Zaw+Uni ဖိတာ Pressing နဲ႔ တုိက္တာ မီးပူကုိ သုံးေပမယ့္ လုပ္ကုိင္ပုံျခင္း ကြဲျပားတယ္။
ႏွစ္မ်ဳိးစလုံးက RMG လုိ႔ အတုိေကာက္ေခၚတဲ့ readymade garment အသင့္ခ်ဳပ္ၿပီး ခ်ဳပ္ထည္ လုပ္ငန္းစဥ္မွာ အေရးပါတယ္။ ေရေႏြးေငြ႕ မႈတ္ေပးရင္း ဖိတာတုိက္တာလည္း ရွိတယ္။ မလုိလားတဲ့ တြန္႔ေၾကေနတာေတြ ကင္းဖုိ႔၊ ျပန္႔ေနဖုိ႔အျပင္ ပုံက်ဖုိ႔တုိ႔အတြက္ လုပ္ေပးၾကရတာ ျဖစ္ပါတယ္။
ဒီေတာ့ ရည္ရြယ္ခ်က္ ေလးမ်ဳိး ရွိေနတယ္။
●တြန္႔ေၾကတာ၊ အတြန္႔အေခါက္ အတြန္႔အလိပ္ကုိ ဖယ္ရွားျခင္း
●ပုံသြင္းျခင္း
●လုိအပ္ရင္ အတြန္႔ေတြ အေခါက္ေတြ အလိပ္ေတြ ထည့္ေပးျခင္း
●ေခါက္႐ုိးအရာ ေခါက္႐ုိးက်ဳိးေအာင္ ဖိျခင္း
●အၿပီးသတ္ အေခ်ာသတ္ မီးပူတုိက္ျခင္း
●တြန္႔ေၾကတာ၊ အတြန္႔အေခါက္ အတြန္႔အလိပ္ကုိ ဖယ္ရွားျခင္း
ခ်ဳပ္ထည္ေတြကုိ ခ်ဳပ္လုပ္တဲ့အခါ မလုိလားတဲ့ ေခါက္႐ုိးရာေတြ တြန္႔ေနတာေတြ၊ ေခါက္ေနတာေတြ၊ အနားလိပ္ေနတာေတြ ျဖစ္ေပၚတတ္တယ္။ ဒီေတာ့ ဖိတာတုိက္တာကုိ ျပဳလုပ္ေပးၿပီး ေျဖေဖ်ာက္ေပးၾကတယ္။
●ပုံသြင္းျခင္း
ခ်ဳပ္ထည္မွာ ၀တ္ဆင္လုိက္တဲ့အခါ ပုံက်က်နန ျဖစ္ဖုိ႔ ေဒါက္(dart)နဲ႔ ခ်ဳပ္တြဲေပးထားတာေတြ ပါရင္ ျဖစ္ေစခ်င္တဲ့ပုံ ပီျပင္ေအာင္ ဖိေပးၾကတယ္။ ခ်ဳပ္ထည္ရဲ႕ အလွနဲ႔ ဆြဲေဆာင္မႈ ပုိေကာင္းသြားေစတယ္။
●လုိအပ္ရင္ အတြန္႔ေတြ အေခါက္ေတြ အလိပ္ေတြ ထည့္ေပးျခင္း
အထည္ခ်ဳပ္လုပ္ငန္းက႑မွာ ခ်ဳပ္ထည္ကုိ အလွတုိးေစဖုိ႔ တြန္႔ေခါက္တာကုိ တမင္ထည့္ေပးတာမ်ဳိး ရွိတယ္။ ခ်ဳပ္တဲ့အခါ ဟန္က်ပန္က်ျဖစ္ေစဖုိ႔ လက္ရာ လွပေစဖုိ႔ မီးပူတုိက္တာ၊ မီးပူဖိတာကုိ အရင္လုပ္ေပးၿပီး ေခါက္ရာ ေပးတာမ်ဳိးလည္း ရွိတယ္။
●ေခါက္႐ုိးအရာ ေခါက္႐ုိးက်ဳိးေအာင္ ဖိျခင္း
ခ်ဳပ္ထည္တစ္ခုကုိ အထည္အပုိင္းအစေတြ ဆက္စပ္ၿပီး ခ်ဳပ္တဲ့အခါ တခ်ဳိ႕အပုိင္းေတြက အနားသတ္ကုိ အေသေခါက္ေပးထားၿပီးမွ ခ်ဳပ္တယ္။ ဥပမာ ရင္ဘတ္မွာ ရွိတဲ့ အိတ္ေထာင္ကုိ ရင္ဘတ္ေနရာမွာ တြဲခ်ဳပ္မယ္ဆုိရင္ အိတ္ေထာင္အစ အနားေတြကုိ ေခါက္ၿပီး ဖိေပးတယ္။ ေခါက္႐ုိးက်ဳိးသြားေအာင္ လုပ္တယ္။ အခုလုိ လုပ္တာကုိ Under pressing