ဖက်ရှင်ဟာ တစ်သမတ်ထဲမရှိပါဘူး။ ဖက်ရှင်ရေစီးကြောင်းပေါ်လိုက်ပြီး ခေတ်အလိုက် ပြောင်းလဲလာကြပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဝတ်ဆင်ခဲ့ကြတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာဆိုရင် ဒီဘက်ခေတ်မှာ တစ်ကျော့ပြန်ရေပန်းစားလာကြတယ်။ အခု သင်တို့ဝတ်ဆင်လျက်ရှိတဲ့ ဖက်ရှင်အသုံးဆောင် ပစ္စည်းတွေကို ရှေးခေတ်အခါက ဘယ်သူတွေ တီထွင်ခဲ့လဲ ဆိုတာကို ပြောပြပေးပါမယ်။
၁။ ဂျင်း
၁၇ရာစုမှာ အီတလီနိုင်ငံရဲ့ ဂျီနိုအာမြို့ကနေ အထည်အလိပ်တွေကို တင်ပို့ခဲ့တယ်။ 1873 ခုနှစ်မှာတော့ စီးပွားရေးလုပ်ငန်းရှင် Levi Strauss က နာမည်ကြီး ဂျင်းဘောင်းဘီအပြာကို ဖန်တီးပြီး မူပိုင်ခွင့်ရရှိခဲ့တယ်။ အဲ့ဒီအချိန်မှာ အမျိုးသားများ ဝတ်ဆင်ဖို့အတွက် ဒီဇိုင်းရေးဆွဲခဲ့ပြီး ဓါးတွေ အကြွေစေ့တွေထည့်ဖို့ အိတ်ကပ်များကိုလည်းဖန်တီးခဲ့တယ်။ အဲ့ဒီကနေစပြီးတော့ ဂျင်းဟာ ကမ္ဘာတစ်ဝှမ်းက ကြိုက်နှစ်သက်ဆုံး အဝတ်အထည်ဖြစ်လာခဲ့တယ်။ Strauss ကုမ္ပဏီမှ ထုတ်လုပ်တဲ့ နာမည်ကြီး Levi's အမှတ်တံဆိပ်ဟာ ယနေ့တိုင်လည်ပတ်လျက်ရှိနေပါတယ်။
၂။ ဒေါက်ဖိနပ်
၁၇ရာစုမှာ ဒေါက်မြင့်ဖိနပ်ကို အမျိုးသားတွေအနေနဲ့ ဝတ်ဆင်ဖို့ စိတ်ကူးဟာ မဖြစ်နိုင်လှပါဘူး။ ဥရောပအလယ်ခေတ်မှာတော့ သစ်သားခုံဖိနပ်တွေကို လူကြိုက်များခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖိနပ်ဟာ ဖုန်တွေပေခြင်းမှ ကင်းဝေးနိုင်တာကြောင့်ဖြစ်တယ်။ ၁၆ရာစုနှစ်မှာတော့ ဒေါက်ပါတဲ့ ဘွတ်ဖိနပ်တွေဟာ မြင်းစီးသမားများအတွက် ဝတ်ဆင်ရန်အဆင်ပြေခဲ့တယ်။ ဒေါက်မြင့်ဖိနပ်တွေဟာ ၂ဝရာစုနှစ်မှာ ပိုမို ပေါ်ပေါက်လာခဲ့ပြီး အခုထိတိုင် အမျိုးသမီးတွေရဲ့ ဗီရိုထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်တယ်။
၃။ ရေကူးဝတ်စုံ
1946 ပဲရစ်မှာ ဒီဇိုင်နာ Louis Reard ဖန်တီးခဲ့တဲ့ အဝတ်အပိုင်းစ ၂ခုတာပါဝင်တဲ့ ရေကူးဝတ်စုံကို မော်ဒယ်က ဖက်ရှင်လမ်းမထက်မှာ လျှောက်လှမ်းခဲ့တယ်။ ပွဲဦးထွက်မှာဘဲ သူမရဲ့ မပေါ့်တပေါ် ဝတ်ဆင်ထားတဲ့ ရေကူးဝတ်စုံနဲ့ ပတ်သက်ပြီး အကြီးအကျယ် အငြင်းပွားခဲ့ကြတယ်။ နှစ်အနည်းငယ်လောက်အကြာမှာ ဒီအငြင်းပွားမှုကြီးက ရပ်တန့်ခဲ့ပြီး အနုပညာရှင်တွေဖြစ်တဲ့ Brigitte Bardot နှင့် Marilyn Monroe တို့ရဲ့အဝတ်ဗီရိုထဲမှာ ရေကူးဝတ်စုံဟာ နေရာတစ်နေရာအဖြစ် ရှိနေခဲ့ပါတယ်။
