နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းတွေက သာမန်ထက် ၀ဖြိုးသူတွေကို ၀နေတာအတွက် အရှက်ရအောင် လုပ်ထားသလို ဖြစ်နေခဲ့တယ်။ သူတို့ ထုတ်လုပ်လိုက်တဲ့ အသင့်ချုပ်ပြီးသား အ၀တ်အစားတွေကို ၀ဖြိုးသူတွေ ၀တ်လို့ မတော်တာကို ဖက်ရှင်လုပ်ငန်းတွေက ဘယ်လို ရှုမြင်ကြသလဲ။ “သူက မတော်တာ၊ ၀တာကိုး” လို့ မှတ်ချက်ပြုကြမှာ ဖြစ်ပါတယ်။
အမေရိကမှ ၀ါရှင်တန်ပြည်နယ်တက္ကသိုလ်က သုတေသန လုပ်တဲ့အခါ အမေရိကန်မှာ အမျိုးသမီးတွေက ဆိုက်နံပါတ် ၁၆ မှ ၁၈ အထိ အ၀တ်အစားတွေ အ၀တ်များကြတာကို သိရတယ်။
ဆိုက်နံပတ်တိုင်းတာပုံ
****************
BUST ကို တိုင်းတဲ့အခါ ပုံမှာ ပြထားတဲ့အတိုင်း လက်နှစ်ဖက် ဘေးချထားပါ။
WAIST ကို တိုင်းတဲ့အခါ ခါးကို တစ်ဖက်ဖက် နွဲ့လိုက်ပြီး သက်သောင့်သက်သာ အနေအထားဖြင့် မတ်တတ်ရပ်ထားပြီး တိုင်းပါ။
LOW HIP ကို တိုင်းရင် တင်ပါးရဲ့ အဖောင်းကားဆုံးနေရာကို တိုင်းပါ။
BUST နဲ့ WAIST ဆိုက်နံပါတ် တစ်ခုတည်း မဟုတ်ရင် BUST ကို အတည်ယူကြလေ့ ရှိပါတယ်။
ဆိုက်နံပါတ် ၂၀ အထက် ဖြစ်နေရင် အောက်ပါဇယားကို သုံးပါ။
ဖော်ပြထားတဲ့အတိုင်းအတာများမှာ လက်မဖြင့် တိုင်းတာထားခြင်း ဖြစ်ပါတယ်။
ဝသောသူများကို ဖယ်ကြဉ်ထား
**********************
အခုလို ၀တဲ့သူတွေကို အရေးမလုပ်တာဟာ ကိုယ်ခန္ဓာအလေးချိန်အရ ခွဲခြားပစ်ပယ် ဆက်ဆံခံရတာလို့ plus size ၀တ်ဆင်ကြရသူတွေရဲ့ စိတ်ထဲမှာ ခံစားမှုတွေ ရှိနေတယ်။ လူမှုဆိုင်ရာ တရားမျှတမှု မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်။
ပိုက်ဆံတတ်နိုင်လို့ ဒီဇိုင်နာတွေဆီမှာ ဖက်ရှင်ချုပ်ပေးဖို့ ပြောတဲ့အခါ ငြင်းပယ်ခံရတာတွေလည်း ရှိနေတယ်။
Plus-size ကို ဂရုမူကြရပြီ
******************
ယခုအခါ အ၀တ်အစား လက်လီအရောင်းလုပ်ငန်းတွေအကြား အပြိုင်အဆိုင်တွေ ကြမ်းနေတဲ့အပြင် အွန်လိုင်းမှာ plus size ရောင်းချတဲ့ လုပ်ငန်းတွေ ရှိနေတဲ့အတွက် ဈေးကွက်ဝေစု ပဲ့ပါကုန်တာမို့ plus size တွေကို extented sizes တိုးချဲ့ဆိုက်များဆိုပြီး ဆိုင်တွေမှာ တင်ရောင်းလာကြတယ်။
နောက်ထပ် တွန်းပို့တဲ့ အချက်တစ်ခုကတော့ အမေရိကန်နိုင်ငံမှာ အမျိုးသမီး အ၀တ်အစား လက်လီအရောင်းကဏ္ဍမှာ ရောင်းအားတန်ဖိုး လျော့ကျလာနေတာ ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ခဲ့ပြီး ကန်ဒေါ်လာ ၄၁.၈ ဘီလျံဖိုး ရောင်းခဲ့ရတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၃၉.၄ ဘီလျံဖိုးပဲ ရောင်းအား ရှိခဲ့တယ်။ ၅ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်။
