ပါတီပွဲ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ night out သွားဖို့အတွက် ဘယ်လိုဝတ်စုံမျိုးကို ရွေးချယ်ရမလဲလို့ သင်စဉ်းစားရခက်နေလား? ဒါဆိုရင်တော့ jumpsuit လေးက သင့်ကို အလှပဆုံး ဖန်တီးပေးမယ့် dress ပါပဲ။
jumpsuit dress က စတိုင်ကျပြီး ဝတ်လိုက်ရင်လည်း သက်တောင့်သက်သာရှိပါတယ်။ အမျိုးသမီးအားလုံလည်း jumpsuit dress လှလှလေးတွေကို ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
1.Black Heather Jumpsuit

အနက်ရောင် jumpsuit က သင့်ခန္ဓာကိုယ်အချိုးအစား လှပအောင် ပေးစွမ်းနိုင်မှာပါ။ ပုံမှန်အားဖြင့် လည်ပင်းဒီဇိုင်းက ဗွီပုံစံ နှင့် ဗွီပုံစံကိုမှ အောက်နားကို ပြေပြေလေးဆင်းသွားတဲ့ ဒီဇိုင်းဖြစ်တာကြောင့် သင်ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ သင်ပခုံးက ကျယ်ပြန့်ရင်တော့ ဒီ jumpsuit ကသင့်ပခုံးကို ဖုံးကွယ်ပေးနိုင်ပြီး တော့ ခြေချောင်းသွယ်သွယ်လေးပိုင်ဆိုင်ထားတဲ့သူ ဆိုရင်တော့့ သင့်ခြေတံလေးတွေကို ဖော်ထုတ်နိုင်ပြီပေါ့။ pencil heel ၊accessories တွေနဲ့ ဝတ်ဆင်လိုက်ရင် ပြီးပြည့်စုံတဲ့ outfit တစ်ခုရပြီပေါနော်။
2.Blue Cold Shoulder Baggy Jumpsuit

ချည်သားအပျော့လေးနဲ့ ပြုလုပ်ထားတာကြောင့် သက်တောင့်သက်သာရှိပြီး ဝတ်ရတာလည်းအဆင်ပြေစေပါတယ်။ ခြေတံတိုတဲ့သူဆိုရင် ဒီ baggy jumpsuit ကသင့်ခြေတံတွေကို ရှည်သဖွယ် ထင်ရလောက်အောင်ဖြစ်စေမှာပါ။ ရှုးဖိနပ် ဒါမှမဟုတ် ဖိနပ်ပါးလေးတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ သင့်ကိုကြည့်ကောင်းစေပြီးတော့ ချစ်စရာကောင်းနေပါလိမ့်မယ်။
3.Printed Baggy Rayon Jumpsuit

Bohemian ဒီဇိုင်း jumpsuit က ရိုးရှင်းပြီး ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိစေပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့ အခါ လွတ်လွတ်လပ်လပ် ရှိစေတဲ့ ဒီ jumpsuit ကိုသာရွေးချယ်လိုက်ပါ။ ဘယ်လိုခန္ဓာကိုယ် အရွယ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။ ချည်သား အလွှာအထပ်တွေနဲ့ ပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်သေးသွယ်တဲ့သူတွေအတွက် ပိုပိန်သယောင် ထင်ရတာမို့ မရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
4.Black Solid Wide Legged Jumpsuit

wide legged jumpsuit က accessories ဝတ်စရာမလိုပါပဲ လည်ပင်းဒီဇိုင်းဆန်းတဲ့ jumpsuit လေးပါ။ dinner ပွဲတွေသွားတဲ့အခါမှာ ဝတ်ဆင်နိုင်ပြီးတော့ စတိုင်ကျနေမှာဖြစ်ပါတယ်။
5.Floral Rompe

အပြင်သွားဖို့ ဘာဝတ်ရမလဲစဉ်းစားနေရင်တော့ floral romper လေးသာ ရွေးချယ်လိုက်ပါ။ ပေါ့ပေါ့ပါးပါးရှိပြီးတော့ စတိုင်လည်းကျစေပါတယ်။
6.One-Sided Shoulder Jumpsuit

jumpsuit ကိုမှ ဒီဇိုင်းဆန်းဆန်းဝတ်ချင်ရင်တော့ One-Sided Shoulder Jumpsuit က ထူးခြားလှပပြီးတော့ ဆွဲဆောင်မှုရှိစေမှာ ဖြစ်ပါတယ်။ ပါတီပွဲ သွားတဲ့အခါ အမိုက်စား heel လေးနဲ့သာ ဝတ်လိုက်ရင် စတိုင်ကျနေမှာပါနော်။
7.Blue Off-shoulder Jumpsuit

off-shoulder jumpsuit က သင့်ကိုမော်ဒယ်လေးကဲ့သို့ စမတ်ကျပြီး ဆွဲဆောင်မှုအပြည့်ပေးမယ့် jumpsuit လေးပါပဲ။ ပျိုမေတို့အနေနဲ့ off-shoulder jumpsuit တစ်ထည်လောက်တော့ ဆောင်ထားသင့်တယ်နော်။ အဖြူ ၊ အပြာ နဲ့ အနက်ရောင် တွေက ထင်ရှားပေါ်လွင်စေတာကြောင့် ကိုယ်နှစ်သက်တဲ့ အရောင်ကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။ သင့်ရဲ့ပုခုံးလှလှလေးတွေကို ပေါ်လွင်ချင်ရင်တော့ off-shoulder jumpsuit သာရွေးချယ်လိုက်ပါ။
8.Blue Strapless Jumpsuit

သင့်ကိုလှပကျော့ရှင်းအောင် ပေးစွမ်းမှာကတော့ strapless jumpsuit ပါပဲနော်။ ရွှေရောင် ဒါမှမဟုတ် ငွေရောင် လက်ဝတ်ရတနာ နှင့် cross body bag လေးကိုပါ ဝတ်ဆင်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ outfit တစ်ခု ဖြစ်သွားပြီပေါ့။
9.Printed Playsuit

အားလပ်ရက်မှာ ကမ်းခြေကိုခရီးထွက်တဲ့အခါ printed playsuit က အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ပေါ့ပေါ့ပါးပါး ရှိတာကြောင့် ဝတ်ရတာ အဆင်ပြေစေမှာပါနော်။
ခုပြောပြပေးလိုက်တဲ့ jumpsuit ဒီဇိုင်းပုံစံလေးတွေလဲ သိသွားပြီဆိုတော့ ပျိုမေတို့အတွက် စတိုင်ကျပြီး လန်းနိုင်ပြီပေါ့။
Author:TDA





