စမတ်ဖုန်းခေတ်မှာ အက်ပ်သုံးတတ်မှ ခေတ်မီမယ်။
ဖလက်စကက်ခ်ျ သုံးစွဲပုံ နမုနာတစ်ခုကို ဖော်ပြပေးလိုက်တယ်။
စသုံးပြီဆိုရင် ဖုန်းစခရင်မှာ အလျားလိုက် ဖော်ပြလိမ့်မယ်။
ဘယ်လို သုံးစွဲသလဲ နည်းနည်းပါးပါး မိတ်ဆက်ပေးထားတယ်။
စခရင်ကို တွန်းဖယ်ပြီး ရှေ့ဆက်တယ်။
စခရင်ကို ဘေးတွန်းပြီး ဖယ်လိုက်ရင် ထိပ်ဆုံးစာမျက်နှာ ပေါ်လာတာ အောက်ပါပုံအတိုင်း ဖြစ်ပါတယ်။ ဘယ်ခြမ်းနဲ့ ညာခြမ်း နှစ်ပိုင်းပါတယ်။
ဘယ်ဘက်မှာ ဒီဇိုင်း လုပ်ကိုင်မယ့် အ၀တ်အစား အမျိုးအစားကို ရွေးချယ်ပါ။
ယာဘက်မှာတော့ လည်ပင်းပေါက်၊ အလျားအတိုအရှည်၊ ဖစ်တင် တို့ကို ရွေးလိုက်ပါ။
အခု ဘလောက်စ်တစ်ထည် ဒီဇိုင်းထုတ်ဖို့ ရွေးတားတာ တွေ့ရမယ်။

အခြေခံအားဖြင့် ၆ မျိုး ရွေးလို့ရတယ်
စကက်၊ ဒရက်စ်၊ ဘောင်းဘီ၊ ဂျက်ကက်၊ အပေါ်ရုံထည်တို့ကို နမူနာ ပြပေးထားတယ်။





အခု ဂျက်ကက်ကို နမူနာ လုပ်ကိုင်ကြည့်ကြမယ်။ လည်ပင်းပေါက် အ၀ိုက်ကို ရွေးထားတယ်။ အရှည်က နည်းနည်းလေး ပိုရှည်ပေးထားတယ်။
ဒီဟာကို အခြေခံအဖြစ် ထားပြီး ကျမ ဒီဇိုင်းထုတ်မယ်။
ရွေးချယ်ပေးတာတွေ ပြီးသွားရင် Done ဆိုတဲ့ နေရာကို နှိပ်ပေးလိုက်ရင် ဒီဇိုင်း စခရင်ကို ရောက်သွားမယ်။
အဲဒီမှာ ဒီဇိုင်း ဆက်ထုတ်ရမယ်။

ဖုန်းကို သုံးစွဲပြီး သိမ်းစရာရှိတာတွေ သိမ်းဖို့ ပါမစ်ရှင် တောင်းတာကို ပေးလိုက်တယ်။ အဲဒါတော့ စခရင်ရှော့ မပြတော့ဘုးနော်။
အောက်မှာ ဒီဇိုင်းစခရင်ပုံ ဖော်ပြပေးထားတယ်။ အ၀တ်အစား အကြမ်းထည်ကို ကိုယ်ခန္ဒာပေါ် တင်ပြပေးထားတယ်။

အရင်ဆုံး အံဆွဲအိုင်ကွန် drawers icon ကို တို့ထိပြီး ဖွင့်ချလိုက်။
လည်ပင်း Neck ကို တို့ထိလိုက်ရင် လည်ပင်းပိုင်းနဲ့ ဆိုင်တာတွေ ပေါ်လာမယ်။ လိုချင်တာကို ရွေးချယ်လိုက်တယ် ဆိုပါတော့။
ကော်လာကို တို့ထိပြီး တပ်ဆင်ပေးလိုက်ရုံပါပဲ။

လက်အပိုင်းကိုလည်း drawer ထဲကနေ အတို အလတ် အရှည် ဖော်ပြပေးထားတာကို ရွေးချယ်တယ် ဆိုပါတော့။

