ဖက်ရှင်ပညာဟာ ကျယ်ပြန့်များပြားတဲ့ ပညာနယ်ပယ်ဖြစ်တာမို့ post တစ်ခုနဲ့တင် အပြီးသတ် အစအဆုံး ပြောပြပေးလို့ရမှာ မဟုတ်ဘူး။
Myanmar Textile and Garment Guide မှာ အခါအားလျော်စွာ post တွေ တစ်ခုပြီးတစ်ခု တင်ပေးသွားဖို့ စီစဉ်ထားပါတယ်။
ကျယ်ပြန့်များပြားတဲ့ နယ်ပယ်ထဲမှ ချုပ်လုပ်ခြင်း sewing အကြောင်းကို အာရုံစိုက်ပြီး တင်ပြပေးနေတာမှာ စတူဒီယိုတစ်ခု နေရာချပုံ အနေအထားကို တင်ပြပေးခဲ့ပြီးပါပြီ။ ပြီးတဲ့အခါ ပင်အပ်တွေအကြောင်းကိုလည်း ပြောပြပေးခဲ့ပါတယ်။ အခု ဆက်လက်ပြီးတော့ လက်ချုပ်အပ်အကြောင်း နည်းနည်းပါးပါး ပြောပြပါမယ်။
လက်ချုပ်အပ်ကို ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အဓိကအချက်များ
• အထည်သား အထူအပါးနဲ့ အလေးချိန်
• အထည်သား ရက်လုပ်ထားတဲ့ ချည်ကြောအခြေအနေ
• သုံးစွဲမယ့် အပ်ချည် အရွယ်အစားနဲ့ အလေးချိန်
• ဖက်ရှင်ဒီဇိုင်းက ဘယ်လို ရည်ရွယ်ချက်နဲ့ ဖန်တီးလိုတာလဲ။ ဘယ်လိုမျိုး ဖြစ်စေချင်တာလဲ။



















