What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Harry Potter ပရိတ်သတ်တွေ သဘောကျစေမယ့် Harry Potter ဝတ်စုံဒီဇိုင်းများ

Harry Potter Fan တွေ အကြိုက်တွေ့ပြီး၊ လုံးဝကိုသဘောကျသွားစေမယ့် Harry Potter outfits design (၅) စုံကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

ဒီဝတ်စုံ outfits design တွေကို ဘယ်မှာဝယ်လို့ရနိုင်မလဲဆိုတာနဲ့ ဈေးနှုန်းတွေကိုပါ ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီ outfits လေးထဲမှာတော့ အင်္ကျီလေးက ဆွဲဆောင်မှုအပြည့်ရှိနေပါတယ်။ ဒီလို design မျိုးကိုသာဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားမှာ အသေအချာပါပဲ...။

1
ဒီ Hogwarts အင်္ကျီလေးကို “Hot Topic” ကနေ ဒေါ်လာ (၁၇) နဲ့ မှာယူနိုင်ပါတယ်။ နောက်ထပ် Denim Mini Skirt လေးကိုတော့ ဒေါ်လာ (၃၀) နဲ့ “Pretty Little Thing” ကနေ မှာယူနိုင်ပါတယ်။ ဖိနပ်ကတော့ “Vans” က ဒေါ်လာ (၅၅) တန်ဖိုးရှိတဲ့ ဖိနပ်လေးပါ။

၂။ ဒုတိယတစ်စုံဖြစ်တဲ့ ဒီ outfit လေးထဲမှာတော့ ဦးထုပ်၊ skirt နဲ့ ဖိနပ်လေးက ဆွဲဆောင်နေပါတယ်။

2
Hogwarts ဦးထုပ်လေးကို ဒေါ်လာ (၁၂) နဲ့ “Hot Topic” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ Flannel လေးကတော့ အပြင်မှာလည်း အလွယ်တကူဝယ်လို့ရတာလေးပါ။ Denim Mini Skirt လေးကို ဒေါ်လာ (၆၉) နဲ့ “Urban Outfitters” ကနေ ဝယ်ယူနိုင်ပါတယ်။ Metallic Combat Boots ကိုတော့ “JustFab” ကနေ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

၃။ ဒီ outfit design လေးကတော့ အမိုက်စားပုံစံလေးပါ။ ဒီ outfit ထဲမှာတော့ ဘောင်းဘီလေးက ဆွဲဆောင်မှုတစ်ခုပါ။

3
အင်္ကျီကိုတော့ ဒေါ်လာ (၇၅) နဲ့ “Converse” ကနေ ဝယ်ယူနိုင်ပြီး၊ Hogwarts ဘောင်းဘီလေးကိုတော့ ဒေါ်လာ (၁၈) နဲ့ “Kohl’s” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ All Star ဖိနပ်လေးကို ဒေါ်လာ (၅၅) နဲ့ “Converse” ကနေ ဝယ်ယူလို့ရပါတယ်။ ချစ်စရာကောင်းတဲ့အိတ်လေးကိုတော့ ဒေါ်လာ (၄၉) နဲ့ “Urban Outfitters” ကနေ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအိတ်မျိုးကို အပြင်မှာလည်း ရှာဝယ်လို့ရပါတယ်။

၎။ ဒီ outfit ထဲမှာတော့ ဖိနပ်လေးက ထူးထူးခြားခြားနဲ့ ဆွဲဆောင်နေတာပါ။ ဒါလေးကလည်း girly type မကြိုက်တဲ့သူတွေ သဘောကျမယ့် ပုံစံလေးပါ။

4
ထူးခြားချက်အနေနဲ့ ကြယ်ပုံလေးတွေပါနေတဲ့ Denim Jacket လေးကို ဒေါ်လာ (၅၀) နဲ့ “Macy’s” ကနေ ဝယ်ယူနိုင်ပါတယ်။ Gryffindor Muscle Tee လေးကိုတော့ ဒေါ်လာ (၁၄) နဲ့ “Hot Topic” ကနေ ဝယ်ယူနိုင်ပြီး၊ ဘောင်းဘီကိုတော့ ဒေါ်လာ (၆၀) နဲ့ “American Eagle” ကနေ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ Furry Along Embroidered Mule Flats လို့ အမည်ရတဲ့ ဖိနပ်လေးကိုတော့ ဒေါ်လာ (၂၀) နဲ့ “GoJane” ကနေ ဝယ်ယူရရှိနိုင်ပါတယ်။

၅။ နောက်ဆုံးတစ်စုံဖြစ်တဲ့ ဒီ outfit လေးကတော့ လုံးဝကို အမိုက်စားလေးပါ။

5
ဒီ outfit ထဲမှာတော့ Hogwarts Graphic Bomber Jacket ကို ဒေါ်လာ (၄၀) နဲ့ “Kohl’s” ကနေ ဝယ်ယူနိုင်ပြီး၊ T-shirt လေးကိုတော့ ဒေါ်လာ (၂၀) နဲ့ “Macy’s” ကနေ ဝယ်ယူနိုင်ပါတယ်။ ဂျင်းဘောင်းဘီလေးကိုတော့ ဒေါ်လာ (၇၆) နဲ့ “Missguided” ကနေ ဝယ်ယူလို့ရပါတယ်။ Leather နဲ့ လုပ်ထားတဲ့ White Leatherette Side Buckle Booties လေးကို ဒေါ်လာ (၄၈) နဲ့ “Love Culture” ကနေ ဝယ်ယူလို့ရပါတယ်။ ချစ်စရာကောင်းတဲ့အိတ်လေးကိုတော့ “JCPenney” ကနေ ဒေါ်လာ (၂၄) နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

 

Source:we media

Read 1205 times
Rate this item
(3 votes)