What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုရှိစေဖို့ လိုအပ်သောအရာများ

အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။

ဒေါက်မြင့်ဖိနပ်များ

1
ဒေါက်မြင့်စီးလိုက်တဲ့ နဂိုမတ်တပ်ရပ်နေကျ ပုံစံနဲ့ မတူတဲ့ ကွဲပြားတဲ့ ကိုယ်နေဟန်တစ်ခုကို ဖြစ်သွားစေပါတယ်။ ဒါဟာ သင့်ရင်သားနဲ့ တင်တို့ဟာ နဂိုထက်ပိုပြီး ဆွဲဆောင်မှုရှိသွားတယ်ဆိုတဲ့ အချက်ပြမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်မြင့်နဲ့ လမ်းလျှောက်တဲ့အခါ ပိုပြီး နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဆွဲဆောင်မှု ပိုရှိစေပါတယ်။

အနက်ရောင်ဂါဝန်တို

8
အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ နံပါတ်တစ် အရောင်တွေထဲမှာ အနက်ရောင်က ထိပ်ဆုံးက ပါဝင်ပါတယ်။ အနက်ေရာင်ဟာ ကိုယ်နေဟန်ကို ပိုမိုသွယ်လျစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဂါဝန်တိုဟာလည်း မလိုက်ဖက်တဲ့ အမျိုးသမီးရယ်လို့ မရှိသလောက် ဖြစ်တာမို့ အနက်ရောင်ဂါဝန်တိုဟာ ပိုပြီးဆွဲဆောင်မှုရှိရှိ ၀တ်စားဆင်ယင်လိုတဲ့ ပျိုမေလေးများအတွက် မရှိမဖြစ် ဖြစ်ပါတယ်။

Off-Shoulder Shirt

3
လက်မောင်းလျှော ဘလောက်စ်လေးတွေ၊ ရှပ်လှလှလေးတွေဟာလည်း ငယ်ရွယ်နုပျိုပြီး တက်ကြွဖျတ်လတ်တဲ့ဟန်ကို ပေါ်စေတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ ၀တ်စုံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အနီရောင်ဝတ်စုံ

4
အနီရောင်ဟာ ချစ်ခြင်းနဲ့ ညှို့ယူဆွဲငင်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် လူအများ သိရှိကြပြီး ဖြစ်ပါတယ်။ လူအများ အာရုံကို ဆွဲယူဖမ်းစားဖို့ဆိုရင်တော့ အလက်လက်လေးတွေ ပါဝင်တဲ့ အနီရောင်ဝတ်စုံတစ်စုံကိုသာ ရွေးချယ်လိုက်ပါ။ သူတို့မျက်လုံးတွေ သင့်ဆီက ခွာနိုင်မှာ မဟုတ်ပါဘူး။

ကိုယ်လုံးပေါ်ဂါဝန်

5
ဒါကတော့ သင့်ရဲ့ အဝေ့အ၀ိုက် အမို့အမောက်တွေကို ထင်ထင်ရှားရှား မြင်သာစေတဲ့ ကိုယ်လုံးပေါ်ဂါဝန် (Bodycon Dress)ဖြစ်ပါတယ်။ မိန်းမသားဆန်တဲ့ လှပမှုနဲ့ ညှို့ဓာတ်အပြည့် ဆွဲဆောင်နိုင်မှာပါ။

နှုတ်ခမ်းနီ

6
သင့်ကို နဂိုထက် ပိုပြီးဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနိုင်တာ အ၀တ်အစားတွေတင် မဟုတ်ပါဘူး။ မိန်းမသား တစ်ယောက်ရဲ့ နူးညံ့ပြတ်သားတဲ့ အသွင်အပြင်ကို အပီအပြင် ပုံဖော်ပေးနိုင်တဲ့ နှုတ်ခမ်းပါးလေးတွေကို ပေါ်လွင်အောင် ပံ့ပိုးပေးနိုင်တဲ့ နှုတ်ခမ်းနီလေးတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ပိုပြီးဆွဲဆောင်မှု ရှိလိုရင်တော့ နှုတ်ခမ်းနီလေး တစ်တောင့်လောက် သင့်အိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။

နေကာမျက်မှန်

7
နေရိပ်ထဲ အမိုးအကာအောက်မှာတော့ နေကာမျက်မှန် ၀တ်စရာ မလိုပါဘူး။ သို့သော် နေပူထဲ သွားရတော့မယ့်အခါ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်တစ်လက်ကို တပ်လိုက်ခြင်းအားဖြင့် နဂိုပုံစံထက် ပိုမိုဆွဲဆောင်မှုရှိ၊ အထာကျ တဲ့ အလှကို ရရှိနိုင်ပါတယ်။

ဖော်ပြပေးထားတဲ့ အသုံးအဆောင်၊ အ၀တ်အထည်လေးတွေကို အသုံးပြု ၀တ်ဆင်မယ်ဆိုရင်တော့ သင့်ကို နဂိုထက် ပိုပြီး ဆွဲဆောင်မှု ပြင်းရှတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲစေနိုင်ပါလိမ့်မယ်။

 

Source:mingalarbar

Read 1505 times
Rate this item
(1 Vote)