ဒီနေ့ခေတ်ကြီးက ပေးတဲ့ စိတ်ဖိစီးမှု တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာ သလို စိတ်အပန်းဖြေစရာ ဖျော်ဖြေရေး ကဏ္ဍတွေကလည်း တဖြည်းဖြည်းများ လာပါတယ်။ ပြီးခဲ့တဲ့ သုံး၊လေးနှစ် အချိန်လောက်က စတင်ပြီး ပြည်တွင်းမှာ ရေပန်းစား၊ နေရာယူလာတာကတော့ Electronic Dance Music သီချင်း တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ Music Festival တွေပဲ ဖြစ်ပါတယ်။ ပွင့်လင်း ရာသီရောက်တော့မှာဆိုတော့ EDM ပွဲ စီစဉ်သူတွေအနေနဲ့ သူ့ထက်ငါ သာဖို့ နိုင်ငံတကာ DJ များကို အပြိုင်အဆိုင် ခေါ်နေကြပါပြီ။ နီးကပ်လာနေပြီဖြစ်တဲ့ EDM Music Festival တွေမှာ ဖက်ရှင်နဲ့ပတ်သက်ပြီး မဂွမ်းရအောင် ယောကျာ်းလေးရော၊ မိန်းကလေးတွေ အတွက်ပါ ရည်ရွယ်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြလိုက်ပါတယ်။
အဝတ်အစားပိုင်းအတွက် ဆောင်ရန်
-------------------------------------------
သွားမယ့်ပွဲက ကခုန်ရမှာဆိုတော့ ဖက်ရှင်လို့ ပြောနေပေမယ့် လွတ်လပ် ပေါ့ပါးမှုရှိဖို့က အဓိက အချက်ပါပဲ။ ဒါပေမယ့် သူလိုကိုယ်လို လူတွေလည်း အများကြီး လာကြမှာဆိုတော့ လူအများ ကြားမှာ ထင်ထင်ပေါ်ပေါ်လေး ဖြစ်ချင် တဲ့စိတ်ကိုလည်း နားလည်ပါတယ်။ အခြေခံက စပြောရမယ်ဆို တီရှပ်တွေနဲ့ ဘောင်းဘီတိုတွေကတော့ ဂီတပွဲတော် တွေနဲ့ အလိုက်ဖက်ဆုံးပစ္စည်းတွေပါ။ မိန်းကလေးတွေက အရောင်တောက်တဲ့ အင်္ကျီတွေနဲ့ Crop Top အင်္ကျီဆန်းဆန်း လေးတွေကို ဘောင်းဘီတို ဒါမှမဟုတ် စကတ်ဘောင်းဘီမျိုးတွေကို ရွေးချယ် ပါ။ ယောကျာ်းလေးတွေအတွက် စွပ် ကျယ် အင်္ကျီ၊ တီရှပ်ပွပွ၊ ပွင့်ရိုက်တွေ ပါတဲ့ Oversize ရှပ်တွေနဲ့ ဘောင်းဘီ တိုတွေကို တွဲဝတ်ဖို့ ပြောချင်ပါတယ်။
ရှောင်သင့်တဲ့ အဝတ်အစားတွေ
--------------------------------------
အထူးသဖြင့် ထူလွန်းတဲ့ အင်္ကျီတွေ၊ ချွေးမစုပ်တဲ့ အသားနဲ့ ချုပ်ထားတဲ့အင်္ကျီ တွေကို မြန်မာနိုင်ငံရဲ့ ဒီဇင်ဘာလလို အချိန်တွေမှာ ပြုလုပ်တဲ့ပွဲတော်တွေမှာ တောင် မဝတ်သင့်ပါဘူး။ Hoodie တွေ၊ လည်သာဂျက်ကက်တွေနဲ့ Skinny Jeans တွေကိုလည်း လုံးဝ မဝတ်ဖို့ အတွက် တိုက်တွန်းချင်ပါတယ်။ ချွေး အရမ်းထွက်လာတဲ့အခါ လွတ်လပ်ပေါ့ ပါးမှုရှိမှာမဟုတ်သလို ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း မူးလဲတာ တွေအထိပါ ဖြစ်နိုင်ပါတယ်။
Accessory တွေ ထုတ်သုံးပါ
----------------------------------
