What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ေမ့မေနနဲ႔ဦးေနာ္

zaw+uni ဖက္ရွင္က်က် ၀တ္စားဆင္ယင္တဲ့အခါ ဣေႁႏၵရရနဲ႔ စြဲမက္စရာေကာင္းေနေစခ်င္ၾကပါတယ္။

ကႏြဲ႕ကရျဖင့္ ေလွ်ာက္လွမ္းသြားတဲ့အခါ ၾကည့္ေကာင္းေနဖုိ႔ဆုိတာ စီးထားတဲ့ဖိနပ္က အေရးႀကီးတယ္။
● ေရရွည္အတြက္ ထည့္စဥ္းစားရင္ ကုိယ့္ေျခေထာက္ေတြ၊ ေျခပြတ္တုိင္ေတြကုိ ဒုကၡေပးမယ့္ ေဒါက္ျမင့္ဖိနပ္မ်ဳိးကုိ ေရွာင္သင့္တယ္။ ကုိယ္နဲ႔အဆင္ေျပတဲ့ ေဒါက္ျမင့္ဖိနပ္မ်ဳိးကုိပဲ စီးသင့္တယ္။ မတည့္တဲ့ေဒါက္ျမင့္ဖိနပ္ကုိ စီးမိရင္ လမ္းေကာင္းေကာင္း မေလွ်ာက္ႏုိင္ဘူး။ ေျခလွမ္းေတြပ်က္ေနမယ္။ ေဘးလူေတြ ကုိယ့္ကုိၾကည့္ရင္ အၾကည့္ရဆုိးမယ္။
● ေဒါက္ျမင့္ဖိနပ္အသစ္ကုိ စီးရင္ လမ္းေလွ်ာက္ေလ့က်င့္ေပးတာ ေကာင္းတယ္။ ၾကမ္းျပင္မွာ စိတ္ကူးျဖင့္ စည္းေျဖာင့္ေျဖာင့္တစ္ခု တားလုိက္ၿပီး အဲဒီ စည္းေပၚမွာ ေလွ်ာက္က်င့္ရမယ္။
● ေဒါက္ျမင့္ဖိနပ္ ေဒါက္ျမင့္ျမင့္ကေန စမစီးနဲ႔။ သိပ္မျမင့္တဲ့ ေဒါက္ဖိနပ္မ်ဳိးေတြ အရင္စီးသင့္တယ္။ ေဒါက္ဖိနပ္နဲ႔ ၾကည့္ေကာင္းေအာင္ လမ္းေလွ်ာက္တာ၊ ဟန္ခ်က္ပ်က္မလုိ ျဖစ္ရင္ ျပန္ထိန္းတာေတြ က်င့္သားရမွ တကယ့္ကုိ ျမင့္ပါေပတယ္ဆုိတဲ့ ေဒါက္ျမင့္ဖိနပ္ကုိ စီးသင့္တယ္။ အဲဒါမွ အဆင္ေျပမယ္။ ေခ်ာ္လဲလု႔ိ အရွက္ကြဲရတာ ကင္းမယ္။