၎။ နိုင်လွန် Stocking
၂ဝရာစုနှစ်မတိုင်ခင်က stockig ဟာ အများအပြား ရွေးချယ်စရာ သိပ်မရှိခဲ့ဘူး။ သိုးမွှေးနဲ့ပြုလုပ်ထားတဲ့ stocking ဆို ယားယံပြီး ပိုးသားနဲ့ပြုလုပ်ထားတဲ့ stocking ဆို ကြာရှည်မခံဖြစ်လာခဲ့တယ်။ 1935မှာ အမေရိကန် ဓာတုဗေဒပညာရှင် DuPont ဟာ Stocking ကိုတင်စားတဲ့အနေနဲ့ သံမဏိလိုမျိုး ခိုင်ခံ့ပြီး ပင့်ကူအိမ်ကဲ့သို့ ပါးလွှာတဲ့ နိုင်လွန်နဲ့ ပြုလုပ်ထားတဲ့ stocking နဲ့မိတ်ဆက်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း နိုင်လွန် stocking တွေဟာ ကြာရှည်စွာ ဝတ်ဆင်နိုင်ပြီး ဈေးသိပ်မကြီးတာကြောင့် အရောင်းရဆုံး ဖြစ်လာခဲ့တယ်။ မကြာမီမှာဘဲ နိုင်လွန် Stocking တွေဟာ အမျိုးသမီးတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ နေရာယူလျက်ရှိနေပါတယ်။
၅။ Leather Jacket
USA မှာ ပထမကမ္ဘာစစ်ကာလအတွင်း လေယာဉ်မှူးများအတွက် bomber jacket တွေကို တီထွင်ခဲ့တယ်။ ဒီ jacket တွေဟာ သက်တောင့်သက်သာရှိပြီး ရာသီဥတုအေးတဲ့ ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ 1928မှာ Schott ကုမ္ပဏီမှ ဇစ်ပါတဲ့ လည်သာဂျက်ကပ် တွေကို ထုတ်လုပ်ခဲ့တယ်။ မကြာခင်မှာဘဲ biker Jacket ဆိုပြီး လူသိများလာတယ်။ ကမ္ဘာကျော် အနုပညာရှင် Elvis Presley နှင့် Marlon Brando တို့ဝတ်ဆင်ခဲ့တာကြောင့် Leather Jacket ဟာပိုပြီး ခေတ်စားလာခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး Leather Jacket ဟာ လွတ်လပ်ပြီး စတိုင်ကျစေတဲ့ အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
၆။ မီနီစကပ်
ဒီဇိုင်နာနှင့် မော်ဒယ်ဖြစ်သူ Mary Quant ရဲ့လန်ဒန် မှာရှိတဲ့ အလွန်ခေတ်မှီတဲ့ ဆိုင်သေးလေးတစ်ဆိုင်ရှိတယ်။ ဒီနေရာဟာ လူငယ်တွေလာဖို့အတွက်ဖြစ်ပြီး အသစ်သစ်သော ဖက်ရှင်အပိုင်းစတွေကို ထုတ်ဖော်ပြသဖို့ ဖြစ်တယ်။ ၅ဝရာစုနှစ်နှောင်းပိုင်းမှာ မီနီစကပ်တွေဟာ အရောင်းရဆုံးဖြစ်ပင်မဲ့ တချို့လူတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျက်ထွက်ခဲ့ကြတယ်။ အဲ့လို ဆန့်ကျင်ပြီးတဲ့နောက် မီနီစကပ်တွေဟာ အမျိုးသမီး တစ်ဦးချင်းဆီအတွက် လိုအပ်တဲ့အရာဟု မှတ်ယူလာခဲ့ကြတယ်။ အနုပညာရှင် Jacqueline Kenned ကဝတ်ဆင်ခဲ့ပြီး ဘုရင်မကြီး အဲလိဇဘက်က ဗြိတိသျှအင်ပါယာ အမိန့်နှင့်အတူ Marry Quant ကို ဂုဏ်ပြုတဲ့အနေဖြင့် ဆုတံဆိပ် ချီးမြှင့်ခဲ့တယ်။