အခုလို ဂီတပွဲတော်တွေမှာ ရှိုးထုတ် ဖို့အတွက် Accessory တွေကိုပဲ အားကိုးရမှာပါ။ အကောင်းဆုံးအချက် ကတော့ ကိုယ်ပေါ်မှာ Accessory တွေ ဘယ်လောက်များများ ဘယ်သူမှ ဘာမှ ပြောကြမှာမဟုတ်တာပါပဲ။ သင့်Accessoryဘူးထဲက ရှိသမျှအကုန် သိမ်းကျုံးပြီး ဝတ်လာရင်တောင်မှ ရပါ တယ်။ လက်ကောက်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေက စပြီး ခပ်ကြောင်ကြောင် မျက်မှန်တွေနဲ့ ကြိုက်ရာ နေကာမျက်မှန် ကြိုက်ရာဝတ်ပါ။ တခြားအပို Accessory တွေအနေနဲ့ Flower Crown တွေထက် Bandana တွေကို ဦးစား ပေးရင်တော့ အရမ်းကို အထာကျမှာပါ။ ဦးထုပ်ဆောင်းမယ်လို့ စဉ်းစားထားရင် တော့ Snap backs တွေအစား Baseball Caps တွေကို ရွေးချယ်ဖို့ ပြောပါရစေ။
အရေးကြီးဆုံးရွေးချယ်မှုဖြစ်တဲ့ ဖိနပ်
------------------------------------------
Festival တွေ တော်တော်များများ မှာ မြန်မာပြည်က လူအများစု အလုပ် အများဆုံးအမှားကတော့ ဖိနပ်ရွေးချယ် မှုပါပဲ။ ယောကျာ်းလေးတွေဆို Timberland ဖိနပ်တွေ ဝတ်လာတာမျိုးနဲ့ မိန်းကလေးတွေဆို Boots ဖိနပ်အမြင့် တွေနဲ့ ဒေါက်ဖိနပ်တွေ ဝတ်လာကြတာ မျိုးကို ပြီးခဲ့တဲ့နှစ်အထိ မြင်နေရပါသေး တယ်။ အားလုံးအတူ ကခုန်ကြတဲ့ ပွဲမျိုး မှာ အဲဒီလို ကရခုန်ရ အဆင်မပြေတဲ့ ဖိနပ်မျိုးကြောင့် ကိုယ်ကြိုက်တဲ့ အနုပ ညာရှင်တွေကိုလည်း အပြည့်အဝ အား ပေးနိုင်မှာ မဟုတ်ပါဘူး။ Festival တွေအတွက် အသင့်တော်ဆုံး ဖိနပ်က တော့ Sneakers တွပါ။ ကိုယ့်မှာ ရှိပြီးသားဖြစ်တဲ့ Sneakers ကိုပဲ ပွဲကို ဝတ်သွားဖို့ အကြံပေးချင်ပါတယ်။ ကိုယ့် အကြောင်းကို သိပြီးသား၊ ကိုယ့်အထာ နပ်တဲ့ ဖိနပ်မျိုးဖြစ်မှ ဖိနပ်ပေါက်တာ တွေ၊ ခြေထောက်နာတာတွေ မရှိဘဲ လွတ်လွတ်လပ်လပ် ကခုန်နိုင်မှာပေါ့။ အသစ်ဝတ်မယ်ဆိုရင်လည်း တစ်လ လောက် ကြိုတင်ဝယ်ပြီး ကျင့်သားရဖို့ လေ့ကျင့်သင့်ပါတယ်။
#
ဂီတပွဲတော် သွားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စိတ်လွတ်ကိုယ်လွတ် စိတ်အပန်းဖြေချင်လို့ မဟုတ်ပါလား။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားကြောင့် မပျော်ရဘူး၊ စိတ်အနှောင့်အယှက်ဖြစ်ရ မယ်ဆိုရင် ဘာအဓိပ္ပာယ်ရှိမှာလဲနော်။ ပွဲပြီးရင် အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်နိုင်ဖို့အတွက် ရည်ရွယ်ရင်းကျန်ပွဲလေးတွေကိုပါ ရေးထားပါတယ်။
? Waterzonic Myanmar
Date: 11th November 2017
Venue: The One Entertainment Park
Headliner: To be announced
Supporting: To be announced
