ဂါဝန်ဖားဖားကြီးတွေဆိုတာ မိန်းကလေးတိုင်း တစ်ကြိမ်လောက်တော့ ဝတ်ဖူးချင်ကြတဲ့ စိတ်ကူးဝတ်စုံတွေပါ။
မွေးနေ့ပွဲမှာဖြစ်ဖြစ် မင်္ဂလာဆောင်ရင်ဖြစ်ဖြစ် ဂါဝန်ကြီးဝတ်ပြီး လူကြားထဲမှာ လှနေချင်ကြသူပါ။ လှပတဲ့ ဂါဝန်ဖားဖားကြီးတစ်ထည်ကို သစ်ရွက်အစစ်တွေနဲ့ လုပ်ထားတာဆိုရင်ရော ဝတ်ကြည့်ချင်လား။
တရုတ်နိုင်ငံတောင်ပိုင်း ၊ ဂွမ်ဒေါင်းပြည်နယ်မှာ သစ်ရွက်အစစ်ပေါင်း ၅၈၈၈ ရွက်နဲ့ ပြုလုပ်ထားတဲ့ ဂါဝန်တစ်ထည်ကို Qingyuan မြို့က Shampoola Forest Resort မှာ ပြုလုပ်တဲ့ Red Leaves Festival မှာ မော်ဒယ်တစ်ဦးက ဝတ်ဆင် ပြသခဲ့တာပါ။ ဒီဝတ်စုံကို လက်နဲ့ပဲ ပြုလုပ်ဖန်တီးထားကာ အရှည်က ၂ မီတာတောင် ရှိပါတယ်။
ဝတ်စုံကို လူ ၄ ဦးက တစ်ပတ်အတွင်း အပြီး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကော်ဇောနီထက်မှာ သစ်ရွက်အနီတွေနဲ့ ပြုလုပ်ထားတဲ့ ဂါဝန်ကြီးဟာ လူတွေသဘောကျစရာ ဖြစ်ခဲ့ပါတယ်။ ဝတ်ထားတဲ့ မော်ဒယ်နဲ့အတူ အမှတ်တရ ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။
ဒီဝတ်စုံ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးရေး လှုံ့ဆော်လိုတဲ့အနေနဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ သစ်ရွက်ခြောက်တွေကို အထပ်ထပ်ဖြစ်အောင်စီပြီး ချုပ်ထားတာကတော့ အတော်လှပါပေတယ်
Source:mingalarbar