အခုဆိုရင်မိုးတွင်းကလည်း ရောက်တော့မှာဆိုတော့ မိုးရာသီမှာပျိုမေတို့အနေနဲ့ ၀တ်ဆင်သင့်တဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိုးရာသီမှာတော့ ဘောင်းဘီရှည်တွေ၊ စကပ်ရှည်တွေမ၀တ်တာပိုကောင်းပါတယ်။ ၀တ်မယ်ဆိုရင်လည်း အရမ်းရှည်နေတာမျိုးတွေကို မရွေးချယ်သင့်ပါဘူး။
1.ဂါဝန်တို
မိုးရာသီမှာတော့ ဂါဝန်တိုလေးတွေကိုဝတ်ရတာ အဆင်ပြေမယ်ထင်ပါတယ်။
ဂါဝန်ကိုအရမ်းကြီးတိုနေစရာလည်း မလိုပါဘူး။ ဂါဝန်တိုလေးတွေဝတ်ပြီး အပေါ်ထပ်အနွေးထည်လေးတွေကို ထပ်ဝတ်တာမျိုးဆိုရင် အရမ်းချစ်စရာကောင်းပါတယ်။ ကိုရီးယားမတွေတော်တော်များများဝတ်ကြတဲ့ ဖက်ရှင်လေးပါ။ ဂါဝန်တိုဖြစ်တဲ့အတွက် မိုးရေစိုမှာလည်း စိတ်ပူနေစရာမလိုတော့ဘူးလေ။
2.ဘောင်းဘီတို
ဘောင်းဘီတိုလေးတွေကို ရွေးချယ်သင့်တာကတော့ မိုးရွာလာရင် ဘောင်းဘီကိုမိုးရေမစိုတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ အသားကိုမိုးရေစိုရင်ပြန်သုတ်လို့ရပေမယ့် အ၀တ်အစားကိုစိုရင် အအေးမိမှာစိုးရိမ်ရပါတယ်။ ဒါကြောင့် ဘောင်းဘီတိုလေးတွေကို အင်္ကျီလက်ရှည်လေးတွေ Hoodie လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ရိုးရိုး Tee လေးတွေဝတ်ပြီး အပေါ်ထပ်အင်္ကျီလေးတွေလည်း ထပ်ဝတ်လို့ရပါသေးတယ်။
3.စကပ်တို
စကပ်တိုလေးကလည်း မိုးရာသီမှာအဆင်ပြေစေမှာပါ။ စကပ်တိုလေးတွေကို ဆွယ်တာလေးတွေ၊ အင်္ကျီလက်ရှည်လေးတွေနဲ့တွဲဝတ်ရင် အရမ်းချစ်စရာကောင်းပါတယ်။ ခုနကလို အပေါ်ထပ်အင်္ကျီလေးတွေထပ်ဝတ်မယ်ဆိုလည်း လိုက်ဖက်မှုရှိစေပါတယ်။ သတိထားရမှာက ပါးတဲ့စကပ်တွေနဲ့ ပါးတဲ့အင်္ကျီတွေကိုတော့ မ၀တ်မိပါစေနဲ့။
4.ဘောင်းဘီရှည်
ဘောင်းဘီရှည်ဝတ်တဲ့အခါမှာလည်း ခြေမျက်စိအထက်ကိုရောက်နေတဲ့ ဘောင်းဘီတွေကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။ အပေါ်ကတော့ ကိုယ်ကြိုက်သလိုဝတ်လို့ရပေမယ့် လက်ရှည်လေးတွေဝတ်မယ်ဆိုရင်တော့ မိုးရာသီဖက်ရှင်လေးနဲ့ ပိုပြီးလိုက်ဖက်မှုရှိတာပေါ့။
Source:My Style Myanmar