What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်းဆန်းပြီး နေရာတိုင်းနဲ့ လိုက်ဖက်မှု ရှိစေမယ့် ဖိနပ်များ

မိန်းကလေးတိုင်းမှာတော့ လှပတဲ့ဖိနပ်လေးတွေရှိထားသင့်ပါတယ်။ ဖိနပ်ဒီဇိုင်းတွေအမျိုးမျိုးထွက်နေတဲ့အပြင် ဒေါက်မျိုးစုံနဲ့အပြိုင်အဆိုင်ထွက်နေတဲ့ထဲမှာမှ ပျိုမေတို့အတွက်အဆင်ပြေပြီး နေရာတိုင်းနဲ့လိုက်ဖက်မှုရှိစေမယ့် ဖိနပ်လေးတွေကိုပဲ ရွေးချယ်ပေးလိုက်ပါတယ်။

အားလုံးကလည်း ဒီဇိုင်းဆန်းဆန်းလေးတွေဖြစ်တဲ့အပြင်အရမ်းလည်းလှပတဲ့အတွက် ကြိုက်နှစ်သက်မှာသေချာပါတယ်။

Electric Purple

1
ခရမ်းရောင်ကိုမှ လှပတဲ့ Metallic ဘက်သွားတာလေးမို့ စီးလိုက်ရင်ခြေထောက်ပိုပေါ်လွင်စေပါတယ်။ ဒီဖိနပ်လေးကိုတော့ Purple Metallic Pointed Toe Pumps လို့ခေါ်ပါတယ်။ အရမ်းလှတာဖြစ်တဲ့အတွက် ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၃ လောက်ရှိပါတယ်။

Rose Gold

2
တော်တော်များများသဘောကျတဲ့ Rose Gold အရောင်လေးကိုမှ Metallic ဘက်သွားတာလေးမို့ ခြေထောက်လည်းပိုပေါ်ပါတယ်။ ဒီ Metallic Copper Heels လေးဟာဆိုရင် ဒေါက်ကလည်း နေရာမရွေးစီးသွားလို့ရတာလေးဖြစ်လို့ ပိုအဆင်ပြေပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ လောက်ပဲရှိတာပါ။

Rose Gold Pumps

3
စီးလိုက်တာနဲ့ မင်းသမီးလေးတစ်ယောက်လို လှပသွားစေမယ့် Rose Gold Sindra Pump လေးကတော့ ဘယ်လောက်တောင်လှနေလဲဆိုတာကို ပြောနေစရာတောင်မလိုတော့ပါဘူး။ ဈေးနှုန်းအနေနဲ့ကလည်း ဒေါ်လာ၂၀ ပဲရှိတာပါ။

Silver Studded

4
အဖြူရောင်လေးဖြစ်တဲ့အတွက် တခြားဖိနပ်တွေထက်ပိုထူးခြားပြီး ရိုးရိုးလေးနဲ့လှနေတာပါ။ White Strap Silver Stud Heels လို့ခေါ်တဲ့ ဒီဖိနပ်အဖြူရောင်လေးက ထသွားထလာလည်းစီးသွားလို့အဆင်ပြေပါတယ်။ရိုးရိုးလေးဖြစ်ပေမယ့်ဈေးကတော့ ဒေါ်လာ ၈၈ လောက်ရှိတဲ့အတွက် အရမ်းများတယ်လို့ ပြောရမှာပါ။

Major Embellishment

5
မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့အပြင် ဒေါက်လေးကိုလုပ်ထားတဲ့ဒီဇိုင်းလေးက အရမ်းလှပြီးချစ်စရာကောင်းပါတယ်။ ဒီဖိနပ်လေးကိုတော့ Embellished Blush Block Heels လို့ခေါ်ပါတယ်။ အားလုံးထဲမှာအလှဆုံးဖြစ်သလို ဈေးကလည်း အားလုံးထဲမှာဈေးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၁၀၃ လောက်ရှိပါတယ်။

Graphic PrintPoint

6
ဒေါက်လေးဖြစ်ပေမယ့် အရမ်းလှတဲ့ဒီဇိုင်းလေးမို့ မိန်းကလေးတိုင်းနှစ်သက်ကြတဲ့ ဖိနပ်လေးပါ။ Lip Printed High Heels လို့အမည်ရတဲ့ဒီဖိနပ်လေးဟာဆိုရင် အရမ်းလည်းလှပြီးချစ်စရာကောင်းသလို ဈေးအနေနဲ့ကလည်း ဒေါ်လာ ၅၀ လောက်ရှိပါတယ်။

Feathered

7
အခုနောက်ပိုင်း Trend ဖြစ်လာတဲ့ဖိနပ်လေးပါ။ Feather Peep Toe Heels လို့အမည်ရတဲ့ ဒီဖိနပ်လေးဟာဆိုရင် ဘယ်လိုအ၀တ်အစားမျိုးနဲ့မဆိုလိုက်ဖက်မှုရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀ လောက်ရှိပါတယ်။

 

Source:mystyle

Read 2003 times
Rate this item
(1 Vote)
Tagged under