● ဖိနပ္က ႀကီးလြန္းလုိ႔ ေခ်ာင္လြန္းေနရင္ မစီးပါနဲ႔လား။ ေျခေထာက္အေရျပားေတြကုိ ဖိနပ္အသားက ပြတ္မယ္၊ ခုတ္မယ္။ ဖိနပ္ေပါက္မယ္။ အသားမာတက္မယ္။ အညိဳအမည္းစြဲမယ္။ ေျခေထာက္အလွပ်က္မယ္။ လွခ်င္လုိ႔သာ စီးရတယ္၊ ဒုကၡက မေသးဘူးလုိ႔ စိတ္ထဲ ႀကိတ္ၿပီး ညည္းေနရမယ္။
● ေလဒီ႐ွဴးေဒါက္ျမင့္က နည္းနည္း က်ပ္ေနတယ္။ ဆုိက္နံပါတ္ တစ္ခုႀကီးတာက်ျပန္ေတာ့ ေခ်ာင္ေနတယ္။ ဆုိက္နံပါတ္တစ္ခု ေသးတာက်ေတာ့လည္း မေတာ္ျပန္ဘူး။ ဒီနံပါတ္က ေတာ္ေတာ့ေတာ္တယ္။ ဒါေပမဲ့ နည္းနည္းက်ပ္တယ္ ျဖစ္ေနရင္ စီးက်င့္ေပးပါ။ ေျခေထာက္ကုိ အသားက်ေအာင္ ဖိနပ္က ျပင္ေပးပါလိမ့္မယ္။ စီးရင္းနဲ႔ ေတာ္သြားပါလိမ့္မယ္။ ဒါေပမဲ့ စီစီးခါစမွာေတာ့ ေျခေခ်ာင္းေတြက်ပ္ေနရင္ ေျခခလယ္နဲ႔ ေျခသူၾကြယ္တုိ႔ကုိ ဟန္စာပလပ္စ္ ပလာစတာ အၾကည္အပါးနဲ႔ ပူးၿပီး ကပ္ေပးထားလုိက္ပါ။ ေျခမကေန စေရရင္ တတိယနဲ႔ စတုတၳေျခေခ်ာင္းေလးေတြ) အဲဒီ ေျခေခ်ာင္းပူးေပးထားၿပီး စီးရင္ သက္သာရာ ရပါလိမ့္မယ္။ ေျခေခ်ာင္းေတြကုိ Vaseline ပါးပါးေလး သုတ္ေပးၿပီး စီးပါ။ အပြန္းသက္သာတယ္။ ေလဒီ႐ူးဖိနပ္ကုိ နည္းနည္းခ်ဲ႕ေပးခ်င္ရင္ေတာ့ အေလာ္ေတာ္ ပလတ္စတစ္အိတ္ထဲ ေရထည့္၊ အလုံပိတ္ခ်ည္ၿပီး ႐ွဴးဖိနပ္ ဦးပုိင္း ေျခေခ်ာင္းေတြကို ဖိက်ပ္တဲ့ေနရာအထိ အိတ္ကုိ ေနရာခ်ပါ။ ၿပီးရင္ ေရခဲေသတၱာရဲ႕ ေရခဲတဲ့ေနရာမွာ ႐ွဴးဖိနပ္ကုိ ေရအိတ္နဲ႔အတူ တစ္ညသိပ္ပါ။ ေရက ခဲတဲ့အခါ ပြတယ္။ ဖိနပ္ကုိ တြန္းၿပီး ခ်ဲ႕ေပးလိမ့္မယ္။ မနက္က် ႐ွဴးဖိနပ္ကုိ ျပန္ထုတ္ဖုိ႔လည္း ေမ့မေနနဲ႔ဦးေနာ္ . . .

