What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲတမ်း ဖက်ရှင်ကျနေစေဖို့ သိထားသင့်တဲ့ အချက်များ

အမြဲတမ်း ဖက်ရှင်ကျနေစေဖို့ သိထားသင့်တဲ့ အချက်များ google

ဖက်ရှင်က လူတိုင်းအတွက် အရေးကြီးတာမို့ ဒီနေ့မှာတော့ Textile ကနေ အမြဲတမ်း ဖက်ရှင်ကျနေစေဖို့ သိထားသင့်တဲ့ အချက်များကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) အနားမညီ ခပ်လွလွ အင်္ကျီလေးတွေက ကိုယ်ခါးကို ပိုကြီးသယောင်ထင်စေတဲ့ တစ်ဖြောင့်တည်းသွား ခါးစည်းအင်္ကျီတွေထက် ပိုပြီးလိုက်ဖက်ပါတယ်။

(၂) အ၀တ်အစားတွေကရိုးစင်းတဲ့ဝတ်စုံပါပဲ။နွေးထွေးတဲ့နေ့တွေမှာအပေါ့စားဂျက်ကတ်နဲ့ ခြေကျင်းဝတ်ဖုံးဖိနပ်ကိုဝတ်ပါ။အေးမြတဲ့နေ့တွေမှာတော့ ဖိနပ်ရှည်အကျပ်တွေကိုဝတ်ပါ။

Read: ဒီဇိုင်းကျကျ နွေဖက်ရှင်လှလှ

(၃) သင်ဟာ အရပ်ရှည်ရှည်ကောင်မလေးဆိုရင် ခါးမြင့်မြင့်စကတ်လေးတွေကို ရွေးချယ်ဝတ်ပေးပါ။ ဒါမှသာ ခန္ဓာကိုယ် အလေးချိန်မျှသွားပါလိမ့်မယ်။

(၄) လက်မောင်းလေးတွေ သွယ်ချင်တယ်ဆိုရင် အရောင်ရင့်ရင့်တွေကို ရွေးပါ။ အရောင်ရင့်ရင့်အင်္ကျီတွေထဲမှာမှ လက်ရှည်အင်္ကျီ ဒါမှမဟုတ် လက်စကအင်္ကျီတွေက အကောင်းဆုံးပါပဲ။

(၅) ဝတ်စရာမရွေးခင် ရာသီဥတု သတင်းလေ့လာပါ။ ဖိနပ်မှားဝတ်လာပြီး မိုးမိနေတာမျိုး၊ ဒါမှမဟုတ် နေပူပူမှာ ချွေးတလုံးလုံး ဖြစ်နေတာမျိုး ဆို အဆင်မပြေပါဘူး။

Source: Lifestyle Mirror

Myanmar Textile and Garment Directory

Read 2086 times
Rate this item
(2 votes)