အမျိုးသမီးတွေ အသက်၄၀ ပတ်ဝန်းကျင်လောက် ရောက်လာကြပြီဆိုရင် သူတို့ရဲ့ ဖက်ရှင်အမြင်တွေလည်း ပြောင်းလဲသွားလေ့ရှိပါတယ်။
သိပ်မကြာခင်က ဝတ်ခဲ့တဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေဆိုရင်တောင် ဒီအချိန်မှာ အမှိုက်ပုံထဲ ရောက်သွားနေလောက်ပါပြီ။ ဘာလို့ အဲ့လိုလုပ်တာလဲ? ဖက်ရှင်စည်းကမ်းတွေကို တစ်ခါတလေ မေ့ပစ်ပါ။ ၄၀ကျော် သင့်ရဲ့ အလှအပအတွက် ဖက်ရှင်စည်းမျဉ်းတွေ ချိုးဖောက်ပစ်ပါ။ ရလာတဲ့ ရလဒ်က တကယ်ထိုက်တန်တာ သင်သိရမှာပါ။ ကဲ.. ဒါဆို ဘာတွေလုပ်ရမလဲ ကြည့်ကြရအောင်။
 ခြေထောက်တွေကို ဖုံးထားရမယ်ဆိုတာ မေ့လိုက်ပါ။ 
ချောမွတ်လှပတဲ့ ခြေထောက်တွေကို ဘာအကြောင်းနဲ့ ဖုံးထားနေဦးမလဲ။ အခွင့်ရှိခိုက်မှာ သင့်ခြေထောက်ရဲ့ အလှအပတွေကို ပြလိုက်ပါဦး။ ပိုပြီး လှပချင်တယ်ဆိုရင်တော့ သင်ဝတ်ထားတဲ့ စကဒ်ကို ဒူးအထက် ၅လက်မလောက်တက်နေတဲ့ စကဒ်မျိုးကို ရွေးချယ်ပါ။ တင်ပါးအောက်ကို အနည်းဆုံး ၃လက်မလောက် ဖုံးမိနေဖို့တော့ သတိပြုပေါ့။
Read: ရင်သားသေးတဲ့ ပျိုမေလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်
၂။ အနက်ချည့် ဝတ်မနေပါနဲ့။ 
အနက်က လှပါတယ်။ ဒါပေမဲ့ သင့်ကို ရွှင်လန်းတက်ကြွစေဖို့ဆိုရင် အရောင်ဖျော့ဖျော့လေးတွေကလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ သင့်ကိုလည်း ပိုပြီး နုပျိုလှပစေတာပေါ့။
၃။ လက်ပြတ်လည်း သင်ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်။
အမျိုးသမီးတွေက သူတို့ရဲ့ လက်မောင်းလေးတွေကို ဖော်ပြချင်ကြတာချည်းပါပဲ။ ဒါကြောင့် ဖုံးမထားပါနဲ့။ ဒီဘက်ခေတ်ကြီးမှာ Shoulder Off လေးတွေလည်း များလှတာမို့ ကိုယ်နှစ်သက်ရာလေးတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဒါလေးတွေနဲ့ဆို သင်လည်း ဆွဲဆောင်မှု အပြည့်နဲ့ လှပနိုင်ပါသေးတယ်။
၎။ အင်္ကျီပွပွတွေသာ ဝတ်ရမယ်လို့ မထင်ထားပါနဲ့။ 
မိုးပျံပူဖောင်းကြီးနဲ့ တူချင်လို့လားလို့လား ဆိုတဲ့ အပြောတွေကို ဂရုမစိုက်ပါနဲ့။ ကြပ်တဲ့အင်္ကျီပဲဖြစ်စေ၊ ချောင်တာပဲဖြစ်စေ အရေးအကြီးဆုံးက သင်နဲ့ လိုက်ဖက်ညီနေဖို့ပါ။ ကိုယ်ကြိုက်တယ်ဆိုဝတ်လို့ ရပါတယ်။ ကိုယ့်အမြင်မှာ ကိုယ်လှနေဖို့ပဲ လိုပါတယ်။
၅။ ဂျင်းအပြဲတွေ ဝတ်ချင်လား? ဝတ်လိုက်ပါ။ 
ဝတ်လိုက်တာနဲ့ ပြဲထွက်သွားမယ့် ဂျင်းအပြဲလွန်နေတာတွေသာ မဟုတ်ခဲ့ရင် ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းအပြဲလှလှလေးကိုမှ ရှူးအနိမ့်လေးနဲ့ စီးကြည့်လိုက်ပါ။ ဘယ်လောက်တောင် လှနေလိုက်မလဲလို့..
၆။ ဒူးအထက်ဖိနပ်ရှည်တွေကို မဝတ်ပါနဲ့ဆိုတဲ့ စည်းကမ်းကို မေ့ပစ်ပါ။ 
ဘာကြောင့် မဝတ်ဘဲနေမလဲ? ဒီဖိနပ်ရှည်တွေက သင့်ခြေထောက်ကို ကြည့်ကောင်းစေသလို လှလည်းလှစေတယ်လေ။
၇။ အသားကပ် ဘောင်းဘီရှည်တွေ၊ ဘောင်းဘီတွေကို ကြိုက်ရင် မတွန့်ဆုတ်နေဘဲ ဝတ်သာ ဝတ်ပါ။ 
အသက်လေးဆယ်ကျော်တာနဲ့ အသားကပ်ခြေအိတ်တွေ၊ ဘောင်းဘီအကြပ်တွေ မဝတ်ရတော့ဘူးတဲ့လား? မေ့လိုက်ပါ။ ဝက်အူချောင်းတွေ၊ အသားချောင်းတွေနဲ့ မတူနေရင် ပြီးတာပဲမဟုတ်လား။  အဲ.. ထုံးစံအတိုင်း အတွင်းခံတွေကို သတိထားရွေးဖို့လည်း မမေ့နဲ့ဦးနော်။
၈။ ဒေါက်မစီးရဆိုတဲ့ စည်းကမ်းကို ဝဲပစ်လိုက်ပါ။ 
ဒေါက်မြင့်ဖိနပ်တွေဟာ လှပခြင်းနဲ့ ယုံကြည်မှုတွေကို ဖန်တီးပေးတဲ့ အရာတစ်ခုပါ။ အရေးကြီး အစည်းအဝေးတွေ ဘာတွေမှာ ဒေါက်စီးဖို့လိုရင် ရဲရဲသာ စီးပါ။ ဘာတွေကို ကြောက်နေဦးမှာလဲ?
ကဲ… ဒီလိုဆို အသက်၄၀ကျော်မမတွေ ဘယ်လိုလန်းရမလဲဆိုတဲ့ အိုင်ဒီယာလေး ရပြီဟုတ်?
Source: The Lifestyle Myanmar
Myanmar Textile and Garment Directory
			    
					
		  	