uni

ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တဲ့အခါ ဣန္ဒရြေရနဲ့ စွဲမက်စရာကောင်းနေစေချင်ကြပါတယ်။

ကနွဲ့ကရဖြင့် လျှောက်လှမ်းသွားတဲ့အခါ ကြည့်ကောင်းနေဖို့ဆိုတာ စီးထားတဲ့ဖိနပ်က အရေးကြီးတယ်။
● ရေရှည်အတွက် ထည့်စဉ်းစားရင် ကိုယ့်ခြေထောက်တွေ၊ ခြေပွတ်တိုင်တွေကို ဒုက္ခပေးမယ့် ဒေါက်မြင့်ဖိနပ်မျိုးကို ရှောင်သင့်တယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ ဒေါက်မြင့်ဖိနပ်မျိုးကိုပဲ စီးသင့်တယ်။ မတည့်တဲ့ဒေါက်မြင့်ဖိနပ်ကို စီးမိရင် လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေလှမ်းတွေပျက်နေမယ်။ ဘေးလူတွေ ကိုယ့်ကိုကြည့်ရင် အကြည့်ရဆိုးမယ်။
● ဒေါက်မြင့်ဖိနပ်အသစ်ကို စီးရင် လမ်းလျှောက်လေ့ကျင့်ပေးတာ ကောင်းတယ်။ ကြမ်းပြင်မှာ စိတ်ကူးဖြင့် စည်းဖြောင့်ဖြောင့်တစ်ခု တားလိုက်ပြီး အဲဒီ စည်းပေါ်မှာ လျှောက်ကျင့်ရမယ်။
● ဒေါက်မြင့်ဖိနပ် ဒေါက်မြင့်မြင့်ကနေ စမစီးနဲ့။ သိပ်မမြင့်တဲ့ ဒေါက်ဖိနပ်မျိုးတွေ အရင်စီးသင့်တယ်။ ဒေါက်ဖိနပ်နဲ့ ကြည့်ကောင်းအောင် လမ်းလျှောက်တာ၊ ဟန်ချက်ပျက်မလို ဖြစ်ရင် ပြန်ထိန်းတာတွေ ကျင့်သားရမှ တကယ့်ကို မြင့်ပါပေတယ်ဆိုတဲ့ ဒေါက်မြင့်ဖိနပ်ကို စီးသင့်တယ်။ အဲဒါမှ အဆင်ပြေမယ်။ ချော်လဲလို့ အရှက်ကွဲရတာ ကင်းမယ်။
● ဖိနပ်က ကြီးလွန်းလို့ ချောင်လွန်းနေရင် မစီးပါနဲ့လား။ ခြေထောက်အရပြေားတွေကို ဖိနပ်အသားက ပွတ်မယ်၊ ခုတ်မယ်။ ဖိနပ်ပေါက်မယ်။ အသားမာတက်မယ်။ အညိုအမည်းစွဲမယ်။ ခြေထောက်အလှပျက်မယ်။ လှချင်လို့သာ စီးရတယ်၊ ဒုက္ခက မသေးဘူးလို့ စိတ်ထဲ ကြိတ်ပြီး ညည်းနေရမယ်။
● လေဒီရှူးဒေါက်မြင့်က နည်းနည်း ကျပ်နေတယ်။ ဆိုက်နံပါတ် တစ်ခုကြီးတာကျပြန်တော့ ချောင်နေတယ်။ ဆိုက်နံပါတ်တစ်ခု သေးတာကျတော့လည်း မတော်ပြန်ဘူး။ ဒီနံပါတ်က တော်တော့တော်တယ်။ ဒါပေမဲ့ နည်းနည်းကျပ်တယ် ဖြစ်နေရင် စီးကျင့်ပေးပါ။ ခြေထောက်ကို အသားကျအောင် ဖိနပ်က ပြင်ပေးပါလိမ့်မယ်။ စီးရင်းနဲ့ တော်သွားပါလိမ့်မယ်။ ဒါပေမဲ့ စီစီးခါစမှာတော့ ခြေချောင်းတွေကျပ်နေရင် ခြေခလယ်နဲ့ ခြေသူကြွယ်တို့ကို ဟန်စာပလပ်စ် ပလာစတာ အကြည်အပါးနဲ့ ပူးပြီး ကပ်ပေးထားလိုက်ပါ။ ခြေမကနေ စရေရင် တတိယနဲ့ စတုတ္ထခြေချောင်းလေးတွေ) အဲဒီ ခြေချောင်းပူးပေးထားပြီး စီးရင် သက်သာရာ ရပါလိမ့်မယ်။ ခြေချောင်းတွေကို Vaseline ပါးပါးလေး သုတ်ပေးပြီး စီးပါ။ အပွန်းသက်သာတယ်။ လေဒီရူးဖိနပ်ကို နည်းနည်းချဲ့ပေးချင်ရင်တော့ အလော်တော် ပလတ်စတစ်အိတ်ထဲ ရေထည့်၊ အလုံပိတ်ချည်ပြီး ရှူးဖိနပ် ဦးပိုင်း ခြေချောင်းတွေကို ဖိကျပ်တဲ့နေရာအထိ အိတ်ကို နေရာချပါ။ ပြီးရင် ရေခဲသေတ္တာရဲ့ ရေခဲတဲ့နေရာမှာ ရှူးဖိနပ်ကို ရေအိတ်နဲ့အတူ တစ်ညသိပ်ပါ။ ရေက ခဲတဲ့အခါ ပွတယ်။ ဖိနပ်ကို တွန်းပြီး ချဲ့ပေးလိမ့်မယ်။ မနက်ကျ ရှူးဖိနပ်ကို ပြန်ထုတ်ဖို့လည်း မေ့မနေနဲ့ဦးနော် . . .

Read 1457 times
Rate this item
(1 Vote)