အမျိုးသားတွေအနေနဲ့ အဝတ်အစား ဝတ်တဲ့ နေရာမှာ အပြည့်အစုံ Suit အပြည့် ဝတ်ပါက တွဲဖက်ဝတ်ဆင်တာမျိုး မှန်တဲ့ အခါလည်း ရှိသလို မှားတဲ့ အခါလည်း ရှိမယ် တကယ်တန်းမှာ Fashion ကျကျ ဝတ်မယ်ဆိုလိုက်နာရမည့် အချက်လေးတွေရှိပါတယ်။
၎င်းအချက်အလက်တွေကတော့ -
၁ . သင့်ရဲ့ ရှုပ်လက်ရှည်ကို လက်ခေါက်ဝတ်ပါ
အကျီၤ ကို ပထမဦးစွာ လက်ခေါက်မယ်ဆိုပါက လက်တံတောင်ဇစ်ကျော် အနီးတစ်ဝက်လေးကိုခေါက်ပါ အခေါက် ညီပါစေ သင့်လက်ခေါက်ထားတာလေးက ညီနေပါလိမ့်မည်။
၂ . အဝတ်အစားများကို စနစ်တကျ ခေါက်သိမ်းထားပါ
အဝတ်အစားများကို အဝတ်အထည်ထည့်သည့်အိတ်ဖြင့် စနစ်တကျ သိမ်းဆည်းပါ။
၃ . ကုဒ်အကျီၤ ဝတ်ပုံဝတ်နည်ူး မှန်ကန်ပါစေ
အခုယနေ့ခေတ်မှာ Single Breasted Suit တွေအဝတ်များလာတဲ့ နောက်ပိုင်းမှာ Single Breasted Suit တွေကိုနည်းလမ်းမှန်ကန်စွာနဲ့ ကြယ်သီးတတ်နည်းကရှိလာပါတယ်
စတိုင်လ်တခုအနေနဲ့ရော သက်တောင့်သက်သာရှိအောင်ရော နောက် ထိုင်ရထရ လှုပ်ရှားရလွယ်ကူအောင်ကြယ်သီးကိုစနစ်တကျ တပ်လာဖြုတ်လာကျပါတယ်
Single Breasted ကိုမှ ၃ မျိုးခွဲထွက်ပါတယ် ကြယ်သီး ၁ လုံး , ၂ လုံး , နောက် ၃ လုံးရယ်ပါ
ကြယ်သီး ၁ လုံးကကျ အမြဲကြယ်သီးတတ်ထားရပါတယ် ထိုင်တဲ့ အချိန်မှာတော့ တပ်ထားတဲ့ ကြယ်သီးကိုသက်တောင့်သက်သာရှိစေရန်အတွက်ဖြုတ်ထားနိုင်ပါတယ်
ကြယ်သီး ၂ လုံးနဲ့ ကျ အပေါ်ကြယ်သီးကိုတပ်ထားပြီးအောက်က ကြယ်သီးကို အမြဲဖြုတ်ဝတ်ဆင်ရပါမယ် ဒါမှသက်တောင့်သက်သာရှိမှာပါ
Single Breasted Suit ကိုမှ ကြယ်သီး ၃ လုံး နဲ့ပာာကျ အလယ်က ကြယ်သီးကိုသာတက်ဆင်ပြီးဝတ်ရပါမယ်ရှင် ပေါ်နဲ့အောက်ကို ဖြုတ်ထားရပါမယ် အာ့မှလဲ သက်တောင့်သက်သာရှိမှာပါ
ယနေ့ ခေတ်မှာတော့ ကြယ်သီး နှစ်လုံးနဲ့ Single Breasted Suit တွေက တအားခေတ်စားပါတယ် လို့ထပ်လောင်းပြောပါရစေ စတိုင်လ်အနေနဲ့ကြည့်မယ်ဆိုလည်း ပိုမိုက်ပါတယ်
၄ . ဆံပင်ပုံစံမှန်ကန်ပါစေ
ယောက်ျားလေးတွေမှာဆံပင်ပုံစံအနေအထားအလိုက်အသုံးပြုတဲ့ ခေါင်းဖီးတဲ့ဘီးပုံတွေကွာခြားပါတယ်
နောက်တခုက Gel ထက် wax သုံးရင်ပိုကောင်းတယ်လို့အကြံပေးပါရစေရှင် အုံးဆီကျအနံ့ပျင်းလို့မသုံးသင့်ပါ လုပ်ငန်းခွင် သို့ကျောင်းတက်တဲ့လူတွေဆိုလူအများနဲ့ဆက်ဆံထိတွေ့နေရတာပါအဲ့တော့အခြားသူတပါးအားနာစရာပါ