လုိ႔ ေျပာၾကတယ္။ ေဘာင္းဘီမွာ ႏွစ္ျခမ္းစပ္တဲ့အခါမွာလည္း အနားသတ္ကုိ နည္းနည္းေလး ေခါက္ေပးၿပီး အဲဒီေခါက္ထားတဲ့အပုိင္းႏွစ္ခုကို တြဲခ်ဳပ္တယ္။ အဲဒီအခါ Under pressing လုပ္ေပးၿပီးမွ ခ်ဳပ္ၾကတယ္။ ေခါက္႐ုိးက်ဳိးၿပီးသားဆုိေတာ့ ခ်ဳပ္ရတဲ့သူ ခ်ဳပ္ရတာ လြယ္သြားတဲ့အျပင္ ပုိလွၿပီး ပုိေသသပ္သြားေစပါတယ္။
●အၿပီးသတ္ အေခ်ာသတ္ မီးပူတုိက္ျခင္း
ခ်ဳပ္ၿပီးလုိ႔ ခ်ဳပ္ထည္ရလာတဲ့အခါ ဖိတာတုိက္တာကုိ ေနာက္ဆုံး အၿပီးသတ္အျဖစ္ လုပ္ကုိင္ေပးတယ္။ ၿပီးမွ သတ္မွတ္ထားတဲ့အတုိင္း ခ်ဳပ္ထည္ကုိ စနစ္တက်ေခါက္ၿပီး ထုပ္ပုိးတယ္။ ျပန္႔ေနၿပီးတြန္႔ရာေၾကရာ မပါတဲ့ ခ်ဳပ္ထည္ဟာ အျမင္လွေနၿပီး ဆြဲေဆာင္မႈ ရွိေနမွာ ျဖစ္ပါတယ္။
မီးပူနဲ႔ ဖိတဲ့အခါ ဖိေစခ်င္တဲ့ ေနရာကုိ ဖိေပးတယ္။ ၿပီးရင္ မီးပူကုိ ျပန္မ ၿပီး ေနာက္တစ္ေနရာကုိ ဖိတယ္။ ဖိလ်က္သားျဖင့္ ေနရာေရႊ႕ရင္ အထည္သားကုိ အပူေပးၿပီး ဖိဆြဲတာမုိ႔ အထည္သား ပုံပ်က္တယ္။ ခ်ည္မွ်င္ေတြ အေနအထား ပ်က္ယြင္းတယ္။ စုိထုိင္းထုိင္း ျဖစ္ေအာင္ လုပ္ၿပီး ဖိရင္ ပုိအဆင္ေျပတဲ့ အထည္သားမ်ဳိးဆုိရင္ ေရေႏြးေငြ႕နဲ႔ မႈတ္ေပးေနရင္း ဖိတယ္။ မီးပူတုိက္ရင္လည္း အရင္ဆုံး အထည္သားေပၚမွာ မီးပူကုိ နည္းနည္းေလး ၾကြေပးထားၿပီး မီးပူမွ ထြက္ေနတဲ့ ေရေႏြးေငြ႕နဲ႔ မႈတ္ေပးတယ္။ ၿပီးမွ အထည္သားနဲ႔ ထိေအာင္ မီးပူကုိ ခ်ၿပီး တုိက္ၾကပါတယ္။
အိမ္္မွာ အခုလုိ လုပ္ခ်င္တယ္။ ဒါေပမဲ့ ေရေႏြးေငြ႕ မႈတ္တဲ့ မီးပူ မရွိရင္ အ၀တ္အစားကုိ စုိထန္႔ထန္႔အခ်ိန္မွာ မီးပူနဲ႔ ဖိေပးၿပီး တြန္႔ေၾကတာကုိ ျပန္႔ေအာင္ လုပ္ၾကတယ္။ တြန္႔ေစခ်င္တဲ့ေနရာကုိ ပုံသြင္းရင္လည္း အလားတူပါပဲ။ တကယ္ သြားဖုိ႔လာဖုိ႔ရွိလုိ႔ ေျခာက္ေသြ႕ၿပီးသား အ၀တ္အစားကို ဘီဒုိထဲက ထုတ္ၿပီး ဖိတာတုိက္တာ လုပ္ခ်င္တဲ့အခါ စုိထန္႔ထန္႔ျဖစ္ေအာင္ ေရျမႇဳပ္ကုိ သုံးၾကပါတယ္။ ေရျမႇဳပ္ကုိ ေရထဲႏွစ္၊ ေရေတြကုိ ျပန္ညႇစ္ထုတ္ၿပီး စုိေနတဲ့ေရျမႇဳပ္နဲ႔ ဖိမယ့္တုိက္မယ့္ေနရာကုိ စုိထန္႔ထန္႔ ျဖစ္ေအာင္ လုပ္ေပးၿပီး ဖိတာတုိက္တာကုိ လုပ္ၾကပါတယ္။
uni
ဖိခြင်းနဲ့ တိုက်ခြင်း
