What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ညိုချောလေးတွေ အဝတ်အစားဝတ်တဲ့အခါ ရွေးချယ်သင့်တဲ့အရောင်တွေ

အသားညိုတဲ့သူတွေက သူများတွေထက်ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့် တချို့တွေက အသားညိုလို့ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေတာတွေရှိပါတယ်။

တကယ်တော့ အသားဖြူတာလည်း လှသလို၊ အသားညိုတာလေးကလည်း ဆွဲဆောင်မှုရှိပြီး လှနေစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က အဓိကပါပဲ။ ဒါကြောင့် အသားညိုတဲ့သူတွေအနေနဲ့ အဝတ်အစားဝတ်တဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်မှုရှိစေမယ့် အရောင်လေးတွေကို ရွေးချယ်တတ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ခရင်မ်အရောင်

1
အဖြူရောင်ထက်စာရင် ခရင်မ်အရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ ပိုလိုက်ဖက်မှုရှိစေပါတယ်။ ခရင်မ်အရောင်က အသားညိုတဲ့သူတွေဝတ်ရင် ဆွဲဆောင်မှုရှိစေပါတယ်။

အဝါနုရောင်

2
အဝါရောင်ထဲမှာမှ အဝါနုရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ သူကဝတ်လိုက်တာနဲ့ အသားကိုလင်းသွားစေလို့ အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်တာပါ။

အပြာရောင်

3
အသားညိုတဲ့သူတွေက ယောကျာ်းဘဲဖြစ်ဖြစ်၊ မိန်းကလေးဘဲဖြစ်ဖြစ် အပြာရောင်နဲ့ လိုက်ဖက်ပါတယ်။ အပြာရောင်က ဝတ်လိုက်တာနဲ့အသားကို လင်းသွားစေပါတယ်။ အသားညိုရင် အပြာနဲ့မလိုက်ဘူးဆိုတာကတော့ လွဲမှားတဲ့အယူအဆပါ။

အနီရောင်

4
အသားညိုတဲ့သူတွေဆိုရင် အနီရောင်လေးနဲ့လည်း လိုက်ဖက်ပါတယ်။ အနီရောင်လေးက ဝတ်လိုက်တာနဲ့ တောက်ပြီး လင်းသွားစေတဲ့အတွက် အသားညိုတဲ့သူတွေအလိုက်ဖက်ဆုံးပါပဲ။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်လေးဆိုရင် မမှားပါဘူး။

ပန်းခရမ်းရောင်

3
အသားညိုတဲ့မိန်းကလေးတွေဆိုရင် ပန်းခရမ်းရောင်လေးကိုလည်း ဝတ်ဆင့်သင့်ပါတယ်။ ဒီအရောင်လေးက ဆွဲဆောင်မှုရှိစေပါတယ်။

ခဲရောင်

4
ခဲရောင်လေးကလည်း အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ခဲရောင်ကျတော့ ခဲအဖျော့ထက် ခဲအရင့်နဲ့ဆို ပိုလိုက်ဖက်မှုရှိပါတယ်။

စစ်စိမ်းရောင်

5
အသားညိုတဲ့သူတွေက စစ်စိမ်းရောင်နဲ့လည်း လိုက်ဖက်ပါတယ်။ ဒီအရောင်လေးက ယောကျာ်းလေးဘဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိစေပါတယ်။

 

Source:my style

Read 7862 times
Rate this item
(1 Vote)