အသံချိုချိုလေးနှင့် ပရိသတ်တွေအကြိုက် သီချင်းကောင်းကောင်းလေးတွေသီဆိုတတ်တဲ့
နီနီခင်ဇော်ဟာ ဖက်ရှင် နဲ့ ပတ်သတ်ရင်လဲ အလန်းစားအမိုက်စားဝတ်ဆင်တတ်သူပါ။သူမကို ဖက်ရှင် နဲ့ ပတ်သတ်ပြီးမေးမြန်းထားတာကတော့ …………….
“နီနီခုတလောအကြိုက်ဆုံးဖက်ရှင်ဆိုရင် ပရိသတ်တွေသိပါလိမ့်မယ်။ခေတ်ဟောင်းတဲ့ဖက်ရှင်လေးတွေကြိုက်နေပါတယ်။ အဲ့တာကြောင့်မို့လို့လဲ နီနီခင်နဲ့ ကိုငြိမ်းမောင်ဇာတ်လမ်းလေးကိုဖန်တီးဖြစ်တာပေါ့နော်။မြန်မာပြည်ကချစ်စရာကောင်းတဲ့ မြန်မာဖက်ရှင်လေးတွေလဲသဘောကျသလို နိုင်ငံခြားကခေတ်ဟောင်းဖက်ရှင်လေးတွေလဲသဘောကျပါတယ်။အသစ်တွေဘယ်လောက်ဘဲပြောင်းပြောင်း ခေတ်ဟောင်းလေးတွေကတော့ ပြန်ပြန်ခေတ်စားနေတာပါဘဲ။နီ The voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်လုပ်တော့ evening gown လိုပုံစံမျိုးတော့ ၀တ်ထားတယ်။ နောက်ပိုင်းတော့ပေါ့ပေါ့ပါးပါးဘဲဝတ်တော့မှာပါ။ဝတ်စုံတွေကိုတော့ မပုံနဲ့ Kay ဖက်ရှင်နဲ့ပါ။ အခုတလောတော့ခေတ်ဟောင်းပုံစံလေးတေါကြိုက်နေတယ်။လူတိုင်းကခေတ်ရှေ့ကိုသွားနေတယ် ခေတ်ရှေ့ကိုသွားနေတယ် ကြတယ်ခေတ်ရှေ့ကို သွားနေကြတယ်လို့ပြောတာ အမှန်တကယ်တမ်းကြတော့ အားလုံးထဲမှာပိုပြီးထင်ရှားဖို့ဆိုရင် ခေတ်ဟောင်းဖက်ရှင်လေးတွေက ပိုပြီးမိုက်လိမ့်မယ်ထင်တယ်။အခုခေတ်ဖက်ရှင်လေးတွေကလဲ ပိုလန်းလာကြတယ်။ခုခေတ်ကိုရီးယားဖက်ရှင်လေးတွေကြိုက်ကြတဲ့ အပေါ်နီနီကတော့ တယောက်နဲ့ တယောက်အမြင်မတူဘူး နီနီကတော့လွတ်လပ်စွာ ကြိုက်နှစ်သက်ခွင့်ရှိတယ်လို့ထင်တယ်။ကြိုက်နှစ်သက်တဲ့ ဖက်ရှင် ကို ရွေးချယ်ပြီး စိတ်ကြိုက်ကြိုက်နှစ်သက်ပိုင်ခွင့်ရှိတယ်လို့ထင်တယ်။အ၀တ်တွေကို ရွေးချယ်တဲ့ အခါ သက်တောင့်သက်သာဖြစ်ဖို့ အသက်ရှုဝဖို့ ကိုယ်နဲ့ လိုက်ဖက်တာလေးတွေရွေးချယ်ဝယ်ယူကြပါလို့”နီနီခင်ဇော်ကပြောပါတယ်။
နီနီခင်ဇော်ဟာ ရှိုးပွဲကျင်းပသွားဖို့ ရှိသလို the voice Myanmar သီချင်းဆိုပွဲတွင်လဲ ဒိုင်အဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။