ဂျင်းဘောင်းဘီရှည်တွေကို အဆန်းထွင်ပြီး ဒီဇိုင်းထုတ်လာကြတာမှာ အလွန်အကျွံတွေ ဖြစ်လာလို့ ဆိုရှယ်မီဒီယာမှာ ဘယ်လို နားလည်ပေးရမှာလဲလို့ အပြင်းအထန် ဝေဖန်တာတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ရောင်အားကတော့ ကောင်းခဲ့ကြပါတယ်။
ဗြိတိသျှ ဒီဇိုင်နာ Natasha Zinko က ဂျင်းကို နှစ်ဆင့်ချိုင့်လို ထပ်ထားတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်လိုက်တယ်။ ခါးနေရာ နှစ်ခါပါတယ်။ ရောင်းဈေးက ကန်ဒေါ်လာ ၆၉၅ ဖြစ်ပါတယ်။ ဈေးမသေးပေမဲ့ လူကြိုက်များလို့ တအားရောင်းရတယ်။
ဒီဇိုင်နာ Thibaut က တိုကျိုမှာ ကျင်းပတဲ့ Amazon Fashion Week မှာ ဘုရားစူးလို့ ကျိန်ပြောရမယ့် ဂျင်းဘောင်းဘီရှည်ကို ပွဲထုတ်ခဲ့တယ်။
Carmar Denim ကလည်း အလားတူ ဂျင်းမျိုးကို ထုတ်လုပ်ရောင်းချတယ်။ ဘောင်းဘီတစ်ထည်လုံးမှာ ဂျင်းအထည်သားရဲ့ အလေးချိန်က ၂၀ ဂရမ်ပဲ ရှိတယ်လို့် ဆိုရှယ်မီဒီယာမှာ ဝေဖန်ထားတယ်။ ဈေးနှုန်းက ကန်ဒေါ်လာ ၁၆၈ ဖြစ်ပါတယ်။ ပစ္စည်းပြတ်သွားတဲ့အထိ ရောင်းအားကောင်းလို့ ကြိုတင်အမှာစာ ပေးပြီး စောင့်ကြရတယ်။
ဗြိတိန်မှ ဖက်ရှင်တိုက် ASOS က ကန်ဒေါ်လာ ၁၀၀ တန် ဂျင်းဘောင်းဘီအဆန်းကြီးကို ထုတ်လုပ်ရောင်းချတယ်။
အလယ်တစ်နေရာမှာ နှစ်ပိုင်း ပြတ်နေပြီး ကွင်းဆက်ကြိုးနဲ့ ချိတ်ဆက်ပေးထားတယ်။ လူကြိုက်များပြီး ပစ္စည်းပြတ်တဲ့အထိ ရောင်းရတယ်။
Fashion Nova က ကြိုးသီဂျင်းကို ကန်ဒေါ်လာ ၅၀ နဲ့ ရောင်းတယ်။ နေပူထဲ နာရီကြာကြာ ၀တ်ပြီးရင် ခြေထောက်တွေမှာ ကြိုးရာတွေ ထင်ကျန်ရစ်နိုင်တယ်။
ဂျင်းဘောင်ဘီ ဇောက်ထိုး ဒီဇိုင်းဆန်း