ဖိတာ Pressing နဲ့ တိုက်တာ မီးပူကို သုံးပေမယ့် လုပ်ကိုင်ပုံခြင်း ကွဲပြားတယ်။ နှစ်မျိုးစလုံးက RMG လို့ အတိုကောက်ခေါ်တဲ့ readymade garment အသင့်ချုပ်ပြီး ချုပ်ထည် လုပ်ငန်းစဉ်မှာ အရေးပါတယ်။ ရေနွေးငွေ့ မှုတ်ပေးရင်း ဖိတာတိုက်တာလည်း ရှိတယ်။ မလိုလားတဲ့ တွန့်ကြေနေတာတွေ ကင်းဖို့၊ ပြန့်နေဖို့အပြင် ပုံကျဖို့တို့အတွက် လုပ်ပေးကြရတာ ဖြစ်ပါတယ်။
ဒီတော့ ရည်ရွယ်ချက် လေးမျိုး ရှိနေတယ်။
●တွန့်ကြေတာ၊ အတွန့်အခေါက် အတွန့်အလိပ်ကို ဖယ်ရှားခြင်း
●ပုံသွင်းခြင်း
●လိုအပ်ရင် အတွန့်တွေ အခေါက်တွေ အလိပ်တွေ ထည့်ပေးခြင်း
●ခေါက်ရိုးအရာ ခေါက်ရိုးကျိုးအောင် ဖိခြင်း
●အပြီးသတ် အချောသတ် မီးပူတိုက်ခြင်း
●တွန့်ကြေတာ၊ အတွန့်အခေါက် အတွန့်အလိပ်ကို ဖယ်ရှားခြင်း
ချုပ်ထည်တွေကို ချုပ်လုပ်တဲ့အခါ မလိုလားတဲ့ ခေါက်ရိုးရာတွေ တွန့်နေတာတွေ၊ ခေါက်နေတာတွေ၊ အနားလိပ်နေတာတွေ ဖြစ်ပေါ်တတ်တယ်။ ဒီတော့ ဖိတာတိုက်တာကို ပြုလုပ်ပေးပြီး ဖြေဖျောက်ပေးကြတယ်။
●ပုံသွင်းခြင်း
ချုပ်ထည်မှာ ဝတ်ဆင်လိုက်တဲ့အခါ ပုံကျကျနန ဖြစ်ဖို့ ဒေါက်(dart)နဲ့ ချုပ်တွဲပေးထားတာတွေ ပါရင် ဖြစ်စေချင်တဲ့ပုံ ပီပြင်အောင် ဖိပေးကြတယ်။ ချုပ်ထည်ရဲ့ အလှနဲ့ ဆွဲဆောင်မှု ပိုကောင်းသွားစေတယ်။
●လိုအပ်ရင် အတွန့်တွေ အခေါက်တွေ အလိပ်တွေ ထည့်ပေးခြင်း
အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ချုပ်ထည်ကို အလှတိုးစေဖို့ တွန့်ခေါက်တာကို တမင်ထည့်ပေးတာမျိုး ရှိတယ်။ ချုပ်တဲ့အခါ ဟန်ကျပန်ကျဖြစ်စေဖို့ လက်ရာ လှပစေဖို့ မီးပူတိုက်တာ၊ မီးပူဖိတာကို အရင်လုပ်ပေးပြီး ခေါက်ရာ ပေးတာမျိုးလည်း ရှိတယ်။
●ခေါက်ရိုးအရာ ခေါက်ရိုးကျိုးအောင် ဖိခြင်း
ချုပ်ထည်တစ်ခုကို အထည်အပိုင်းအစတွေ ဆက်စပ်ပြီး ချုပ်တဲ့အခါ တချို့အပိုင်းတွေက အနားသတ်ကို အသေခေါက်ပေးထားပြီးမှ ချုပ်တယ်။ ဥပမာ ရင်ဘတ်မှာ ရှိတဲ့ အိတ်ထောင်ကို ရင်ဘတ်နေရာမှာ တွဲချုပ်မယ်ဆိုရင် အိတ်ထောင်အစ အနားတွေကို ခေါက်ပြီး ဖိပေးတယ်။ ခေါက်ရိုးကျိုးသွားအောင် လုပ်တယ်။ အခုလို