ကိုရီးယားသရုပ်ဆောင် မင်းသမီးများသည် ဇာတ်ကားတစ်ကားတွင် ဝတ်စားဆင်ယင်ပုံအမျိုးမျိုး၊ ဆံပင်စတိုင်နဲ့ accessory များဖြင့် ကိုယ်ပိုင်ပြောင်မြောက်သော icon တစ်ခုစီနဲ့ ပရိသတ်တွေကို ဖမ်းစားထားတတ်ကြပါတယ်။
Drama ထဲက ရုပ်ရှင်မင်းသမီးတွေရဲ့ ဖက်ရှင်တွေဟာ လူမှုမီဒီယာပေါ် မှတဆင့် လူနေမှုဘ၀ တွေအထိ လွမ်းမိုးမှုတစ်ခု အဖြစ်ပြောင်းလဲ လာကြပါ တယ်။ သူတို့အသုံးပြုသည့် အသားအ ရေ ထိန်းသိမ်းတဲ့ skin care အမှတ်တံဆိပ်များ နေ့စဉ် ဝတ်ဆင်လေ့ရှိတဲ့ ဒီဇိုင်းများသို့မဟုတ် တီဗီမျက်နှာပြင်ပေါ်ရှိ ဒီဇိုင်းများနှင့် အချို့ သောအတိုင်းအတာ အထိ ပရိသတ်တွေဟာ သဘောကျပြီး တုပဝတ်ဆင်လေ့ရှိကြပါတယ်။
သူတို့ရဲ့လွှမ်းမိုးမှုဟာ တကယ့်ကို သက်ရောက်မှုရှိပြီး ယခုမှာတော့ 2020ပြည့်နှစ်ရဲ့ fashion icon လို့ တင်စားရလောက်မယ့် နာမည်ကျော်အနုပညာရှင် ကိုရီးယားမင်းသမီးတချို့ကို စုစည်း ဖော်ပြပေးလိုက်ရပါတယ်။
1.Song Hye-kyo



Descendants of the Sun ဒရာမာပြသပြီးတာ လေးနှစ်ကြာရှိပြီဆိုပေမဲ့ Song Hye-kyo ကိုတော့ ပရိသတ်တွေက ကြိုက်နှစ်သက်ကြဆဲ ဖြစ်ပါတယ်။ Song Hye-kyo သည် အကြီးကျယ်ဆုံးသော fashion campaigns များတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး သူမဟာ Peter Lindbergh ကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံစီးရီးမှာတောင် ပါဝင်ခဲ့သူဖြစ်ပါတယ်။
သူမာသည် Vogue Korea၊ Harpers Bazaar နှင့် W မဂ္ဂဇင်းတို့၏ မျက်နှာဖုံးများတွင် မပါမဖြစ်လည်း ဖြစ်ပါတယ်။ သူမ၏ Instagram feed တွင် နောက်ဆုံးပေါ်ကိုရီးယား ဇိမ်ခံအမှတ်တံဆိပ်ဖြစ်သော Suecomma Bonnie နှင့် Bottega Veneta တို့ကိုလည်း တွေ့နိုင်ပါတယ်။
2.Bae Doona
![배두나, 클래스가 다른 분위기 [화보] - 조선일보](https://cloudfront-ap-northeast-1.images.arcpublishing.com/chosun/P5J4QQ4DAO373PIHJH24MGVAHE.jpg)


အသစ်စက်စက် Netflix K-series Kingdom တွင် အသေကောင်များကို အနိုင်ယူရုံသာမက Doona သည် အနုပညာနှင့် ဖက်ရှင်လောကကို အောင်နိုင်သူလည်း ဖြစ်ပါတယ်။
သူမသည် ပုံမှန် K ဒရာမာ မင်းသမီးမျိုးနဲ့ သိပ်မတူပဲ သူမဟာ ဓာတ်ပုံဆရာတစ်ဦးလည်းဖြစ်တယ်။ သူမဟာ Louis Vuitton ရဲ့ Campaign အများစုမှာပါဝင်ခဲ့ပါတယ်။ သူမသည် Vogue Korea ရှိ LVဖန်တီးမှုဒါရိုက်တာ Nicolas Ghesquiere နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားပြီး Elle နှင့် W မဂ္ဂဇင်းနှင့် မျက်နှာဖုံးအများအပြားတွင်လည်း ပါဝင်ခဲ့ပါတယ်။
3.Park Min-Young