၇။ ဘရာ
ဘရာကို အကြိမ်ပေါင်းများစွာ တီထွင်ခဲ့ပြီး အချိန်တိုင်းမှာ ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ်။ ရှေးခေတ်အခါက အမျိုးသမီးတွေဟာ ရင်သားကို ဖုံးအုပ်ဖို့အတွက် ပတ်တီးကို အသုံးပြုခဲ့ပြီး အတွင်းခံဘောင်းဘီကိုလည်း အဲ့ဒီအတိုင်းအသုံးပြုခဲ့ကြတယ်။ ၂ဝရာစုအစောပိုင်းမှာ ဝတ်ဆင်သော ဘရာတွေဟာ ကျွန်မတို့သိတဲ့ ပုံစံနဲ့မတူပါဘူး။ Caresse Crosby brand ဖြင့် ပထမဆုံးထုတ်လုပ်ခဲ့တယ်။ ပထမမှာတော့ အများကြီးပြောင်းလဲသွားတာသိပ်မရှိဘူး။ ဒါပင်မဲ့ အချိန်နှင့်အတူ ဘရာကို လူကြိုက်များလာကြပြီး အမျိုးမျိုးသော Brand တွေကို ထုတ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးများအတွက် လှပဖို့နှင့် အသုံးဝင်စေဖို့ နှစ်ခုလုံးကို ကြိုးစားပြီး ပိုပြီးအရည်အသွေး ကောင်းမွန်ရန်အတွက် ထုတ်လုပ်ရန်စတင်ခဲ့ပါတယ်။
၈။ မိုးကာကုတ်
ဒီနေ့ခေတ်မှာတော့ ဒါဟာရိုးရှင်းပြီး စတိုင်ကျတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ များစွာသော brand ပေါင်းများစွာတွေရှိတယ်။ သို့သော်လည်း ဒါကိုတီထွင်ဖို့အတွက် ကြီးမားတဲ့ ပြဿများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဓာတုဗေဒပညာရှင် Charles Mackintosh ဟာ သူရဲ့ရာဘာနဲ့ပြုလုပ်ထားတဲ့ ဝတ်စုံပေါ်မှာ ရေစက်တွေကျတာကြောင့် ဒီပြဿနာကို ဖြေရှင်းပြီး ချည်မျှင်ထည်ဟာ ရေစိုခံကြောင်း သတိပြုလာခဲ့တယ်။ သူဟာကုမ္ပဏီမှာ ရေစိုခံအင်္ကျီကို အထူးထုတ်လုပ်ခဲ့တယ်။ ဒါပင်မဲ့ ပထမဦးဆုံးမှာတော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ရာဘာအနံ့ရယ် အပူထဲမှာ အရည်ပျော်သွားမှု နှင့် အေးတဲ့အခါတွေမှာ အက်ကွဲသွားတာကြောင့်ဖြစ်တယ်။ အချိန်နှင့်အတူ ချည်ထည် အရည်အသွေးတွေက တိုးတက်လာခဲ့တယ်။ အသုံးဝင်ပြီး စတိုင်ကျတဲ့ ကုတ်အင်္ကျီတွေဟာ ကျွန်မတို့ရဲ့ဗီရိုထဲမှာ မှန်ကန်တဲ့ အရာဖြင့် ရှိနေပါတော့တယ်။
Author:TDA