What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုးအဝိုင်းအထပ် ချုပ်ပုံချုပ်နည်း အဆင့်ဆင့်

ပိုးအဝိုင်းအထပ် ချုပ်ပုံချုပ်နည်း အဆင့်ဆင့် google

ပိုးအဝိုင်းနှစ်ထပ် ချုပ်ပုံချုပ်နည်း၊ ပိတ်စယူရမည့်ပုံစံ၊ ညှပ်ထုပ်ရမည့် အလွှာခြမ်း နဲ့ မီးပူတိုက်ရမည့် ပုံစံများကို မျှဝေပေးလိုက်ပါတယ်။

ဒီနည်းကို လေ့ကျင့်ခြင်းအားဖြင့် အင်္ကျီရဲ့ အစိတ်အပိုင်း တော်တော်များများ ချုပ်တာမှာ လှပကောင်းမွန်လာမှာဖြစ်ပါတယ်။

1. 5cm အချင်းဝက်ရှိတဲ့ စက်ဝိုင်း ကို Pattern ထုပ်ပါ။
2.ပိတ်စအကြောအတွက် ၃၆၀ဒီဂရီ အပေါင်းပုံလေးမှတ်ပါ။
3.အပေါ်အောက်ပိတ်စကြောမှန်ဖို့ မှတ်ခဲနဲ့မှတ်ပါ။
4. အရေးကြီးဆုံးအချင်က အောက်ခံအလွာက အပေါ်အလှအလွာထက် (.1)cm သေးထားဖို့လိုပါတယ် ။အဲ့အကြီးအသေးနှစ်ခုကိုညီအောင်ညှိပြီး ချုပ်ရပါမယ်။
5. ဒါမှချုပ်ပြီးသွားရင် အပေါ်လွာလေးကို အောက်လွာလေးက ဆွဲယူပေးသွားပြီး အောက်ခြမ်းကအလှဘက်ထွက်မလာတော့ဘူးပေါ့။

1

 

ပိတ်ကြောမှန်စေဖို့ မှတ်ခဲပေးထားတာ။

2

 

အပေါ်အောက် တစိတ်ခွာထားတာ။

3

 

ချုပ်ကြောင်းကို ညီနေအောင်ပေါက်ပါ။

4

 

ညှပ်ထုပ်ရမယ့်အခြမ်းက မလှခြမ်းကို ချုပ်စာရဲ့ တဝက်ညှပ်ထုပ်ရပါမယ်။ အပေါက်လှမ်မယ့်နေရာလေးတော့ ညှပ်မထုပ်ရဘူးနော်။

5

6

 

ချုပ်စာအကြီးခြမ်းကို စက်ကြောင်းအကြဲပေါက် ရပါမယ် ။ ကြိုးဆွဲ ရှုံ့ဖို့အတွက်ပါ။

7

 

ခုံးခုံးလေးဖြစ်သွားပြီ။

8

 

မီးပူတိုက်ဖို့ ကဒ်ထူစက္ကူအမာနဲ့ 5cm စက်ဝိုင်း pattern လုပ်ထားရပါမယ်။

9

 

ကဒ်ထူအဝိုင်းလေးခံပြီး မီးပူတိုက်ပါ။

10

 

အဝိုင်းကိုအလှဘက်က မြင်ရပုံ

11

 

အဝိုင်းလှလှလေးရဖို့ ၁၅ ခုလောက်လေ့ကျင့်ရပါမယ်။

12

 

အောက်ဖက်က မြင်ရပုံပါ။ ပေါ်နဲ့အောက် ကအောက်လွှာလေးက အထဲဝင်နေရပါမယ်။ ဒါမှသေသပ်တဲ့အဝိုင်းလေးဖြစ်လာမှာ။

14

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

 Related Article>> လုံးကွပ်ကွပ်နည်း ကွင်းတပ်နည်း

Source: Designer Minn Thet Saen

Myanmar Textile and Garment Directory

Read 6431 times
Rate this item
(1 Vote)
Tagged under