What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးများအတွက် နာမည်ကြီး လက်ပတ်နာရီ ဒီဇိုင်းများ

လက်ပတ်နာရီဝယ်ရတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ နာရီအမျိုးအစားများစွာရှိပေမဲ့ ဖက်ရှင်ကျတဲ့၊ အရည်အသွေးကောင်းတဲ့ သင်နဲ့လိုက်ဖက်တဲ့နာရီကိုရှာရတာကစိန်ခေါ်မှုဖြစ်နေပါတယ်။

ဒါကြောင့်နာမည်ကြီးဒီဇိုင်းနာများရဲ့ဖက်ရှင်ကျသောနာရီများကိုစုစည်းတင်ပြပေးလိုက်ရပါတယ်။

Gucci

2
ဒီတံဆိပ်ကိုလူတိုင်းသိကြမယ်ထင်ပါတယ်။ ကုန်ပစ္စည်းအမျိုးမျိုးကိုလဲထုတ်လုပ်ပါတယ်။Gucciကထုတ်တဲ့ပစ္စည်းတိုင်းကအရည်အသွေးကောင်းပြီး လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ Gucci လက်ပတ်နာရီက ဒီဇိုင်းဆန်းပြီးပတ်တဲ့သူတိုင်းဖက်ရှင်ကျစေမှာဖြစ်ပါတယ်။

Chanel

3
Chanel ကအ၀တ်အစားမှaccessories ထိ အံ့သြလောက်တဲ့စတိုင်နဲ့ အရည်အသွေးကောင်းတဲ့တံဆိပ်ဖြစ်ပါတယ်။ ဒါအပြင့် နာရီများကလဲလိုချင်အောင်ဆွဲဆောင်ပါတယ်။

Coach

4
အမေရိကန်ဖက်ရှင်တံဆိပ်ဖြစ်တဲ့ Coach က နောက်ဆုံးပေါ်နာရီဒီဇိုင်းများကိုဖန်တီးပါတယ်။ အခုခေတ်မီပြီးလူငယ်ဆန်တဲ့နာရီများကိုထုတ်လုပ်ထားပါတယ်။

Burberry

5
အခြားဒီဇိုင်းနာများရဲ့ နာရီများစွာရှိပေမဲ့လဲ Burberry တံဆိပ်က အကောင်းဆုံးထဲကတစ်ခုဖြစ်ပါတယ်။ အ၀တ်အစားများကိုထုတ်တဲ့အရည်အသွေးအတိုင်းထုတ်လုပ်ထားပြီး ဒီဇိုင်းဆန်ပါတယ်။

Christian Dior

6
သင်က လက်ပတ်နာရီကြိုက်တဲ့သူဆိုရင် Diorတံဆိပ်နာရီများကိုကျော်သွားလို့မရပါဘူး။ မိန်းကလေးများအတွက် ရွေးချယ်ထားတဲ့နာရီက ပြောစရာမရှိအောင်လှပတဲ့ဒီဇိုင်းဖြစ်ပါတယ်။

BOSS

7
Boss နာရီကိုသင့်လက်မှာပတ်မယ်ဆိုရင်သေသပ်လှပပြီးဖက်ရှင်ကျစေမှာဖြစ်ပါတယ်။ ဒီနာရီများကရုံးဝန်ထမ်းများနဲ့လဲလိုက်ဖက်ပါတယ်။

Guess

8
ဒီဇိုင်းလှတဲ့နာရီရှာရတာမလွယ်ကူပါဘူး။ ဒီ Guess တံဆိပ်နာရီများကိုနောက်ဆုံးပေါ်ဒီဇိုင်းနဲ့ထုတ်လုပ်ထားပါတယ်။

Calvin Klien

9
Calvin Klien က နာမည်ကြီးတံဆိပ်ဖြစ်ပြီး အဲတံဆိပ်ကထွက်ရှိတဲ့နာရီများကလူငယ်ကြိုက်ဒီဇိုင်းဆန်းများဖြစ်ပါတယ်။

Michael Kors

10
Michael Kors ကတော့ အ၀တ်အစား၊အိတ်များကိုမထုတ်လုပ်ပါဘူး။ Luxury လူသုံးဆောင်ပစ္စည်းများကိုအဓိကထားထုတ်ပါတယ်။ ဒီတံဆိပ်နာရီများက ခေတ်မီပြီးမိန်းကလေးဆန်တဲ့ဒီဇိုင်းများဖြစ်ပါတယ်။

 

Source:mingalarbar

Read 2539 times
Rate this item
(1 Vote)