City Hunter နှင့် What’s wrong with Secretary Kim တို့၏ အဓိကခေါင်းဆောင်မင်းသမီး Min-Young ကတော့ဒီ listထဲမှာ ပါကိုပါရမယ့်သူတစ်ဦးပါပဲ။ သူမရဲ့ ဖက်ရှင်စတိုင်လ်ဟာ လှုပ်ရှားမှုတိုင်းမှာ တစ်မျိုးနှင့်တစ်မျိုးမတူညီပဲ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်သူဖြစ်ပါတယ်။ သူမသည် သူမ၏ Valentino အနီရောင်ကော်ဇောထက်တွင် ပရိသတ်တွေကို အဖမ်းစားနိုင်ဆုံး သူဖြစ်ပြီး မီလန်မြို့တွင် ကျင်းပခဲ့တဲ့ Tod’s Fall/Winter 2020 runway show တွင်လည်း all black ဖက်ရှင်နဲ့ တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။
4.Lee Sung-kung



Weightlifiting Fairy Kim Bok-joo ရဲ့မင်းသမီးချော Sung-kyung ဟာတောင်ကိုရီးယားသရုပ်ဆောင်၊ မော်ဒယ်နှင့်အဆိုတော်ဖြစ်ပါတယ်။
သူမဟာ အဝတ်အစားထက် အိတ်တွေကို ပိုသဘောကျသူဖြစ်ပြီး သူမရဲ့ Instagram တွင် Fendi belt bag, Valentino V sling, Jimmy Choo purse တို့ကို မကြာခဏ တွေ့ရတတ်ပါတယ်။
5.Lee Ji-eun(IU)


အသက် 15နှစ် အရွယ်ကတည်းက IUဟာ အဆိုတော်၊ တေးရေးဆရာအဖြစ် ပွဲထွက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူမရဲ့ moon lovers, Hotel del Luna ဇာတ်ကားများနဲ့အတူ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်။ အောင်မြင်သောယောက်ျားလေး တီးဝိုင်းများနှင့် မိန်းကလေးအဖွဲ့များနှင့် ပြည့်နှက်နေသော ဂီတလုပ်ငန်းတွင် IUဟာ တစ်ကိုယ်တော် sololist အနေနဲ့ အောင်မြင် နေသူလည်း ဖြစ်ပါတယ်။
Alessandro Micheleရဲ့ မော်ဒယ်လ်မင်းသမီးချောဖြစ်ပြီး IUသည် မကြာသေးမီက Gucci ရဲ့ guestsများနှင့်အတူ ပွဲတက်ခဲ့ပါတယ်။ သူမဟာ သာမန်ထက်ကြီးမားတဲ့ လိပ်ပြာပုံလည်ပင်းစည်းနှင့် အတူ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး Gucci run away ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
6. Yoon Se-ri



Crash Landing On You မှ ခေါင်းဆောင်မင်းသမီး Yoon Se-ri အထူးသဖြင့် Instagram မှ Son Ye-jin ကိုတော့ ဒီ list ကနေ လက်လွတ်ရန် ခက်ခဲလှပါတယ်။
သူမဟာ K-drama သမိုင်းတွင် luxury ဇိမ်ခံပစ္စည်း အများဆုံးဝတ်ဆင်ခဲ့သူ တစ်ဦးဖြစ်ပြီး Chanel, Louis Vuitton, Bottega Veneta, Celine နှင့် Hermes တို့မှ နောက်ဆုံးထွက် အသစ်စက်စက်တွေကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
7.Kim Da-mi



Kim Da-mi သည် Itaewon Classမှ သရုပ်ဆောင် မင်းသမီးဖြစ်ပါတယ်။ Da-miဟာ ရဲရင့်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဒရာမာထဲတွင် အပြည့်အဝပြသခဲ့ပြီး သူမရဲ့ ဆံပင်ပုံစံအသစ်ကလည်းပရိသတ်တွေကြား ထဲ တော်တော်လေးရေပန်းစားခဲ့ပါတယ်။
8.Kwon Na-ra

![]()

Itaewon Class ရဲ့သရုပ်ဆောင်ဖြစ်တဲ့ အပြင် Hello Venus အဖွဲ့ဝင်လည်း Kwon Na-ra ကလည်း fashion icon တစ်ယောက်ပါပဲ။ Netflix ၏ စီးရီးမှ သူမ၏ ဝတ်စုံအပြင် အခြားဒီဇိုင်းများ၊ အားကစားဖျော်ဖြေမှုများနှင့် ဝတ်စားဆင်ယင်ခြင်းများအတွက် Na-ra ရဲ့fashionကိုတွေ့မြင်နိုင်ပါတယ်။
By Myanmar Textile & Garment Guide





