ဒီ ၂၀၁၈ ထဲမှာ ကျွန်မတို့အနေနဲ့ တစ်ကျော့ပြန်ဖက်ရှင်တွေ၊Accessories တွေနဲ့အတူ အစစအရာရာဟာ 90s၊80s ဘက်ကို ပြန်လည်ဦးတည်နေတယ်ဆိုတာ ခံစားမိမှာပါ။Choker တွေ၊Baby Teeတွေနဲ့ Snap Clip တွေကို ကောင်မလေးတိုင်းရဲ့ ပြင်ဆင်မှုတွေမှာ တွေ့ရမှာဖြစ်သလို Runway မှာလည်း မြင်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ချစ်စရာကောင်းတဲ့ Jelly ဖိနပ်လေးတွေ ကျန်နေပါသေးတယ်။Jelly Shoe တွေဟာ 80s ၊90s ရဲ့ ဖက်ရှင် အပိုင်းအစတွေထဲက တစ်ခုဖြစ်ပြီးတော့ ခုချိန်ထိ လူတွေရွေးချယ်ချင်ကြတဲ့ ဖိနပ်မျိုးပါ။Jelly ဖိနပ်တစ်ရံလောက် ကလေးဘ၀မှာ ကျွန်မတို့ပိုင်ဆိုင်ခဲ့ဖူးကြသလို ခုချိန်ထိလည်းJelly ဖိနပ်တွေကို ငြင်းဆန်နိုင်လိမ့်မယ် မထင်ပါဘူး။
Jellies လို့ ခေါ်တဲ့ Jelly ဖိနပ်တွေဟာဆိုရင် PVC Plastic အမျိုးအစားတစ်မျိုးဖြစ်တဲ့ Jelly Rubber ကနေ ဖန်တီးထားပြီးတော့ Jelly နဲ့ လုံးဝ ပုံစံတူမျိုး ပျော့ပျော့အိအိကြီးတော့ မဟုတ်ပါဘူး။ ကွေးရခေါက်ရလွယ်တဲ့ အနေအထားမှာရှိပြီးတော့ ပြောင်ပြောင်လေးဖြစ်နေတဲ့ ဖိနပ်လေးတွေပါ။
ဒီနေ့ခေတ်မှာတော့ Jellies တွေကပိုပြီး ခေတ်ဆန်တဲ့ အသွင်နဲ့ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီးတော့ Mules တွေ၊Flatform တွေနဲ့ slide တွေ၊ှShoe တွေ စသည်ဖြင့် ပုံစံအမျိုးမျိုးကိုမှ အရောင်သွေးသွေးစုံစုံနဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Luxury Label တွေဖြစ်တဲ့ valentino၊Simone Rocha ၊ Fenty X Puma စတဲ့ Brand တွေကပါ Jellies တွေဘက်အာရုံရောက်လာပြီး ထုတ်ခဲ့ပါသေးတယ်။
-ပုံမှန်အားဖြင့်တော့ Jellies တွေဟာ ပါးပြီး တပြေးတည်း အထူလေးတွေ၊နောက်က ဒေါက်မနိမ့်မမြင့်လေးတွေ၊ရှုးလိုပုံစံလေး အများဆုံးတွေ့ရတတ်ပါတယ်။အရောင်တွေအနေနဲ့ကတော့ အခြေခံကျတဲ့ အဖြူ၊အနက်ကစလို့ အရောင်ဖျော့ Pastel လေးတွေ၊Neon ရောင်လေးတွေနဲ့ အထဲမှာ အလက်လက် Glitter ပါတာမျိုးတွေလည်း ရှိပါတယ်။
-Jelly Shoe တွေရဲ့နံပါတ်တစ် အားသာချက်က Waterproof ဖြစ်တဲ့အချက်ပါ။ရေမစိုတဲ့အတွက် မိုးရာသီမှာ ခြေထောက်စိုရတာမကြိုက်တဲ့သူတွေအတွက် နံပါတ်တစ်ဦးစားပေး ရွေးသင့်ပါတယ်။
-Jellies တွေက ရေစိုခံလို့ မိုးတွင်းအတွက်ပဲလားဆိုတော့ မဟုတ်ပါဘူး။နွေရာသီအတွက် Jellies အပါးလေးတွေက အဆင်ပြေသလို ဆောင်းရာသီမှာ Heel ပါတဲ့ Jellies လေးတွေကို ခြေအိတ်လှလှလေးတွေနဲ့ နွေးအောင် တွဲဝတ်လိုက်လို့ရပါတယ်။တစ်ရံရှိထားရုံနဲ့ ရာသီမရွေး ၀တ်လို့ရတော့ ဘယ်လောက်အဆင်ပြေလိုက်လဲ။
-သင့်ရဲ့ နေ့စဉ်ဖက်ရှင်မှာလည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။အထူးသဖြင့် ကြိုးသိုင်း StrapPy Jellies လေးတွေ၊Jelly Shoe လေးတွေက ထသွားထလာ နေ့စဉ်ဖက်ရှင်နဲ့ ၀တ်ဆင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
-ရံဖန်ရံခါ သင့်ရဲ့ ခြေထောက်က လှပတဲ့ Manicure တွေကို ပြသဖို့ အကြည်ရောင် Jellies လေးတွေကိုရွေးသင့်ပါတယ်။ဒီလို ရွေးလိုက်တဲ့အခါ ခြေအိတ်နဲ့ ၀တ်နေကျမဟုတ်ဘဲ အမြင်ဆန်းသွားသလို သင့်ခြေသည်းလှလှလေးတွေကိုလည်း မြင်နိုင်မှာအသေအချာပဲပေါ့။
-Colorblock လုပ်ဝတ်ပါ။သင်အနေနဲ့ Jellies တွေရဲ့ ပေါ်လွင်မှုကို လူတွေပိုမြင်စေချင်တယ်ဆိုရင် အိတ် သို့မဟုတ် ခြေအိတ်၊သင့်ဝတ်တဲ့ဝတ်စုံ စတာတွေနဲ့ ဖိနပ်ရဲ့ အရောင်ကို ရောစပ်ပြီး ColorBlock လုပ်ကြည့်သင့်ပါတယ်။
-Jellies တွေဟာ 100% Recyble ၊Animal Cruelty Free ဖြစ်တဲ့အဖြစ် Modern Look ရော Vintage Taste ရော ပေးနိုင်တဲ့ ဖိနပ်တွေဖြစ်လို့ သင့်အနေနဲ့ သက်တောင့်သက်သာ ၀တ်ဆင်ရမှာဖြစ်ပါတယ်။
Source:moda