေတာတွေကို လျှော့ဈေးနဲ့ ထိုးရောင်းရတဲ့အဖြစ်ကို ရောက်ကုန်တယ်။
အခုလို မတန်တဆဈေးနဲ့ တင်ရောင်းရင် ပစ္စည်းပြတ်မှ ဂုဏ်ရှိတယ်။ ၀ယ်လိုအား ထပ်တက်တယ်။

အဲဒီသော့ချက်မှာ အကြီးအကျယ် လွဲချော်နေလို့ Vetements ကျဆုံးသွားရတယ်လို့ သုံးသပ်ကြပါတယ်။

 

nobody buying vetements 4 1200x800

Read 800 times
Rate this item
(0 votes)