2020 Buil Film Awards ဆုပေးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်မှာ စတင်ကျင်းပခဲ့ပါတယ်။ Covid-19 ကပ်ရောဂါအခြေအနေကြောင့် ပွဲကြည့်ပရိသတ်တွေ ရှိမနေခဲ့ပေမယ့်လည်း မင်းသား၊ မင်းသမီးတွေကတော့ ကော်ဇောနီပေါ်မှာ လှလှပပ လျှောက်လှမ်းခဲ့ကြပါတယ်။
ယခုဖော်ပြပေးသွားမှာကတော့ မြင်သူတိုင်း လည်ပြန်ငေးမောခဲ့ရတဲ့ ဆွဲဆောင်မှုရှိပြီး လှပလွန်းတဲ့ ဝတ်စုံတွေနဲ့ မင်းသမီးလေးယောက်ပဲ ဖြစ်ပါတယ်။
Choi Hee Seo

Choi Hee Seo ဟာ သူ့ရဲ့ All black ဝတ်စုံလေးနဲ့ အများကြားမှာတောက်ပနေခဲ့ပါတယ်။ သူ့ရဲ့ အင်္ကျီပေါ်က အစက်အပြောက်ဒီဇိုင်းလေးနဲ့ ဇာအနားကွပ်ထားတဲ့ ကတ္တီပါ skirt လေးဟာ တစ်မူထူးခြား လှပနေပါတယ်။
Kim Hye Eun

Kim Hye Eun ကလည်းပဲ ရှုပ်ထွေးဆန်းကြယ်ပြီး လှပတဲ့ ဇာနဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ သူ့အင်္ကျီရဲ့ ထူးခြားချက်ကတော့ လှပသပ်ရပ်တဲ့ လက်ဖောင်းပုံစံလေးပါပဲ။
Lee In Hye

Lee In Hye ကတော့ အဖြူရောင် ဖဲသားဂါဝန်ရှည်လေး နဲ့ ကမ္ဘာမြေပေါ်ကို နတ်သက်ကြွေလာတဲ့ နတ်သမီးလေး တစ်ပါးလို လှပလွန်းနေခဲ့ပါတယ်။ သူ့ရဲ့ ဇာအပါးသားနဲ့ ဖောက်ထွင်းမြင်ရတဲ့ အင်္ကျီလက်ပုံစံလေးဟာ Classic ဆန်ဆန် နဲ့ ဆန်းသစ် လှပနေပါတယ်။
Seo Ye Ji


အဲ့ဒီညမှာတော့ Seo Ye Ji ထက် ပိုမိုလှပတဲ့ ဝတ်စုံနဲ့ မင်းသမီး ထပ်မရှိနိုင်တော့ပါဘူး။ Seo Ye ji ဟာ သူနဲ့ ကွက်တိဖြစ်ပြီး လှပသေသပ်လွန်းတဲ့ အနက်ရောင်ဂါဝန်ရှည်ကြီးနဲ့အတူ ပွဲတစ်ခုလုံးရဲ့ အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲ့ဒီဂါဝန်ရှည်ဟာ ခွဲကြောင်းရှည်ရှည် နဲ့ လည်ပင်းအဟိုက် ပုံစံ ဒီဇိုင်းထုတ်ထားတာပါ။
ထင်မှတ်ထားတဲ့အတိုင်းပဲ ပွဲထဲမှာ ရှိတဲ့သူတွေအားလုံး Seo Ye Ji ထံကနေ အကြည့်မလွှဲနိုင်ခဲ့ကြပါဘူး။ Seo Ye Jiကတော့ အဲ့ဒီညမှာ တက်ရောက်လာကြတဲ့ celebrities တွေထဲက အလှဆုံးစာရင်းဝင်တစ်ယောက်ဆိုတာ ဘယ်သူမှငြင်းနိုင်လိမ့်မယ်မထင်ပါဘူး။
Source: koreaboo