လုပ်တာကို Under pressing လို့ ပြောကြတယ်။ ဘောင်းဘီမှာ နှစ်ခြမ်းစပ်တဲ့အခါမှာလည်း အနားသတ်ကို နည်းနည်းလေး ခေါက်ပေးပြီး အဲဒီခေါက်ထားတဲ့အပိုင်းနှစ်ခုကို တွဲချုပ်တယ်။ အဲဒီအခါ Under pressing လုပ်ပေးပြီးမှ ချုပ်ကြတယ်။ ခေါက်ရိုးကျိုးပြီးသားဆိုတော့ ချုပ်ရတဲ့သူ ချုပ်ရတာ လွယ်သွားတဲ့အပြင် ပိုလှပြီး ပိုသေသပ်သွားစေပါတယ်။
●အပြီးသတ် အချောသတ် မီးပူတိုက်ခြင်း
ချုပ်ပြီးလို့ ချုပ်ထည်ရလာတဲ့အခါ ဖိတာတိုက်တာကို နောက်ဆုံး အပြီးသတ်အဖြစ် လုပ်ကိုင်ပေးတယ်။ ပြီးမှ သတ်မှတ်ထားတဲ့အတိုင်း ချုပ်ထည်ကို စနစ်တကျခေါက်ပြီး ထုပ်ပိုးတယ်။ ပြန့်နပြေီးတွန့်ရာကြေရာ မပါတဲ့ ချုပ်ထည်ဟာ အမြင်လှနပြေီး ဆွဲဆောင်မှု ရှိနေမှာ ဖြစ်ပါတယ်။
မီးပူနဲ့ ဖိတဲ့အခါ ဖိစေချင်တဲ့ နေရာကို ဖိပေးတယ်။ ပြီးရင် မီးပူကို ပြန်မ ပြီး နောက်တစ်နေရာကို ဖိတယ်။ ဖိလျက်သားဖြင့် နေရာရွှေ့ရင် အထည်သားကို အပူပေးပြီး ဖိဆွဲတာမို့ အထည်သား ပုံပျက်တယ်။ ချည်မျှင်တွေ အနေအထား ပျက်ယွင်းတယ်။ စိုထိုင်းထိုင်း ဖြစ်အောင် လုပ်ပြီး ဖိရင် ပိုအဆင်ပြေတဲ့ အထည်သားမျိုးဆိုရင် ရေနွေးငွေ့နဲ့ မှုတ်ပေးနေရင်း ဖိတယ်။ မီးပူတိုက်ရင်လည်း အရင်ဆုံး အထည်သားပေါ်မှာ မီးပူကို နည်းနည်းလေး ကြွပေးထားပြီး မီးပူမှ ထွက်နေတဲ့ ရေနွေးငွေ့နဲ့ မှုတ်ပေးတယ်။ ပြီးမှ အထည်သားနဲ့ ထိအောင် မီးပူကို ချပြီး တိုက်ကြပါတယ်။
အိမ်မှာ အခုလို လုပ်ချင်တယ်။ ဒါပေမဲ့ ရေနွေးငွေ့ မှုတ်တဲ့ မီးပူ မရှိရင် အဝတ်အစားကို စိုထန့်ထန့်အချိန်မှာ မီးပူနဲ့ ဖိပေးပြီး တွန့်ကြေတာကို ပြန့်အောင် လုပ်ကြတယ်။ တွန့်စေချင်တဲ့နေရာကို ပုံသွင်းရင်လည်း အလားတူပါပဲ။ တကယ် သွားဖို့လာဖို့ရှိလို့ ခြောက်သွေ့ပြီးသား အဝတ်အစားကို ဘီဒိုထဲက ထုတ်ပြီး ဖိတာတိုက်တာ လုပ်ချင်တဲ့အခါ စိုထန့်ထန့်ဖြစ်အောင် ရမြှေုပ်ကို သုံးကြပါတယ်။ ရမြှေုပ်ကို ရေထဲနှစ်၊ ရေတွေကို ပြန်ညှစ်ထုတ်ပြီး စိုနေတဲ့ရမြှေုပ်နဲ့ ဖိမယ့်တိုက်မယ့်နေရာကို စိုထန့်ထန့် ဖြစ်အောင် လုပ်ပေးပြီး ဖိတာတိုက်တာကို လုပ်ကြပါတယ်။