နိုင်ငံတကာမှာ ထင်ရှားကျော်ကြား တဲ့ အနုပညာရှင်တွေ ထုတ်လုပ်ရောင်းချ တဲ့ ဖက်ရှင်ပစ္စည်းတွေက သူ့ဘရန်းဒ်နဲ့ သူ ဈေးကွက်မှာ အပြိုင်အဆိုင် နေရာ ယူထားနိုင်ကြပါတယ်။
ကျွန်မတို့ဆီက လူင်ယအနုပညာရှင်တွေ တော်တော်များ များလည်း ဖက်ရှင်စီးပွားရေးလုပ်ငန်း လေးတွေ လုပ်ကိုင်လာကြတာကို အခု နောက်ပိုင်းမှာ အတော်များများ တွေ့မြင် လာရပါပြီ။
ဖက်ရှင်ကို စိတ်ဝင်စားခုံမင်သူ ဘဝ ကနေ စီးပွားရေးတစ်ခုအဖြစ်ပါ ကိုယ် ပိုင်အမှတ်တံဆိပ်တွေနဲ့ အသီးသီး ရပ်တည်လာကြတဲ့ အနုပညာရှင်တချို့ ထဲကနေ မိုးရာသီအတွက်နဲ့ အဆင်ပြေ အောင် သီးသန့်ထုတ်လုပ်ထားတဲ့ ဖက် ရှင်ဆက်စပ်ပစ္စည်းတွေကို အခုတစ်ပတ် now! ရဲ့ မိုးရာသီအထူးထုတ်အတွက် ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။
ကိုယ် ချစ်တဲ့ အနုပညာရှင်တွေကို အား ပေးရင်း သူတို့ကိုယ်တိုင် ကြိုးစားအား ထုတ်ထားတဲ့ မိုးရာသီနဲ့သက်ဆိုင်တဲ့ ဖက်ရှင်ပစ္စည်းတွေကို စိတ်ဝင်စား အား ပေးချင်သူတွေအတွက် စန္ဒီမြင့်လွင်၊ ဖြိုး လေး (Snare) ၊ Nida Taylor & Bunny Phyo နဲ့ အိမ့်ချစ်တို့ရဲ့ မိုးရာသီ Fashion Collection Product လေးတွေအကြောင်းကို အခု ပြန်မျှဝေ ပေးလိုက်ပါတယ်။.....







			    
					
		  	