wax ကိုလက်ထဲ တကလော်ယူပါ လက်ဝါးပေါ်တင်ပါထို့နောက်ရေအနည်းငယ်ထည့်ပါ ပြီးမှ ဆံပင်ကိုလက်နဲ့အရင် wax လိမ်းရင်းပုံသွင်းယူပါ ပြီးတော့မှခေါင်းဖီးဖီးချပေးပါ သပ်ရပ်တဲ့ဆံပင်ပုံဆံရရှိမှာပါ
wax ကိုအနံ့ ခပ်သင်းသင်းမွှေးမွှေးလေးရွေးဝယ်ပါ တချို့တွေက Hair spray သုံးကျပါတယ်ဒါပေမဲ့ wax လိုတော့ကြာရှည်မခံပါဘူး
၅ . လက်ကိုင်ပဝါအသုံးပြုပါ
လက်ကိုင်ပဝါ ခေါက်တဲ့ပုံစံအသီးသီးပါသိထားရအောင်ပါ The Straight fold ကတော့သိတဲ့အတိုင်းသာမန်လေးထောင့်ခေါက်တဲ့ပုံပါ
လက်ကိုင်ပဝါခေါက်နည်းတွေထဲမှာပုံစံအကျformal အကျဆုံးပါ အရိုးဆုံးတွေက အလှဆုံးဆိုတာ Straight fold လေးကသက်သေပြသွားတာပေါ့
The unfinished fold ကတော့ straight fold လိုမျိုးကိုအမြန်ခေါက်လိုက်တာပါ ပုံစုံညီညာမှု့မရှိပါဘူးစားဖိုမှုးတွေ အစားသောက်မြည်းစမ်းသူတွေမှာ များသောအားဖြင့်တွေ့ရတယ်
The puff fold ကတော့မသေမသတ်နဲ့ အစွန်းတွေထွက်နေတာတွေ့ရမှာပါ သူ့ကိုကျ စီးပွားရေး အစည်းအဝေးပွဲတွေမှာ တကယ့်ဈေးကြီးတဲ့ Bow tie တွေကိုပိုအောင်ဝတ်ဖို့တွက် ထိုလက်ကိုင်ပဝါခေါက်နည်းကိုအသုံးပြုခြင်းပါ
The one peak fold (The corner fold)သူကတော့ Straight fold ပြီးရင် formal အကျဆုံးပါ သူ့ကိုတော့ လူကြီးလူကောင်းတွေတွေ့ဆုံတဲ့ အခါကျ အသုံးများတယ်
The four peak fold သူ့ကိုကျ လူငယ်ဆန်ဆန်ဝတ်တဲ့ အခါတွေမှာပါ ခေါက်ဝတ်နိုင်ပါတယ် တချို့သော ညစာစားပွဲတွေမှာဝတ်လို့ရလို ပွဲ အသေးအနည်းအကျင်းမှာပါ လူငယ်များအနေဖြင့် ခေါက်ဝတ်နိုင်ပါတယ်
၆ . ဖိနပ်နဲ့ အဝတ်အစား လိုက်ဖက်မှု့ ရှိပါစေ
Suit တွေကို ဖိနပ်အရောင်နဲ့ တွဲဝတ်တဲ့အခါမှာ အရောင်အမြဲကိုက်အောင်လိုက်ဖက်အောင်ဝတ်သင့်ပါတယ် ဒါမှလဲကြည့်ရတဲ့လူအမြင်မှာ မဆိုးစေပဲ အဆင်ချောကြည့်ကောင်းနေမှာပါ
ဥပမာ အနက်ရောင် Oxford shoe ကို နက်ပြာရောင် ခဲရောင် ခဲနက်ရောင် အနက်ရောင်နဲ့ပဲလိုက်ဖက်ပါတယ် အညိုရောင်နဲ့ဆိုကြည့်မကောင်းပါဘူးတကယ်မလိုက်ဖက်ပါဘူး
