What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြန်လည်ခေတ်စားလာသော ၉ဝခုနှစ် ဖက်ရှင်များ

ယခုနှစ်တွေမှာ နာမည်ကျော် မော်ဒယ်လ်၊ သရုပ်ဆောင်များက အစပြုလို့ သာမန်အမျိုးသမီးလေးများအထိ ခေတ်စားနေတဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုအများစုဟာ ၉၀ခုနှစ်များဝန်းကျင်က ခေတ်စားခဲ့ပြီးတဲ့ ဖက်ရှင်တွေပဲ ဖြစ်ပါ တယ်။

သံသရာဟာ လည်ပတ်နေသလိုပဲ ဖက်ရှင်ဆိုတာဟာလည်း အစဉ်အမြဲ တစ်ကျော့ပြန် လည်လာလေ့ ရှိပါတယ်။ ဥပမာ မြန်မာဝတ်စုံဖက်ရှင်များမှာလည်း မေမေတို့ခေတ်က ၀တ်ခဲ့တဲ့ လက်ဖောင်းတွေ၊ ထဘီအတိုတွေဟာ ယခုတစ်ကျော့ပြန် ခေတ်စားလာတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ပြန်လည် ဦးမော့ ရေပန်းစားလာတဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လည်သာဂျက်ကတ်များ

1
ကိုယ်နဲ့ကွက်တိဖြစ်ပြီး လိုက်ဖက်တဲ့ လည်သာဂျက်ကတ်တစ်ထည် ရှိထားခြင်းဟာ ဖက်ရှင်ကျနခြင်းရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်တောင် တင်စားလို့ရပါတယ်။ လည်သာဂျက်ကတ်တွေဟာ အမေတို့၊အဒေါ်တို့ခေတ်က ခေတ်စားခဲ့သလိုပဲ ယခုထိလည်း ခေတ်စားနေသလို နောက်လည်းခေတ်စားနေဦးမှာ ဖြစ်ပါတယ်။ စတိုင်လ်အမျိုးမျိုးပြောင်းပြီး ၀တ်ဆင်နိုင် တဲ့ အားသာချက်ရှိသလို ဈေးကြီးပြီး အတန်ငယ် ထိန်းသိမ်းရ ခက်ခဲတဲ့ အားနည်းချက်တော့ ရှိပါတယ်။

အပေါ်အောက်တစ်ဆက်တည်း ဂျင်းဝတ်စုံ

2
အရှည်အတို ဘယ်လိုဒီဇိုင်းမျိုးစုံနဲ့ တစ်ဆက်တည်းဂျင်းဝတ်စုံတွေမဆို မှန်ကန်စွာ ၀တ်စားဆင်ယင်ပါက အလန်းစား ဖြစ်သွားစေနိုင်ပါတယ်။ ခေတ်ဟောင်းပုံစံလို့ ထင်ကြပေမယ့် ယခုခေတ် မိန်းမငယ်လေးတွေတင်မက နာမည်ကြီး မော်ဒယ်လ်တွေကပါ ၀တ်ဆင်နေကြပြီး အမိုက်စားစတိုင်လ်တွေနဲ့ အပြင်းစား ဆွဲဆောင်မှုကို ဖန်တီး ပေးနိုင်တဲ့ဝတ်စုံ ဖြစ်ပါတယ်။

မျက်မှန်အ၀ိုင်း

3
တစ်ချိန်တုန်းက မျက်မှန်အ၀ိုင်းနဲ့ အူတိအူကြောင်လို့ သတ်မှတ်ထားကြတဲ့အရာဟာ အခုတော့ အသစ်အဆန်းပုံစံနဲ့ ခေတ်စားလို့လာပြီ ဖြစ်ပါတယ်။ ၄င်းမျက်မှန်အ၀ိုင်း ဖက်ရှင်ရေစီးကြောင်းဟာ ပထမဆုံး နေကာမျက်မှန်တွေမှာ ရိုက်ခတ် ခေတ်စားပြီး နောက်ပိုင်းမှာတော့ ပါဝါမျက်မှန်တပ်ရသူတွေမှာပါ အရှိန်အဟုန်နဲ့ ခေတ်စားလာပါတယ်။ တကယ်လို့ ၉၀ခုနှစ်ဖက်ရှင်မျိုး ၀တ်ချင်ပြီး အခြားအရာတွေကို သဘောမတွေ့တဲ့အခါ ဒီဖက်ရှင်နဲ့ စတိုင်လ်ကျနိုင်ပါတယ်။

ဂျင်းစကတ်

4
မိန်းကလေးများရဲ့ စကတ်ဝတ်ဆင်မှုမှာ အသွင်ဒီဇိုင်းမျိုးစုံစွာရှိတဲ့အတွက် ဘယ်ဟာကို ရွေးလို့ရွေးချယ်ရမှန်းမသိအောင် များပြားလှပါတယ်။ ဂျင်းစကတ်တွေနဲ့ ပတ်သက်လို့ ကောင်းတဲ့အချက်ကတော့ အသက်အရွယ်မရွေး၊ ကိုယ်ခန္ဓာ အချိုးအစားမရွေး၊ သွင်ပြင်ဟန်ပန်မရွေးနဲ့ လိုက်ဖက်ပြီး ၀တ်ဆင်နိုင်ခြင်းပါပဲ။ ထိုသို့ ဘက်ပေါင်းစုံက ပြည့်စုံကောင်းမွန်နေ တဲ့ ဂျင်းစကတ်တွေဟာ ဘယ်လိုကြောင့် မှေးမှိန်သွားခဲ့ရတယ်ဆိုတာတော့ မပြောနိုင်ပါဘူး။ သို့ပေမယ့် ယခုပြန်လည် ခေတ်စားလာပြီဖြစ်တဲ့အတွက် ဖက်ရှင်ကျချင်တဲ့ မိန်းကလေးတွေအတွက် ပျော်စရာသတင်း ဖြစ်ပါလိမ့်မယ်။

