ဖက်ရှင်ကိုစိတ်ဝင်စားတဲ့မိန်းကလေးတွေမှာတော့ ဖက်ရှင်ဒီဇိုင်းမျိုးစုံက ရှိပြီးသားပါ။ တချို့မိန်းကလေးတွေကျတော့ ဖက်ရှင်ကိုလည်း သိပ်စိတ်မဝင်စားဘူး။
ဒါတွေအတွက်လည်း အချိန်သိပ်မပေးချင်ဘူး။ ပိုက်ဆံလည်းသိပ်မကုန်ချင်ကြဘူး။ ဒီလိုပိုက်ဆံသိပ်မကုန်ပဲ ဖက်ရှင်ကျချင်တဲ့သူတွေအတွက် မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ ဖက်ရှင် (၁၀) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
တီရှပ်
တီရှပ်လေးတွေဟာ ဈေးလည်းသင့်တင့်သလို ဘယ်အချိန်ပဲဝတ်ဝတ် ရိုးမသွားတဲ့ဖက်ရှင်တစ်ခုဖြစ်လို့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ တီရှပ်လေးရှိနေရင် ဘာနဲ့ပဲတွဲဝတ်ဝတ် အဆင်ပြေနေတာမို့ ပိုက်ဆံသိပ်မကုန်ပဲ ဖက်ရှင်ကျချင်တဲ့ ပျိုမေတို့အတွက်တော့ အဆင်ပြေစေမှာပါ။
ဂျင်းဘောင်းဘီ
ဂျင်းဘောင်းဘီဆိုတာတော့ ပြောနေစရာတောင်မလိုပါဘူး။ မိန်းကလေးတိုင်းမှာလည်း ရှိထားပြီးသားဖြစ်မှာပါ။ ဂျင်းဘောင်းဘီရှိနေရင် ဘာနဲ့ပဲတွဲဝတ်ဝတ်၊ ဘယ်လိုနေရာမျိုးကိုပဲသွားသွား အဆင်ပြေစေပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ဖက်ရှင်ထဲမှာတော့ ဂျင်းဖက်ရှင်ကထိပ်ဆုံးပါပဲ။
Trousers
စတိုင်လ်ကျနေစေဖို့ Trousers ဘောင်းဘီလေးလည်း ရှိထားသင့်ပါတယ်။ ရုံးသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အပြင်သွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဒီဘောင်းဘီလေးက အရမ်းစမတ်ကျစေပါတယ်။ ပိုက်ဆံသိပ်မကုန်ချင်တဲ့မိန်းကလေးတွေအနေနဲ့ ဒီဘောင်းဘီလေးကို ၂ ထည်လောက်တော့ ဝယ်ထားသင့်ပါတယ်။
ပန်းပွင့်အင်္ကျီတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်များ
စကပ်
စကပ်လေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းပြီးနုပျိုစေလို့ ရှိထားသင့်ပါတယ်။ တီရှပ်လေးတွေကို စကပ်လေးနဲ့တွဲဝတ်လည်း ဖက်ရှင်ကျနေတာပဲ။
Skinny
Skinny ဘောင်းဘီလေးတွေက မိန်းကလေးတိုင်းအတွက်လိုအပ်ပါတယ်။ ပိုက်ဆံသိပ်မကုန်ချင်တဲ့သူတွေအနေနဲ့ Skinny ဘောင်းဘီ အနက်ရောင်လေးရှိနေရင် အဆင်ပြေနေပါပြီ။ အနက်ရောင်ဆိုတော့ ဘာနဲ့ဝတ်ဝတ်လိုက်ဖက်တာပေါ့။
ဂါဝန်
ဂါဝန်တွေအများကြီးမလိုပါဘူး။ လှပတဲ့ဂါဝန်လေး ၃ ထည်လောက်ရှိနေရင်ပဲ အဆင်ပြေနေပါပြီ။ ပွဲတွေသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဂါဝန်လေးတွေက အရမ်းကိုအသုံးဝင်ပါတယ်။
ဆွယ်တာ
အေးတဲ့အချိန်မှာ ဘယ်တော့မှရိုးမသွားပဲ အသုံးဝင်စေတဲ့ဖက်ရှင်ကတော့ ဆွယ်တာဖက်ရှင်ပါပဲ။ တခြားခေတ်စားနေတာတွေကိုဝယ်ရင် ခေတ်စားနေတဲ့အချိန်မှာပဲ အသုံးဝင်မှာပါ။ ဆွယ်တာကတော့ ဘယ်အချိန်ဖြစ်ဖြစ် မရိုးသွားပါဘူး။
ပိုက်ဆံအိတ်
ပိုက်ဆံအိတ်တွေအများကြီးဝယ်ပြီး မလွယ်ဖြစ်ပဲချောင်ထိုးထားတာထက်စာရင် ကိုယ်အရမ်းကြိုက်တဲ့ အိတ်လေးတစ်လုံးပဲဝယ်ထားတာက ပိုသင့်တော်ပါတယ်။ ပိုက်ဆံအိတ်ကို တစ်လုံးထဲနဲ့ ကောင်းတာလေးဝယ်တာမျိုးကလည်း အရမ်းကောင်းတဲ့အကြံပါ။
ဆွဲကြိုး
မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းကပြောင်ရှင်းနေရင် ကြည့်မကောင်းပါဘူး။ ဈေးကြီးတာတွေလည်း ဝယ်စရာမလိုပါဘူး။ ချစ်စရာကောင်းပြီးလှပတာလေး၊ ဈေးသင့်တော်တာလေးတစ်ကြိုးကိုပဲ အမြဲဆွဲထားတာမျိုးက အဆင်ပြေစေပါတယ်။
မျက်မှန်
မျက်မှန်ကတော့ အချိန်တိုင်းမှာ မလိုအပ်ပေမယ့် ခရီးသွားတဲ့အခါမျိုးမှာတော့ လိုအပ်ပါတယ်။ ပိုက်ဆံသိပ်မကုန်ချင်ရင်တော့ မျက်မှန်ဝယ်တဲ့အခါမှာ ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားတဲ့မျက်မှန်မျိုးကို ရွေးဝယ်သင့်ပါတယ်။
Source:we media