High Street Fashion လို့ဆိုလိုက်တာနဲ့ ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းကို ဖန်တီးသူများကြားမှာ မေးခွန်းထပ်မံထုတ်စရာ မလိုအောင် လွှမ်းမိုးမှု အရှိဆုံး ဖက်ရှင်ယဥ်ကျေးမှု တစ်ခုဖြစ်လို့လာပါတယ်။
High Street Fashion မှာ စားသောက်ဆိုင်များ၊ စာအုပ်ဆိုင်များ၊ ဈေးဆိုင်များ၊ ဘဏ်များနှင့် ပြည့်နေသည့် မြို့ပြအငွေ့အသက်များ လွှမ်းထုံလျက်ရှိပါတယ်။
ဒီဖက်ရှင်ဒီဇိုင်းးကို အလွန်ပျင်းရိဖွယ်ကောင်းလွန်းသည့် ဇိမ်ခံအသုံးအဆောင်များ၏ ဆန့်ကျင်ဖက်အနေဖြင့် နေရာမရွေး သက်သာသော ဈေးနှုန်းများနှင့် အလွယ်တကူ ဝယ်ယူဝတ်ဆင်နိုင်သော အဝတ်အစားများကိုရည်ရွယ်ထားပါတယ်။
အတိတ်နေ့ရက်များတွင် Runway Fashion များကသာ ယေဘုယျအားဖြင့် ဖက်ရှင်ရေစီးကြောင်းများ၊ ဒီဇိုင်း အသစ်ဖန်တီးခြင်များတွင် ဦးဆောင်ထားသည်ကို တွေ့ရပါသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပြောင်းလဲတိုးတက်လာတဲ့ လူနေမှုအဆင့်အတန်းနှင့် Instagram, Pinterest စသည့် မီဒီယာ ပလက်ဖောင်းများကို အသုံးပြုသူ လူငယ်များ၏ ဖက်ရှင်အမြင်များ ပြောင်းလဲလာမှုများကြောင့် လမ်းမများတွင်ရှိသည့် အလှတရားများ၊ ၎င်းအလှတရားများနှင့် ဆက်စပ်သည့် ဖက်ရှင်အမြင်များ သိသိသာသာ ပြောင်းလဲလာတာကို လေ့လာရပါတယ်။
ယနေ့ခေတ်တွင် ဖက်ရှင်လောက၏ နာမည်ကြီး အမှတ်တံဆိပ်များကတောင် အိုင်ဒီယာ အသစ်အဆန်းများနှင့် ပတ်သက်လာလျှင် လှပသည့် လမ်းမကြီးများ ရှိသည့် New York, London, Paris, Milano များသို့ လာရောက်ကာ ဒီဇိုင်းအသစ်များ ဖန်တီးယူလေ့ရှိကြပါသည်။

ဗစ်တိုးရီးယားခေတ် ဖြစ်သည့် 1860 နှင့် 1870 နှစ်များတွင် ပေါ်ပေါက်ခဲ့သည့် High Street Fashion အကြောင်းပြောရမည်ဆိုလျှင် ကိုယ်ပိုင်အစားအစာရရန် ခက်ခဲသော ထိုနှစ်များတွင် အစားအသောက်များကို ရောင်းချလာကြပါသည်. ထိုနည်းတူစွာပင် အဝတ်အစားများကိုလည်း ရောင်းချလာတာက စပြီး High Street ဖက်ရှင်ရေစီးကြောင်း အစပြုလာခဲ့ပါတယ်။
ယနေ့ခေတ်တွင် နာမည်ကြီး High Street အမှတ်တံဆိပ်များသည် Runway မှ ဒီဇိုင်းများကို သက်သာသော ဈေးနှုန်းများဖြင့် တပြိုင်နက် ထုတ်လုပ်လျက်ရှိသည်။ တစ်ချိန်ထဲမှာတွင်လည်း နောက်ဆုံးပေါ် ဒီဇိုင်းများကိုလည်း ထုတ်လုပ်ဝတ်ဆင်လျက်ရှိကြပါတယ်။
High Street Fashion ကို အမျိုးအစားခွဲရမည်ဆိုလျှင် အများနှင့် မတူကွဲပြားလျက်ရှိသော Fast Fashion အမျိုးအစား တစ်ခုဟု သတ်မှတ်ကြသည်။

နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်များ ဖြစ်သည့် Primark, New Look, H&M များအပြင် Inditex ၏ အမှတ်တံဆိပ်အခွဲများ Bershka, Stradivarius, Pull&Bear တို့သည် High Street ဖက်ရှင် လောက တွင် ထင်ရှားကျော်ကြားကြသည့် ဆရာကြီးများဖြစ်ပါတယ်။
ဒါပေမဲ့ High Street ဈေးကွက်တွင် ကောင်းမွန်သောအရည်အသွေး၊ မြင့်မားသော ဈေးနှုန်းများရှိသည့် အခြားသော အမှတ်တံဆိပ်များလည်းရှိပါသေးသည်။ ၎င်းတို့မှာ Zara, Mango, Next, Marks နှင့် Spencer တို့ဖြစ်ကြပါသည်။

High Street ဖက်ရှင်၏ နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုမှာ ဘလော့ဂါများ၊ ဆိုရှယ်မီဒီယာများတွင် ကျော်ကြားသူများသာမက ဖက်ရှင်အမြင်ထူးထူးခြားခြားရှိသည့် လူငယ်များပါ အလွယ်တကူ ဝတ်ဆင်နိုင်သောကြောင့် ဖြစ်ပါသည်။
High Street ဖက်ရှင်ရေစီးကြောင်း၏ လွှမ်းမိုးမှု အရှိဆုံး ရွေးချယ်မှုများမှာ frills, ripped jeans, sportswear luxe, and T-shirts with prints တို့ဖြစ်ကြပါတယ်။
Frills High Street Fashion

Ripped Jeans High Street Fashion

Sportware Luxe High Street Fashion

T- Shirts with Prints High Street Fashion

By Myanmar Textile & Garment Guide