မြန်မာ Raver တွေ အရမ်းကြိုက်တဲ့ Bangkok Waterzonic ရဲ့ official ပွဲကြီးဖြစ်ပါတယ် ... Bangkok ပွဲရဲ့ Line Up အတိုင်း Productions အတိုင်းဆိုရင်တော့ မြန်မာ Raver တွေ အတိုင်းထက်အလွန်ပါပဲ ... ဒါပေမယ့် ပြီးခဲ့ သင်္ကြန်မှာလုပ်ခဲ့တဲ့ Road To Waterzonic အနေအထားအရတော့ Productions ပိုင်းကို နဲနဲတော့ စိတ်ပူမိပါတယ် ... Waterzonic Bangkok မှာ နာမည်ကြီးတဲ့အဓိက အချက်က Stage Productions နဲ့ Water Effects Productions တွေပါပဲ ... ဒီမှာ Bangkok ကအတိုင်း လုပ်နိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရပါမယ် ... သတင်းထွက်နေတဲ့ DVLM တော့ tour အနေအထားအရ November မှာ Region ထဲမှာ မရှိနေပါဘူး ... ဒီနှစ် Bangkok Waterzonic တောင် Headliners တွေက အရင်လို TOP 10 မဟုတ်တော့ပဲ လျော့ချထားပါတယ် W&W နဲ့ KSHMR ကိုပဲ Headliners တင်ထားပါတယ် ... မြန်မာပြည်ကို ဘယ်သူရောက်လာမလဲဆိုတာတော့ ?
☄️ 808 Festival Yangon
Date: (early December 2017)
Venue: To be announced
Headliners: To be announced
Supporting: To be announced
မနှစ်က ရန်ကုန်မှာ ပထမဦးဆုံး 2 Days Festival 2 Stages လုပ်ခဲ့တဲ့ 808 ရဲ့ ဒုတိယမြောက်ပွဲက ထုံးစံအတိုင်း ဒီနှစ် December မှာ ထပ်လာဖို့ အရိပ်အရောင်တွေ့နေရပါပြီ ... ရက်အတိအကျ၊ နေရာနဲ့ ဘယ်နှစ်ရက်လုပ်မလဲဆိုတာ မကြာမီကြေငြာတော့မယ်လို့ သတင်းရထားပါတယ် ... ၁ရက်ပဲဖြစ်မလား အရင်လို၂ရက်ဖြစ်မလားဆိုတာတော့ ကြေငြာရင် သိပါလိမ့်မယ် ... မနှစ်က လုပ်ခဲ့တဲ့ Festivals တွေ အားလုံးထဲမှာ မြန်မာ Raver တွေ အများဆုံးပြောခဲ့တာကတော့ 808 Lineup အကောင်းဆုံး အကြမ်းဆုံးဆိုတာပါပဲ ... ဒီနှစ်ကော ဘယ်လို Artists တွေနဲ့ ဘယ်လိုကြမ်းအုန်းမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ
? New Year Countdown Yangon
Date: 31st December 2017
Venue: The One Entertainment Park
Headliners: To be announced
Supporting: To be announced
ဒီနှစ် New Year Eve ကိုတော့ H-Life Entertainment က NYC Yangon ကို စတင် အသက်သွင်းပါတော့မယ် ... 2017 ထဲမှာ H-Life ရဲ့ New Event Projects ၂ခုထဲက ဒုတိယတစ်ခုဖြစ်ပါတယ် ... လက်ရှိ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး Festivals တွေထဲမှာပါတဲ့ H-Life ရဲ့ TMF, Together, 808 အနေအထားအရ ဒီ NYC Yangon ကို ဘယ်လို အသက်သွင်းမလဲဆိုတာ ရင်ခုန်စိတ်ဝင်စားစရာပါပဲ ... ဒီနှစ်ထဲ H-Life ကခေါ်ခဲ့တဲ့ Artists အနေအထား ... အခုလာမယ့် Monsoon Madness မှာလည်း နယ်သာလန်နိုင်ငံမှ ကမ္ဘာကျော် 250K ကို Stage Productions ပိုင်းတွေမှာ စသုံးလာပြီဆိုတော့ကား ... ဒီနှစ် New Year Countdown ကတော့ အမုန်း lit ရမယ့် အနေအထားပါပဲ။
source:now