လက်ကော်ဝတ်နေရာမှာ တုပ်ပေးထားတကို ရွေးချယ်ပုံကို နမူနာ ဖော်ပြပါတယ်။
ကိုယ့်ဘာသာကိုယ်လည်း လက်တည့်စမ်းကြည့်ပေးပါနော်။ လက်သည်ချည်းပဲ အားမကိုးနဲ့ ညှစ်အားလေးလည်း စိုက်ပေါ့နော် :)

နောက်တစ်မျိုး လက်တည့်စမ်းကြည့်လိုက်တယ်။ ပိတ်စဖိုး ကုန်တာမှ မဟုတ်တာ။ စခရင်မှာ စိတ်ကြိုက်ရွေးလိုက်စမ်းပါနော်

Detail ထဲမှာ ဖဲကြိုးလှလှလေးတစ်ခု ရွေးယူလိုက်တယ်။ ဘယ်လို နေရာချရမလဲ နောက်တော့ ပြောပြမယ်။ လောလောဆယ် ယူစရာရှိတာ အရင်ရွေးယူလိုက်နော်

ဖဲကြိုးကို ဖိပေးထားရင်း ပွတ်ဆွဲယူပြီး ထားလိုတဲ့နေရာမှာ နေရာချလိုက်ပြီးရင် ပြန်လွှတ်လိုက်တယ်

စခရင်အောက်နားမှာ ပေါ်နေတဲ့ ဆလိုက်ဘားကို သုံးပြီး အကြီးအသေး ချိန်တယ်။

ခါးပတ်တွေကို Belt မှာ ရှာဖွေရယူလို့ရတယ်

Closing မှာ ဘာတွေ ရနိုင်မလဲ ကြည့်လိုက်ပါဦး

ဒီလိုလေး တပ်ဆင်ကြည့်လိုက်ပါဦး

အိတ်ထောင် ရွေးလိုက်ပါဦး

ဘေးနှစ်ဖက်မှာ အိတ်တပ်တာ နုမူနာ ပြပေးထားတယ်

ကျောဘက်မှာ အိတ်ထောင်အလှ တပ်ဆင်တာကို ပြပေးထားတယ်
အရွယ်အစား အကြီးအသေးကို စလိုက်ဘားနဲ့ ချိန်ကြည့်ပါ။

အဲဒီမှာ ကိုယ့်စိတ်ကြိုက်ဆွဲဖို့ ခဲတံပါတယ်။ ဒါပေမဲ့ ကျမ ဆွဲကြည့်တာ အတော်မလွယ်ဘူး။
ဖုန်းစခရင်မှာ လက်ချောင်းထိပ်နဲ့ ဆွဲရတာဆိုတော့ ဖြစ်စေချင်တာနဲ့ တကယ်ဆွဲမိတာ တခြားစီ ဖြစ်နေတယ်။
Tablet နဲ့ ဆိုရင်တော့ လွယ်မလား မသိဘူး။ စခရင်ပိုကြီးတော့ လွယ်မယ်ထင်တယ်။ ကျမမှာ ဖုန်းပဲရှိတော့
မစမ်းရသေးဘူး။ တော်တော် လက်ဝင်တယ်။


မျက်လုံးကို နှိပ်ကြည့်လိုက်ပါ။ ကိုယ်ခန္ဓာ အရေးအကြောင်း အရာပေးထားတာ ပျောက်သွားမယ်။
ကိုယ်ဒီဇိုင်းထုတ်ထားတဲ့ အ၀တ်အစားကို ရှင်းရှင်းလင်းလင်း မြင်ရမယ်။

ပုံကို သိမ်းဖို့ကတော့ စက္ကူခေါက်လေယာဉ်ပုံကို နှိပ်လိုက်ပါ

လေ့ကျင့်ခန်း အဖြစ် ဘောင်းဘီရှည် တစ်ထည် ဒီဇိုင်းထုတ်ကြည့်လိုက်ပါ
ကျန်းမာ ရွှင်လန်းပါစေရှင်
မိုးမိုးတက်
အောက်ဖော်ပြါလင့်ခ်မှာ အက်ပ်ကို Google Play Store နဲ့ iTune App Store တို့အတွက် ဖော်ပြပေးထားပါတယ်။
အခမဲ့ ဒေါင်း ယူနိုင်ပါတယ်ရှင်
http://www.textiledirectory.com.mm/articles/item/915-fashion-design-flat-sketch.html





