ဖက်ရှင်ရေစီးကြောင်းဟာ တိုးတက်ပြောင်းလဲလာပြီး အလွန်လျင်မြန်တာကြောင့် တခါတရံမှာ ကျွန်မတို့အနေနဲ့ အသစ်ပေါ်ထွက်လာတဲ့ ဖက်ရှင်တွေကို ရှာဖွေဖို့ အတော်လေးခက်ခဲလှပါတယ်။
မိန်းကလေးအားလုံး စတိုင်ကျချင်သူ တစ်ယောက်ဖြစ်ချင်ကြပါတယ်။ အဲ့လို စတိုင်ကျချင်သူ တစ်ယောက်ဖြစ်ချင်ရင်တော့ အရင်ဆုံးနောက်ဆုံးပေါ် ဖက်ရှင်ရေစီးကြောင်းးတွေရဲ့ကွဲပြားခြားနားချက်ကို ပြောင်းလဲနိုင်ရမယ်။ဒါပေမယ့် ဒီအတွက်တော့ မစိုးရိမ်ပါနဲ့။ သင့်ကိုစတိုင်ကျစေဖို့ သင့်ရဲ့အဝတ်ဗီရိုထဲမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အရောင်များကို ပြောပြပေးချင်ပါတယ်။
၁။ မြစိမ်းရောင်
အစိမ်းနှင့်အပြာ ပေါင်းစပ်ထားပြီး အရောင်စိုတဲ့ အရောင်ဖြစ်တယ်။ မြစိမ်းရောင် ကာလာဟာ ဒီနှစ်မှာ လူကြိုက်အများဆုံးအရောင်ဆိုလဲမမှားပါဘူး။ ဖက်ရှင်ကျပြီး ပေါ်လွင်ထင်ရှားချင်ရင်တော့မြစိမ်းရောင် ကာလာဟာ သင့်ဗီရိုထဲမှာ ကျိန်းသေ မဖြစ်မနေ ရှိထားသင့်တဲ့ အရောင်ပါပဲ။
၂။ ပန်းရောင်အဖျော့
အရောင်ဖျော့ဖျော့ပန်းရောင်ဟာ စိတ်ခံစားချက်၊ နူးညံ့ကြင်နာမှုနှင့် အချစ်ဇာတ်လမ်းများနဲ့ဆက်စပ်နေပါတယ်။ ပန်းရောင်ဖျော့ဖျော့ကို အဖြူရောင်၊ ကြက်သွေးရောင်၊ အစိမ်းရင့်ရောင်၊ အနက်ရောင်တို့နဲ့ ကောင်းစွာအသုံးချပါ။ ပန်းရောင်က သင့်ကို မိန်းမဆန်စေပြီး ကြော့ရှင်းလှပစေပါလိမ့်မယ်။
၃။ နေဗွီပြာအရောင်
နေဗွီပြာအရောင်ဟာ တခြားအရောင်တွေထက် သင့်ကို သေချာပေါက် ပေါ်လွင်လှပနေမှာပါ။ သိုးမွေးအင်္ကျီ၊ လည်သာဂျက်ကက်တွေက သင့်ကို ယုံကြည်မှုအပြည့်အဝ ရရှိစေလိမ့်မယ်။ အပြာရောင်ကို အဖြူရောင်၊ လိမ္မော်ရောင်၊ အနက်ရောင် တို့နှင့် တွဲဖက် ပေါင်းစပ်ပါ။
၎။ စပျစ်ရောင် (သို့) ကြက်သွေးရောင်
လူကြိုက်များတဲ့ ဒီအရောင်ကို ကြက်သွေးရောင်၊ စပျစ်ရောင် ဆိုပြီး အများကခေါ်ကြတယ်။ ဒီအရောင်ကို ဘယ်လို နေရာမှာမဆို တခြားအရောင်များနှင့် ပေါင်းစပ်ပြီးပဲဖြစ်ဖြစ်၊ တစ်ရောင်ထဲပဲဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်နိုင်တယ်။
၅။ လိမ္မော်ရောင်
လိမ္မော်ရောင်က တောက်ပထင်ရှားပြီး ပေါ်လွင်စေမယ့် အရောင်ဖြစ်တယ်။ အမဲရောင်၊ အဖြူရောင်၊ ခရင်မ်ရောင်တို့နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်လိုက်ပါ။
၆။ ခရမ်းရောင် နှင့် မရမ်းရောင်
ခရမ်းရောင်ဟာ သင့်ဗီရိုထဲမှာ ရှိထားသင့်တဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ ခရမ်းရောင်နှင့် မရမ်းရောင်ကို နက်ပြာရောင် accessories တွေဖြစ်တဲ့ လက်ကိုင်အိတ်၊ လည်စည်းပုဝါ၊ ဦးထုပ်တို့နှင့် တွဲဖက်ပေါင်းစပ်သင့်ပါတယ်။
၇။ အပြာရောင်
တော်ဝင်ရောင်လို့ တင်စားခေါ်ဝေါတဲ့ အပြာရောင်ဟာ အလွန်ရေပန်းစားတဲ့ အရောင်ဖြစ်ပါတယ်။ အပြာရောင်ဟာ သင့်ကိုပေါ်လွင်ပြီး အသားဆောင်စေတဲ့ အရောင်ဖြစ်တယ်။ ဒီအရောင်ဟာလည်း သင့်ဗီရိုထဲမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။
အခုပြောပြပေးခဲ့တဲ့ အရောင်တွေဟာ မရှိမဖြစ် ဆောင်ထားသင့်ပြီး သင့်ကို စတိုင်ကျစေမှာ အမှန်ပဲနော်။
Author:TDA