အတွင်းခံအနက်တွေကို ကြည့်လိုက်ရင် ဘာမှ မထူးခြားပါဘူးလို့ ထင်စရာပဲ။
ဒါပေမဲ့ အဲဒီအတွင်းခံတွေမှာ အတော်ထူးခြားဆန်းကြယ်တဲ့လုပ်ရပ်တစ်ခု ပါနေတယ်။
ဘာလဲဆိုတော့ တစ်ခါဝတ်ပြီးတိုင်း တစ်ကြိမ် ရေလျှော်ပေးဖို့ မလိုတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကျန်းမာရေးအတွက် အကျိုးပြုထာ ပါနေတယ်။
ဒိန်ဒမတ်မှ ဒီဇိုင်နာတွေက အနံ့အသက်နဲ့ ဘက်တီးရီးယား သတ်ပေးမယ့် ဒီဇိုင်းဖြင့် ထုတ်လုပ်ပေးထားတယ်။ ဒီတော့ ၀တ်ဆင်ကြတဲ့သူတွေ အတွင်းခံကို နေ့တိုင်း လဲနေဖို့ မလိုတော့ဘူး။
အဲဒီ ထူးခြားဆန်းကြယ် အတွင်းခံတွေကို ထုတ်လုပ်တဲ့ Organic Basics က တာရှည်ခံတဲ့ အ၀တ်အစားတွေကို ဖန်တီးပေးလိုတာကြောင့် ယခုလို အတွင်းခံမျိုးကို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
Organic Basics ရဲ့ လုပ်ဆောင်ချက်က နာဆာ NASA လို့ လူသိများတဲ့ အမေရိကန်အာကာသ အေဂျင်စီထံမှ စိတ်ကူးရရှိပြီး မိုက်ခရရုပ်တွေ ချေမှုန်းပေးမယ့် အ၀တ်အစားကို ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီလို အထည်သားကို အာကာသမှာ ရေသန့်စင်ဖို့ သုံးစွဲကြပါတယ်။
ထုတ်ကုန်နဲ့ ပတ်သက်လို့ အခုလို ရှင်းပြထားပါတယ်။ “ကျွန်ုပ်တို့ရဲ့ အတွင်းခံသည် သဘာဝနည်းလမ်းဖြင့် မိုက်ခရုပ်အနုဇီဝပိုးများကို ဆန့်ကျင်တိုက်ဖျက်ပေးပြီး အတွင်းခံအတွင်း ဖြစ်ပေါ်သည့် ဘက်တီးရီးယားနှင့် မှို အားလုံး၏ ၉၉.၉%ကို သတ်ပေးသည်။ အတွင်းခံကို Polygiene ဖြင့် စီမံပေးထားပါသည်။
Polygiene က အနံ့အသက်ထွက်စေသည့် ဘက်တီးရီးယားများနှင့် မှိုများကို သဘာဝနည်းလမ်းဖြင့် အတွင်းခံမှ ဖယ်ရှားပေးပါသည်။ သို့ဖြစ်ရာ ရက်သတ္တပတ် အတော်ကြာသည်အထိ အတွင်းခံကို လတ်ဆတ်နေစေပါသည်။ သို့ဖြစ်ရ ရေမလျှော်ဘဲ ရက်ကြာကြာ ၀တ်ဆင်၍ ရနေစေသဖြင့် လျှော်ရသည့်ကြိမ်ရေ လျှော့ကျစေပါသည်။ ထိုအကျိုးသက်ရောက်မှုသည် လျော့ပါးသွားခြင်း မရှိဘဲ အတွင်းခံသက်တမ်းတစ်လျှောက်လုံး ရှိနေမည်ဖြစ်သည်”
Organic Basics သည် အတွင်းခံများကို သြဂုတ်လတွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ယခုအခါ ကြိုတင်အမှာစာ pre-order များကို လက်ခံလျက် ရှိသည်။