(Zaw+Uni)တ႐ုတ္ျပည္ရဲ႕ ဖက္ရွင္ထည္ေဈးကြက္က ၀ယ္လုိအား ႀကီးမားတဲ့အျပင္ ေဈးအျမင့္
ပရီမီယံႏွစ္ၿခိဳက္မႈလည္း ျမင့္မားတာမုိ႔ အေနာက္တုိင္းမွ နာမည္ႀကီး brand ေတြ တ႐ုတ္ျပည္တြင္း ေဈးကြက္ကုိ ေျခကုပ္ရဖုိ႔အတြက္ Brand ambassador ေတြအတြက္ တ႐ုတ္စဲလီေတြကုိ အလုအယက္ ရယူၿပီး တာ၀န္အပ္ႏွင္းၾကတယ္။ အဲဒီလုိ တာစားၾကတာမွာ ထိပ္တန္း ၁၀ ဦးထဲ ပါ၀င္တဲ့ အသက္ ၂၉ ႏွစ္ရွိသူ Ni Ni ဟာ ထင္ရွားတဲ့ ႐ုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ၿပီး ပရီမီယံ brands အေတာ္မ်ားမ်ားရဲ႕ ဖက္ရွင္႐ႈိးေတြမွာ ပါ၀င္တယ္။
တ႐ုတ္ႏုိင္ငံမွာ ထုတ္ေ၀တဲ့ ဖက္ရွင္မဂၢဇင္းေတြမွာလည္း မ်က္ႏွာဖုံးရွင္ ျဖစ္ပါတယ္။ အေရျပားေစာင့္ေရွာက္ထိန္းသိမ္းမႈမွာ luxury brand တစ္ခုျဖစ္တဲ့ SK-II မွာ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးအျဖစ္ ကုိယ္စားျပဳေပးသူ အျဖစ္ ၂၀၁၃ ခုႏွစ္မွာ တာ၀န္အပ္ႏွင္းခံရတယ္။ တ႐ုတ္လူမႈကြန္ရက္ Weibo မွာ နီနီဟာ အမာခံ ပရိသတ္ ၁၈ သန္းေက်ာ္ ရရွိထားတယ္။ အာရွေဒသအတြက္ Gucci ရဲ႕ မ်က္မွန္ေတြအတြက္ ambassador အျဖစ္ တာ၀န္ယူထားပါတယ္။
ေနာင္တစ္ခ်ိန္မွာ နီနီ ျဖစ္လာမယ့္ ကေလးငယ္ကုိ ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ ၈ေလလုံးေန႔ရက္မွာ ဖြားျမင္ခဲ့တယ္။ ၂၀၁၄ ခုႏွစ္မွာ၀င္ေငြေသာက္ေသာက္လဲ ရရွိခဲ့တဲ့ Fleet of Time မွာ နီနီ ပါ၀င္ခဲ့တယ္။ ျပင္သစ္နဲ႔ တ႐ုတ္ ပူးတြဲ႐ုိက္ကူးတဲ့ The Warriors Gate မွာလည္း နီနိ ပါ၀င္ခဲ့ၿပီး အဲဒီ႐ုပ္ရွင္ကလည္း ၀င္ေငြစံခ်ိန္တင္ခဲ့တယ္။ အခ်စ္ဟာသဇာတ္ကား Suddenly Seventeen မွာလည္း ပါ၀င္သ႐ုပ္ေဆာင္ခဲ့ပါတယ္။
Uni
တရုတ်ပြည်ရဲ့ ဖက်ရှင်ထည်ဈေးကွက်က ဝယ်လိုအား ကြီးမားတဲ့အပြင် ဈေးအမြင့် ပရီမီယံနှစ်ခြိုက်မှုလည်း မြင့်မားတာမို့ အနောက်တိုင်းမှ နာမည်ကြီး brand တွေ တရုတ်ပြည်တွင်း ဈေးကွက်ကို ခြေကုပ်ရဖို့အတွက် Brand ambassador တွေအတွက် တရုတ်စဲလီတွေကို အလုအယက် ရယူပြီး တာဝန်အပ်နှင်းကြတယ်။ အဲဒီလို တာစားကြတာမှာ ထိပ်တန်း ၁၀ ဦးထဲ ပါဝင်တဲ့ အသက် ၂၉ နှစ်ရှိသူ Ni Ni ဟာ ထင်ရှားတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး ပရီမီယံ brands အတော်များများရဲ့ ဖက်ရှင်ရှိုးတွေမှာ ပါဝင်တယ်။
တရုတ်နိုင်ငံမှာ ထုတေ်ဝတဲ့ ဖက်ရှင်မဂ္ဂဇင်းတွေမှာလည်း မျက်နှာဖုံးရှင် ဖြစ်ပါတယ်။ အရပြေားစောင့်ရှောက်ထိန်းသိမ်းမှုမှာ luxury brand တစ်ခုဖြစ်တဲ့ SK-II မှာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် ကိုယ်စားပြုပေးသူ အဖြစ် ၂၀၁၃ ခုနှစ်မှာ တာဝန်အပ်နှင်းခံရတယ်။ တရုတ်လူမှုကွန်ရက် Weibo မှာ နီနီဟာ အမာခံ ပရိသတ် ၁၈ သန်းကျော် ရရှိထားတယ်။ အာရှဒေသအတွက် Gucci ရဲ့ မျက်မှန်တွေအတွက် ambassador အဖြစ် တာဝန်ယူထားပါတယ်။
နောင်တစ်ချိန်မှာ နီနီ ဖြစ်လာမယ့် ကလေးငယ်ကို ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် ၈လေလုံးနေ့ရက်မှာ ဖွားမြင်ခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာဝင်ငွေသောက်သောက်လဲ ရရှိခဲ့တဲ့ Fleet of Time မှာ နီနီ ပါဝင်ခဲ့တယ်။ ပြင်သစ်နဲ့ တရုတ် ပူးတွဲရိုက်ကူးတဲ့ The Warriors Gate မှာလည်း နီနိ ပါဝင်ခဲ့ပြီး အဲဒီရုပ်ရှင်ကလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်။ အချစ်ဟာသဇာတ်ကား Suddenly Seventeen မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။