အက်ႌေတြ ၀ယ်ဝယ်ဖြစ်နေပေမယ့် မ၀တ်ဖြစ်ဘူးဖြစ်နေလား။ ဒါမှမဟုတ် အ၀တ်အစားကဟောင်းနေပေမယ့် လွှင့်မပစ်ရက်ဘူးဖြစ်နေလား။
တခြားသူကို ပေးလိုက်လို့ရပေမယ့် ကိုယ်ဝတ်ပြီးသားဟောင်းနွမ်းနေပြီမို့ မပေးချင်ဘူးဆိုရင် အ၀တ်အစားတွေကို အလေအလွှင့်မဖြစ်အောင် ဒီလိုပြင်လို့ရပါတယ်။
ပြောက်ကျားဘောင်းဘီရှည်
ဘောင်းဘီရှည်ကို ညှပ်ရမှာလည်း နမျောတယ်ဆိုရင် ဒီလိုလေးပြင်လိုက်လို့ရပါတယ်နော်။ အောက်က ခေါင်းလောင်းပုံဖြစ်နေရင် အခုလို အကျပ် ဆွဲသားလေးကို ကပ်ပြီးချုပ်ပေးလိုက်ပါ။
ဂျင်းဘောင်းဘီရှည်
ခေါင်းလောင်းပုံဂျင်းဘောင်းဘီရှည်တွေ ဒါမှမဟုတ် တချို့ဂျင်းဘောင်းဘီရှည် ပွပွတွေကို မ၀တ်ချင်တော့ဘူးဆိုရင် ညှပ်သာပစ်လိုက်ပါ။ပြီးရင် ဒီလိုလေးပြန်ဝတ်လို့ရပါတယ်။
ကော်လံ
အင်္ကျီကော်လံကို ဘာမှလုပ်လို့မရမှာစိတ်မပူပါနဲ့။ အချစ်ဆုံး အိမ်ကခွေးလေးတွေအတွက် လည်ပင်းမှာ ကော်လံလေးကို တပ်ပေးလိုက်မယ်။ ချစ်စရာမကောင်းဘူးလားရှင့်။
အင်္ကျီကို ဖလန်းဖလန်းဖြစ်အောင်
အင်္ကျီကို ဖလန်းဖလန်းဖြစ်အောင် CD ခွေလေးတွေနဲ့ ပြင်လို့ရပါတယ်။ ဖက်ရှင်ဒီဇိုင်နာမလိုဘူးနော်။
အရင်ဆုံး အခွေကို ရေနွေးနဲ့ ပြုတ်ပါမယ်။ ၅ မိနစ် ၁၀ မိနစ်လောက် ပြုတ်ပြီးရင် ဆယ်ယူလိုက်ပါ။ပီးရင် ကပ်ကြေးနဲ့ ညှပ်ပါမယ်။ တြိဂံပုံစံလေး သေချာညှပ်ပါ။
ဆူပါဂလူးသုံးရမယ်နော်။ CD ခွေနားမှာ ဆူပါဂလူးကပ်ပြီး ကော်လံမှာ ကပ်ပေးပါ။ လန်းသွားပြီနော်။
တီရှပ် (သို့) ရိုးရိုးချိုင်းပြတ် အင်္ကျီကို ချိုင်းပြတ်ပုံ ပြန်ချုပ်မယ်
တီရှပ် (သို့) ရိုးရိုးချိုင်းပြတ် အင်္ကျီကို ဒီလို ချုပ်လို့ရတယ်နော်။
ချိုင်းပြတ်လို ကိုယ့်ရဲ့ကိုယ်တိုင်းနဲ့ လိုချင်တဲ့ပုံညှပ်လိုက်ပါ။ ဇာပိတ်စ အနည်းငယ်ယူပါ။
ပြီးရင် အနောက်မှာ အပေါက်လေးဖောက်ဖို့ အမှတ်လေးတွေ မှတ်ပေးပါ။ ပြီးရင် ညှပ်ဖြတ်လိုက်ပါ။
ညှပ်ဖြတ်ထားတဲ့အစနဲ့ စောစောကယူထားတဲ့ ဇာအစနဲ့ကို တိုင်းပြီး ညှပ်ပေးပါ။
ပြီးရင် အပေါက်ဖောက်ထားတဲ့ နားမှာ ကပ်ပြီး ချုပ်ပေးပါ။