ဂျင်းဂျက်ကတ်နှင့် ဂျင်းရှပ်များ

5
ဂျင်းတွေရဲ့ စွယ်စုံရတဲ့ ထုံးစံအတိုင်းပဲ ဂျင်းဂျက်ကတ်တွေနဲ့ ဂျင်းရှပ်တွေဟာလည်း အချိန်မရွေး ကြိုက်နှစ်သက်တဲ့ စတိုင်လ်နဲ့ တွဲစပ်ဝတ်ဆင်နိုင်လို့ အမျိုးသမီးတွေရဲ့ အ၀တ်ဗီရိုထဲမှာ ရှိထားသင့်တဲ့ အ၀တ်အထည်များ ဖြစ်ပါတယ်။ အထူးသဖြင့် အပေါ်က ထပ်ဝတ်တဲ့ စတိုင်လ်အတွက် အလွန်မိုက်တဲ့ ရွေးချယ်မှုဖြစ်ရာ လက်တို၊လက်ရှည်၊ အပွ၊ အကျပ် စတာတွေကို စိတ်ကြိုက် စတိုင်လ်ထုတ်ပြီး ၀တ်ဆင်နိုင်ပါတယ်။

ဖလန်နယ်ရှပ်များ

9
မရိုးနိုင်၊ မဟောင်းနိုင်ဘဲ တ၀ဲလည်လည် ပြန်လည်ခေတ်စားလာတဲ့ အ၀တ်အထည်ဖက်ရှင်တစ်ခုကတော့ ဖလန်နယ်ရှပ် များပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ် နှစ်ခုလောက် ခေတ်စားခဲ့ပြီးတဲ့ ဖလန်နယ်ရှပ်တွေဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ တော့ ရိုးလွန်း၊တုံးလွန်းတဲ့ ခေတ်မရှိတော့တဲ့စတိုင်လ်လို့ ပစ်ပယ်ခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း ကြာကြာပစ်ပယ်မထား နိုင်ဘဲ ပြန်လည်ခေတ်စားလာခြင်းကို ကြည့်ရင် အမိုက်စားကောင်မလေးတွေရဲ့ အဖော်မွန်လို့ သတ်မှတ်နိုင်ပါတယ်။

ပွပွချောင်ချောင် ရှပ်အင်္ကျီများ

10
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပွပွချောင်ချောင် စတိုင်လ်တွေကို ၀တ်ဆင်မိရင် ဖက်ရှင်နယ်ပယ်မှာ အပြစ်သင့်သလိုအထိ ယူဆခဲ့ကြပါတယ်။ ၄င်းကာလအတွင်းက ၀တ်ဆင်သမျှဟာ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမယ့် ကိုယ်နဲ့ကွက်တိ၊ သို့မဟုတ် ကျပ်ကျပ်ထုပ်ထုပ် စတိုင်လ်များသာ ဖြစ်ခဲ့ပါတယ်။ သက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ခံစားရစေမယ့် ဒီဖက်ရှင်ဟာ ယခုကာလမှာ ပြန်လည်ခေတ်စားလာပြီ ဖြစ်တဲ့အတွက် free style ၀တ်ရတာ နှစ်သက်သူ အမျိုးသမီးများ အနေနဲ့ ဒိတ်အောက်နေမှာ စိုးရိမ်စရာမလိုဘဲ ၀တ်ဆင်နိုင်ပြီ ဖြစ်ပါတယ်။

Choker များ

11
Kendall Jenner နဲ့ Kylie Jenner တို့ရဲ့ instagram ပေါ်က choker ၀တ်ဆင်ထားတဲ့ပုံများကြောင့် အရမ်းကြီး ခေတ်မတုံးခင်မှာဘဲ ပြန်လည်ခေတ်စားလာပြန်တဲ့ accessories စတိုင်လ် ဖြစ်ပါတယ်။ ကတ္တီပါသား၊ ဇာ၊ ပုလဲ အစရှိ တဲ့ အဆင်အယင်တွေနဲ့ သင့်စတိုင်လ်ကို နှစ်သက်သလို ၀တ်ဆင်နိုင်ပါတယ်။

Crop Top များ

12
ဖက်ရှင်ဆိုတာ တစ်ခဏ၊ စတိုင်လ်ဆိုတာ တစ်သက်တာလို့ ပြောကြတဲ့ စကားအတိုင်းပဲ ဖက်ရှင်ရေစီးဟာ သွားလိုက် လာလိုက်၊ တစ်ကျော့ပြန်လာလိုက်၊ ခေတ်တုံးသွားလိုက်၊ အုံးအုံးထအောင် ခေတ်စားလာလိုက် ဖြစ်လေ့ရှိပါတယ်။ အချို့သော ဖက်ရှင်တွေကတော့ ခေတ်တုံးသွားတာကို နှမျောတသ ဖြစ်ကြရပြီး အချို့သော ဖက်ရှင်တွေက ပြန်လည် ခေတ်စားလာမှာကို မျှော်နေကြရပါတယ်။ ယခုပြန်လည်ခေတ်စားလာတဲ့ Crop Top လေးတွေကတော့ ပျိုမေများအားလုံး တစ်သက်တာ ၀တ်ဆင်ချင်နေမယ့် ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။

 

Source:auntymay

Read 1401 times
Rate this item
(1 Vote)