What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ကျကျ ဝတ်စားတတ်ဖို့ ဘယ်အချက်တွေ သိထားသင့်သလဲ?

 မိန်းကလေး/ အမျိုးသမီး တော်တော်များများက သူတို့ဖက်ရှင်နဲ့ပတ်သက်ပြီး အမြင်မရှိဘူး။ ဘော်ဒီပိုင်းနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေတယ်၊ နောက်တစ်ချက်က ကိုယ်လိုချင်တဲ့ အဝတ်အစားတွေကို ဘယ်မှာ ဝယ်ရမှန်းမသိဘူး စတဲ့အချက်တွေကြောင့် ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ရမလဲဆိုတဲ့ မေးခွန်းကိုပဲ ထပ်ခါတလဲလဲ ခြုံငုံ မေးလာ တတ်ကြတာမို့ သိတာလေးတွေ ပြန် shareတဲ့သဘောပါ။

တကယ်တော့ ဖက်ရှင်ကျဖို့ ခုခေတ်စားနေတဲ့ စကတ်၊ ဘောင်းဘီ ပေါ်သမျှအရာတွေ လိုက်ဝယ်ဝတ်နေဖို့မလိုပါဘူး။ ဒါ့အပြင် ကိုယ်က မြန်မာဆန်ဆန်လေးပဲ ဝတ်တတ်သလား၊ မိန်းကလေးဆန်ဆန် စကတ်၊ ဂါဝန်လေးတွေပဲ ရွေးတတ်သလား၊ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ တီရှပ်က ကိုယ့်အကြိုက်လား ဆိုတာ ပထမဆုံးအနေနဲ့ သိရပါလိမ့်မယ်။ ပြောချင်တာက ဘယ်လို အဝတ်အစားတွေက ဝတ်လိုက်တာနဲ့ ကိုယ့်ကို ယုံကြည်မှုရှိစေသလဲပေါ့။ ကိုယ်နဲ့ စကတ်တိုက လိုက်ချင်မှ လိုက်ပါလိမ့်မယ်။ အထူးသဖြင့် စကတ်အတိုလေး ဝတ်လိုက်လို့ သွားရလာရတာ မလွတ်လပ်သလို ခံစားရတယ်။ ဒါကိုပဲ စိတ်ကရောက်နေတယ်ဆိုရင် ကိုဟ့်ဖက်ရှင်အတွက် မရွေးသင့်တဲ့ အရာပေါ့။ အဲ့ဒီတော့ ပထမဆုံး ကိုယ့်ဘာသာကိုယ် သိသင့်တာက ဘယ်လိုဖက်ရှင်မျိုးက ကိုယ့်ကိုယုံကြည်မှုရှိစေသလဲ ဆိုတာရယ်၊ ကိုယ့်မိတ်ဆွေ အသိတွေက ကိုယ် ဘာဖက်ရှင်ဝတ်ရင် လိုက်ဖက်မှုရှိတဲ့အကြောင်း အမှတ်ပေးကြသလဲ ဆိုတာရယ် သိထားဖို့ပါနော်။

22491468 1423722397747829 80844881416011341 n 1

ဒုတိယအချက်အနေနဲ့ ကိုယ့်ဘော်ဒီအားနည်း၊ အားသာချက်တွေကို သိအောင်လုပ်ပါ။ ကိုယ်က တင်ပါးကားသလား၊ ခါးတုတ်သလား၊ လက်မောင်းကြီးသလား စသဖြင့်ပေါ့လေ။ ဒီအချက်ကို အခြေခံပြီး အားနည်းချက်ကို အားသာချက်ဖြစ်အောင် ဝတ်ပါ။ လူတိုင်းမှာ သူတို့ ဘော်ဒီနဲ့ပတ်သက်ပြီး သဘောမကျတဲ့အပိုင်းဆိုတာ ရှိတတ်ကြတာမို့ ငါက ဘာလို့ဒါကြီးဖြစ်နေတာလဲ ဆိုပြီး အထွေအထူး မခံစားပါနဲ့။ ဖြစ်နိုင်ရင် ကိုယ့်အားနည်းချက်လို့ ထင်တဲ့အရာကို ချစ်တတ်လာအောင် လက်ခံလာနိုင်အောင် ကြိုးစားပါ။

