What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အတွက် ထသွားထလာဖက်ရှင်

အခုခတ်မှာ ဖက်ရှင်က နံပါတ် ၁ ပါ။ လတ်တလော ရေပန်းစားနေတဲ့ ဖက်ရှင်လေးတွေကိုကြည့်ပြီး စမ်းဝတ်ကြည့်သင့်တယ်နော်။

ပေါ့ပေါ့ပါးပါးရှိပြီး ထသွားထလာ ဝတ်ဆင်နိုင်တဲ့ အင်္ကျီတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

Oversize shirt

2
ခပ်ပွပွတွေဟာလှချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့အဝတ်ဗီရိုထဲမှာအမြဲရှိသင့်တဲ့ဝတ်စုံမျိုးဖြစ်ပါတယ်။ စကပ်အတိုနဲ့ဖြစ်ဖြစ် အရှည်နဲ့ဖြစ်ဖြစ် လိုက်ဖက်ပြီး သင့်ရဲ့စတိုင်ကို နှစ်လိုဖွယ်ကောင်းစေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆိုဒ်လွန်တဲ့ အဝတ်တွေဟာ သက်သောင်သက်သာရှိစေပါတယ်။ ကိုယ့် body နဲ့ကွက်တိကျဖြစ်မနေပေမယ့် အဲ့ဒီခပ်ပွပွ ဒီဇိုင်းလေးကပဲသင့်ကို လန်းသွားစေတာပါ။ သေချာတဲ့အကြံပေးချက်ကတော့ အလျားကြီးပြီး ရှည်တဲ့ ရှပ်တွေကို ပိုရွေးချယ်သင့်ပါတယ်။ အာရှနိုင်ငံတွေထဲ နာမည်ကျော် စူပါစတားတွေကိုကြည့်ရင်လဲ အားလပ်ရပ်တွေမှာ oversize shirt လေးတွေနဲ့ သွားလာနေကြတာကို မြင်တွေ့ရမှာပါ။

၂ - ဂျင်းအတို

4
နွေရာသီ အကြောင်းတွေလိုက်ပြီ အလိုလိုရင်ခုန်ရတဲ့အထဲမှာ ဂျင်းဘောင်ဘီအတိုလေးတွေ ဝတ်ရတော့မှာလို့တွေးလိုက်လို့လဲပါပါတယ်။ ဂျင်းအတိုလေးဟာ မိန်းကလေးတိုင်းရဲ့ fav choice ပါ။ ဂျင်းအတိုဟာ သေးသွယ်ပြီးခြေတံရှည်တဲ့သူတွေအတွက်ပဲ ရည်ရွယ်တယ်လို့မဆိုနိုင်ပါဘူး။ တချို့ခပ်ဝဝမိန်းကလေးတွေလဲ ဂျင်းအတိုလေး တွေ ရှပ်အပွလေးတွေနဲ့လန်းနိုင်ကြလို့ပါ။

၃ - shoulder off

7
ငယ်ရွယ်နုပျိုနဲ့မိန်းကလေးဆန်မူကို ကြွားချင်တဲ့သူတိုင်း ဝတ်သင့်တဲ့ စတိုင်လေးဖြစ်ပါတယ်။

၎ - အဖြူရောင် ရှပ်နဲ့စကပ်

6
အဖြူရောင် ရှပ်ကို စကပ်ထဲထည့်ဝတ်သည်ဖြစ်စေ၊ အပြင်မှာထုတ်ပြီး စကပ်တိုတာနဲ့တွဲဝတ်သည်ဖြစ်စေ အရမ်းကြည့်ကောင်းတယ်လို့မြင်မိပါတယ်။

 

Source:mingalarbar

Read 1302 times
Rate this item
(1 Vote)