Brogues Shoe အညိုဆို အနက်ရောင် Suit နဲ့ တွဲဝတ်ရင်တကယ်မလိုက်ပါဘူး အညိုနဲ့ အနက်က အရောင်အမှိုင်းချင်းတူပေမဲ့ တွဲဝတ်လို့ ဘယ်လိုမှ အဆင်မပြေတဲ့ အတွဲ အစပ်ပါ
၇ . ဖိနပ်ကို လယ်သာ ကို ပြောင်လက်နေအောင်တိုက်ပါ
Oxford ဒီဇိုင်းဖိနပ်တရံရှိပြီဆိုကိုယ်စီးတဲ့ဖိနပ်ကမှုန်ပိန်းပိန်းကြီးမပာုတ်ပဲ တောက်ပနေအောင်တိုက်ရပါတယ်
အဲ့လိုတိုက်တဲ့အခုမှာပထမဆုံး Oxford ဖိနပ်နဲ့ကြိုးတွေကိုဖြုတ်ထားပေးပါ နောက် ဖုန်မှုန့် သဲတွေနဲ့ အညစ်အကြေးတွေကို Brush သို့ အဝတ်စကြမ်းကြမ်းနဲ့တိုက်ပေးပါ
ပြီးလျှင် ပေါလစ်နည်းနည်းလေးလောက်သာယူပြီး ဖိနပ်ကိုအဲ့ အဝတ်ကြမ်း နဲ့ပဲတိုက်ပေးပါbrush သေးသေးလေးနဲ့ ဖုန်ဝင်တဲ့ နေရာချောင်ကျပြီး brush အကြီးမမှီတဲ့နေရာလေးတွေလိုက်တိုက်ပေးပါ
ဥပမာသွားတိုက်တံလိုမျိုးပါ brush အသေးက ကိုယ်မသုံးဖြစ်တဲ့သွားတိုက်တံပေါ် ပေါလစ်အနည်းငယ်တင်ပြီးတိုက်ပါ ပြီးပါက brush နဲ့ထပ်တိုက်ပါ အစဉ်းတွေမပေါ်ခင်အထိ နောက်ပြီး အဝတ်အသန့်နဲ့သုတ်လိုက်ရင်ပြောက်လက်နေတဲ့ Oxford တရံရပါပြီ။
၈ . ဘောင်းဘီက တွဲဖက်မှု့ ရှိပါစေ
ဘောင်းဘီကို ကိုယ်သက်တောင့် သက်သာ ဖြစ်မဲ့ အနေအထားကို ရွေးချုပ်ပါ အရမ်းကျပ်လွန်းတဲ့ ဆွဲသားဘောင်းဘီတွေက သင့်ကို မသင့်တော် စေ ပါဘူး ထို့အပြင် ခြေမျက်စိ အတင် အနေအထား ရှည်လဲ မရှည် တိုလည်း မတိုတဲ့ အနေအထား no break အနေအထားကို ရွေးဝတ်သင့်ပါတယ်။
၉ . အခြားအဆင်တန်ဆာများဝတ်ဆင်ပါ
သင့်ရဲ့ တန်ဖိုးရှိမှု့ အချိန်အပေါ် တန်ဖိုးထားမှု့က အမြဲ သင့်လက်ပေါ်နာရီ ကိုကြည့်ပြီးလူတွေက ဆုံးဖြတ်ကြပါလိမ့်မည် ထို့အပြင် လက်စွပ်ကိုလဲ အလှ ဝတ်ဆင်နိုင်ပါသေးတယ် ရုံးလုပ်တဲ့ သူဆိုရင်တော့ ဘောပင် လေးတစ်ချောင်းပါဆောင်ထားသင့်ပါတယ်။
<<< Zawgyi >>>
ခေတ်နဲ့ အညီ Gentle Man ဆန်တဲ့ Fashion ရအောင်ဘယ်လိုဝတ်ဆင်ရမလဲ
-----------------------------------
အကျီင်္ ကို ပထမဦးစွာ လက်ခေါက်မယ်ဆိုပါက လက်တံတောင်ဇစ်ကျော် အနီးတစ်ဝက်လေးကိုခေါက်ပါ အခေါက် ညီပါစေ သင့်လက်ခေါက်ထားတာလေးက ညီနေပါလိမ့်မည်။
၃ . ကုဒ်အကျီင်္ ဝတ်ပုံဝတ်နည်ူး မှန်ကန်ပါစေ
၎ . ဆံပင်ပုံစံမှန်ကန်ပါစေ
Ref ; Gentleman Gazette