Miss Korea 2019 ကတော့ လူတွေရဲ့ ဝေဖန်ရှုတ်ချမှုတွေကို တော်တော်လေး ခံခဲ့ရပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက တော့ Hanbok ကိုရီးယားရိုးရာဝတ်စုံကို အဆန်းထွင်တာ အရမ်းများပြီး မူရင်းပုံ ပျောက်ကာ အရမ်း ဖော်လွန်း ချွတ်လွန်းတဲ့ ပုံမျိုး ပေါက်သွားတဲ့အတွက်ကြောင့်ပါ။
Hanbok ကတော့ ကိုရီးယားလူမျိုးတွေရဲ့ တန်ဖိုးထား ဝတ်ဆင်ရတဲ့ ရိုးရာဝတ်စုံပါ၊ ထိုကဲ့သို့ ရိုးရာဝတ်စုံမျိုးကိုမှ ဒီလိုကြီးတွေ အဆန်းထွင်ခဲ့တော့ လူအများအပြားက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ koreaboo မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

![사진]미스코리아 임경미,'한복과 코르셋의 조화' - 조선일보](https://cloudfront-ap-northeast-1.images.arcpublishing.com/chosun/BSTJLLGHZ6EK4GIBC2TWUXMKAQ.jpg)
Hanbok ကိုတော့ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်အခမ်းအနား၊ အထိမ်းအမှတ် အခမ်းအနားမျိုးတွေမှာ တန်ဖိုးထား အမြတ်တနိုး ဝတ်ဆင် ကြတာပါ။ နောက်ဆုံး ဖိုင်နယ်ပြိုင်ပွဲဝင် ခြောက်ယောက်က စင်ပေါ် မှာ “hanboks” ဆိုပြီး အဆန်းထွင်ကာ တက်လာခဲ့ကြပါတယ်။ရိုးရာဝတ်စုံထက် corset ပုံစံမျိုး ပေါက်နေပါတယ်။ ဝတ်စုံကတော့ hanbok လို အရှည်မျိုးပဲ ချုပ်ထားပေမယ့် ပေါင်လည် လောက်အထိ ခွဲထားသလို ဖြစ်နေတာ ကြောင့် မူရင်း တကယ့် ရိုးရာ ဝတ်စုံက လုံလုံခြုံခြုံ ကျက်သရေ ရှိရှိလှပ သလောက် သူတို့ဝတ်ထားတာတွေက အရမ်းတွေ sexy ကျနေပါတယ်။
![수영복 대신 코르셋?`..`2019 미스코리아`, 이번엔 의상논란`선정적`비난[종합] : 뉴스볼 땐, 뉴썸](https://static.news.zumst.com/images/29/2019/07/12/53d6fa04de774a0b9744e8fa03e9748b.jpg)
![NB] 'MISS KOREA 2019' CRITICIZED FOR HANBOK FASHION SHOW | allkpop Forums](https://1.bp.blogspot.com/-vRO2p8xYXsY/XSdvIQrRVhI/AAAAAAAA7oY/JngcLtTDuHw0w9Hpk34QuEGHB36Oy6iXACLcBGAs/s1600/1472062-0.jpg)
မူရင်းကို အခြေခံပြီး အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောစပ်ဖန်တီးမှုလို့ ပြောခဲ့ပေမယ့် ရိုးရာဝတ်စုံကို မြတ်နိုးကြသူတွေကတော့ ဒီလို ပြောတာကို လုံး၀ လက်ခံ မပေးခဲ့ပါဘူး။ ဝေဖန်သံတွေ ဆူညံခဲ့တဲ့ ပြိုင်ပွဲရဲ့ Winner ကတော့ Kim Se Yeon ပါ။ သူမကတော့ အမေရိကန် ကယ်လီဖိုးနီးယား ရှိ ArtCenter College of Design က graphic design ကျောင်းသူပါ။ သူမကတော့ Media Line Entertainment CEO ဖြစ်သူ Kim Chang Hwan ရဲ့ သမီးလည်း ဖြစ်ပါတယ်။
![NB] 'MISS KOREA 2019' CRITICIZED FOR HANBOK FASHION SHOW | allkpop](https://1.bp.blogspot.com/-15EBdh25XQA/XSdvIRxr4bI/AAAAAAAA7oc/BZ7SVprTsQglZ1q5oppPspyxpOjgw8JXACLcBGAs/s1600/1472062-2.jpg)


![NB] Kim Se Yeon wins 'Miss Korea 2019' | allkpop](https://1.bp.blogspot.com/-B_zK5IX4Vqc/XSduB7soCzI/AAAAAAAA7oE/suCTu-zzC-w5h4vOrlLO9l6C99aGEaKlgCLcBGAs/s1600/3728916_high.jpg)
Myanmar Textile & Garment Guide
Ref: koreaboo





