ဒီတစ်ပတ်တော့ ဘယ်လိုအချက် ၅ ချက်က ယောကျာင်္းလေးတစ်ယောက်ကို ပိုကြည့်ကောင်းတဲ့ ဝတ်ဆင်မှုဖြစ်စေမလဲ ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
၁။ အကျီရွေးချယ်မှု နဲ့ ကာလာ အတွဲအစပ်
ယနေ့ခေတ်မှာ နေရာတိုင်းမှာ တီရှပ်၊ စပို့စ်ရှပ် (Polo Shirt) နဲ့ သွားနေတာဟာ ယောကျာ်းလေးတွေအတွက် တခါတရံ မိုက်ပေမယ့် နေ့တိုင်းမြင်နေသူအဖို့ ရိုးရှင်းပြီး စိတ်ဝင်စားမှုကျဆင်းစေပါတယ်။
တခါတရံ ရှပ်အကျီ မိုက်မိုက်လေးကို ဂျင်းဘောင်းဘီ(မပွစေရန်) တွဲဝတ်ပေးခြင်းဟာလည်း တမျိုးအမြင်ဆန်းစေပါတယ်။
အရောင်ရွေးခြယ်မှုကတော့ အဖြူနဲ့ အပြာ၊ အဖြူနဲ့ အမဲ တွဲစပ်မှုဟာဘယ်အခါမှမရိုးသွားစေသလို နောက်ထပ်အရောင်ရွေးချယ်မှူဖြစ်တဲ့ ခဲရောင်၊ အညိုရောင်၊ ကာကီရောင်များနှင့်လည်း စမ်းသပ်ဝတ်ကြည့်စေလိုပါတယ်။
၂။ ဖိနပ်
အပေါ်ကတော့ မိုက်နေပါပြီ အောက်ကဖိနပ်က ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ် တွေဟာ ပြီးပြည့်စုံခါနီးမှ အဖျားရူးသွားစေပါတယ်။ မြန်မာနိုင်ငံရာသီဥတုနဲ့ အညီ ညှပ်ဖိနပ် ကွင်းထိုးဖိနပ်တွေဟာ လိုက်ဖက်ပေမယ့် အလုပ်ကြီးတွေမှာတော့ မသင့်တော်ပါဘူး။
ရူးဖိနပ် အမဲရောင်၊ အညိုရောင် တွေဟာ မည်သည့် ဝတ်ဆင်မှုနဲ့မဆို သင့်တော်စေပါတယ်။ နောက်ပိုင်းမှာ Loafers လို့ခေါ်တဲ့ ယောကျာ်းစီးရူးဖိနပ် လှလှလေးတွေလည်းထွက်နေပီဆိုတော့ စမ်းသပ်စီးကြည့်စေလိုပါတယ်။
၃။ ဘောင်းဘီ
ဘောင်းဘီ အမဲ၊ နက်ပြာ တွေဟာ ဘယ်ဖက်ရှင်နဲ့မဆို တွဲစပ်ဖို့သင့်တော်စေပါတယ်။ ဂျင်းဘောင်းဘီ ၊ စတိုင်ပန် ကဲ့သို့သော မိုက်စေမယ့်အရာကို မိမိသွားမယ့်နေရာဒေသအလိုက် ရွေးချယ်ဝတ်ဆင်စေလိုပါတယ်။
နောက်ပိုင်းမှာ မည်သည့် ဘောင်းဘီမဆို Loafers လို့ခေါ်တဲ့ ရှူးဖိနပ်တွေ၊ canvas shoes လှလှလေးတွေနဲ့ ဝတ်ဆင်ဖို့ Cropped Pants တွေလည်းရှိနေပြီဆိုတော့ မိုက်နေမှာသေချာပါတယ်။
၎။ Accessories
ယောကျာ်းလေးတွေမှာ accessories များများမရှိပါဘူး။ နာရီ၊ မျက်မှန်၊ ခါးပတ် တွေဟာ ရှိသင့်တဲ့ အရာတွေပါပဲ။
ဘာမှမဝတ်ချင်ဘူးဆိုရင်တောင် နာရီလှလှလေးတလုံးဝတ်တာက စတိုင်ကို ပိုထိသွားစေပါတယ်။
၅။ Confidence (မိမိကိုယ်ကိုယုံကြည်မှူ)
ဘယ်အဝတ်အစားမဆို ဝတ်ဆင်ထားပါရဲ့ မိမိကိုယ်ကိုယုံကြည်မှုမရှိရင်တော့ အဲ့အဝတ်အစားတွေဟာ ကြည့်မကောင်းဖြစ်စေမှာအမှန်ပါ။ Confidence ရှိတဲ့သူတစ်ယောက်ဟာ လမ်းလျှောက်ရင်တောင် မာန်ပါပါနဲ့ ကြည့်ကောင်းနေစေမှာအမှန်ပါ။ ဘယ်အရာမဆို Confidence လေးနဲ့ဆို Perfect ပေါ့။
source:shirtfolio