Plus-size အ၀တ်အစား ရောင်းအားက များသထက်များလာနေတာ တွေ့ကြရတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ၃၈% အထိ ပိုများလာတာ တွေ့ကြရတယ်။
အမေရိကမှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးလူဦးရေရဲ့ ၆၇% ဟာ ဆိုက်နံပါတ် ၁၄ နဲ့အထက်ကို ၀တ်ဆင်ကြသူတွေ ဖြစ်နေတယ်။
အဲဒီအကြောင်းတရားတွေကြောင့် Plus-size ကို ဖက်ရှင်လုပ်ငန်းတွေ အရေးလုပ်လာကြရပါတော့တယ်။
အ၀တ်အစား ၀ယ်ဝတ်သူဟာ Plus-size ဖြစ်နေနိုင်တယ်၊ သူက high quality အ၀တ်အစား ဖက်ရှင်တွေကို ကြိုက်နှစ်သက်ပြီး ၀ယ်ဖို့ ပိုက်ဆံလည်း တတ်နိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို ဂရုမူပြီး Plus-size အ၀တ်အစားတွေကိုပါ ထည့်သွင်း ထုတ်လုပ်လာကြတယ်။ လက်လီဆိုင်တွေရဲ့ စင်တွေမှာလည်း နေရာပေးလာကြတယ်။
ဖက်ရှင် ဒီဇိုင်နာများ ဦးနှောက်စားခြင်း
******************
ဝတဲ့သူ ၀တ်ဆင်လိုက်ရင် လှတပတ ဖြစ်နေဖို့ ဒီဇိုင်းထုတ်ရတာ ထင်သလောက် မလွယ်ဘူး။ ဒီဇိုင်နာအဖို့ အကြိုက်ဆုံးက အရပ် ၆ ပေမြင့်ပြီး ဆိုက်နံပါတ် သုည မော်ဒယ်ရဲ့ ကိုယ်လုံးကိုယ်ထည် ဖြစ်ပါတယ်။ အဲဒီလို ကိုယ်လုံးကိုယ်ထည်မျိုးတွေနဲ့ပဲ လုပ်နေကျကိုင်နေကျ ဖြစ်နေတယ်။ ဒီတော့ plus-size အတွက် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် လုပ်ဖို့ လိုနေတယ်။
plus-size လမ်းသစ်ထွင်သူ
***************
plus-size ကို လမ်းသစ်ထွင်သူတွေလည်း ရှိပါတယ်။ Kiyonna (https://www.kiyonna.com/) အွန်လိုင်းဖက်ရှင်ဆိုင်မှာ သွားကြည့်လိုက်ရင် plus-size ဖက်ရှင်တွေ ထူးရှယ် စီစဉ်ပေးထားတာ တွေ့ရမယ်။ ထူထောင်သူ Kim Camarella-Khanbeigi က လက်လီအရောင်းနဲ့ စတင်ခဲ့တယ်။ plus sizse တွေကို စေတနာထားပြီး လုပ်ကိုင်ခဲ့ပြီး အောင်မြင်တိုးတက်မှုတွေ ရရှိခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ အွန်လိုင်းဖက်ရှင်ဆိုင် စဖွင့်ခဲ့တယ်။ အမေရိကန်နိုင်ငံတစ်လွှား စတိုးဆိုင်ပေါင်း ၂၅၀ ဖွင့်ထားတယ်။ သူ့ရဲ့ ၀က်ဘ်ဆိုက်မှာ မှာယူလို့ ရတဲ့အပြင် အမေဇုံနဲ့ ဇက်ပိုစ်တို့မှာလည်း တင်ပေးထားတယ်။
Plus-size တွေကို ပစ်ပယ်ထားလို့ မရတော့ဘူး။ ၀တာ အပြစ်လားလို့ ပြောနေဖို့ မလိုတော့ဘူး။ Plus-size ဖက်ရှင်ရေစီးကြောင်းက စီးဆင်းနေပါပြီ။