22490009 1423722464414489 59190135769417073 n

တတိယတစ်ချက်ကတော့ ဖက်ရှင်ကျချင်ရင် ဖက်ရှင်အကြောင်း လေ့လာပါ။ ခုချိန်မှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ page တွေ၊ website တွေ၊ မဂ္ဂဇင်းတွေ အများကြီးရှိလာပါပြီ။ ကိုယ့်ဆီမှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ အခြေခံ အမြင်လေးရှိနေရင်တော့ ပိုကောင်းတာပေါ့။

22539925 1423722427747826 459796552910202887 n

နောက်ဆုံးတစ်ချက်အနေနဲ့ အဝတ်အစားဝယ်တဲ့အခါ ကိုယ်နဲ့ဘယ်ဟာက လိုက်တယ်ဆိုတာကို သိနေဖို့ ကြိုးစားပါ။ ဒါက အပေါ်က အချက်တွေပေါ် အခြေခံပြီး ချစ်တို့ သိသွားနိုင်တဲ့အချက်ပေါ့။ ဥပမာ မေသော်ဆို လည်ပင်းအရိုးက ကြီးတဲ့အတွက် လည်ပင်းသိပ်ကျယ် သိပ်ဟိုက်တာမျိုးတွေ ဘယ်လောက်လှလှ မဝယ်ပါဘူး။ အကျီတစ်ထည်ကို ကြည့်လိုက်တာနဲ့ ဒါငါနဲ့ လုံးဝအဆင်မပြေနိုင်ဘူး ဒါမှမဟုတ် ဒါငါ့စတိုင်ပဲဆိုပြီး တန်းဆုံးဖြတ်နိုင်ပါတယ်။ ချစ်တို့လည်း အဲ့ဒီလို သိနေရပါမယ်။ ပြီးတော့ ကိုယ်အခု ဘယ်လို အကျီမျိုး၊ ဘယ်လို ဒီဇိုင်းမျိုး လိုနေတယ်ဆိုတာ စိတ်ထဲထည့်ထားပြီး သွားရင်းလာရင်း တွေ့တဲ့ဆိုင်လေးတွေမှာ ကြည့်ပါ။ သူငယ်ချင်းက ဘယ်ဖက်ရှင်ဆိုင်မှာပဲ ဝယ်တယ်ဆိုလို့ ကိုယ်သွားဝယ်ရင် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒီတော့ ကိုယ့်လမ်းထိပ်က ဖက်ရှင်ဆိုင်လေးကစလို့ ရှော့ပင်းမောက ဆိုင်တွေအထိ ကိုယ့်အကြိုက်ဒီဇိုင်းလေးတွေ တင်လေ့ရှိတဲ့ ဆိုင်တွေကို မှတ်ထားရုံပါပဲ။ Brand မှ ကိုယ်နဲ့လိုက်တာ မဟုတ်ဘူးနော်။ Brand ဆိုတိုင်းလည်း ကိုယ့်ကိုဖက်ရှင်ကျသွားစေတယ် မထင်ပါနဲ့။ ဖက်ရှင်အမြင်က ပိုအရေးကြီးပါတယ်နော်။

ကဲ ဒီလောက်ဆိုရင်တော့ ဖက်ရှင်ကျဖို့ အခြေခံအကျဆုံး အချက်လေးတွေကို ချစ်တို့သတိထားမိပြီလို့ ထင်ပါတယ်နော်။ အားလုံးပဲ ဖက်ရှင်ကျ လှပနိုင်ကြပါစေရှင်။

source:i am fashion

Read 1700 times
Rate this item
(0 votes)