ခေတ်ဆန်ဆန် လှလှပပ မိန်းကလေးတွေကို တွေ့ရင် သဘောကျတတ်ကြပါသလား? ခေတ်ဆန်ဆန်လေးကလည်း လှချင်၊ ဘယ်လိုဝတ်စားနေထိုင်ရမယ်မှန်းလည်း မသိဆိုတဲ့ ပျိုမေလေးတို့အတွက် ခေတ်ဆန်လှပတဲ့ မိန်းကလေးတွေသာ သိထားတဲ့ လျှို့ဝှက်ချက် (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်…
(၁)ကိုယ့်ရဲ့ အရေပြားအလှကို ဘယ်လိုဖော်ပြရမလဲဆိုတာ သိထားဖို့ လိုပါတယ်။
မိန်းကလေးတွေက အပေါ်ပိုင်းအသားကို လုံခြုံအောင် ဝတ်ထားရင်တော့ အောက်ဘက် ခြေသလုံး အသားကို အနည်းငယ်ဖော်ပေးသင့်ပါတယ်။ ဒီဘက်ခေတ်ရဲ့ ယဉ်ကျေးစွာ ခေတ်ဆန်မှုအရပါ။ ဥပမာ – စကတ်အတိုဝတ်မယ်ဆိုရင် အပေါ်အင်္ကျီကတော့ လုံလုံခြုံခြုံဝတ်သင့်ပါတယ်။ အပေါ်ပိုင်းက နည်းနည်း ဟိုက်ဟိုက်လေး၊ လက်မောင်းသားဖော်ထားတာလေးတို့ ဝတ်မယ်ဆိုရင်တော့ အောက်ပိုင်းကတော့ လုံခြုံပါစေပေါ့။

(၂) အရမ်းကြီးကျပ်ထုပ်နေအောင် ဝတ်ဖို့မလိုသလို အရမ်း ချောင်ချိနေတာမျိုးတွေ မဝတ်သင့်ပါဘူး။
ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်ချင်တာကြောင့် အတင်းကြီး မရမက လူမြင်မကောင်းလောက်အောင် ကြပ်ထုပ်နေတဲ့ အဝတ်အစားဝတ်တာမျိုးတွေ ရှောင်သင့်ပါတယ်။ ဒါမှမဟုတ် လူနှစ်ယောက်စာဝင်လို့ရလောက်တဲ့ ပွယောင်းယောင်း အင်္ကျီမျိုးကိုလည်း ရွေးဖို့ လုံးဝ စိတ်မကူးလိုက်ပါနဲ့နော်။ အကောင်းဆုံးကတော့ ကိုယ့် ခန္ဓာ အတိုင်း ရှိသလောက် အဝတ်အစားချုပ်တာ အကောင်းဆုံးပါပဲ။

(၃)သက်တောင့် သက်သာရှိတဲ့ ဖိနပ်ကို ရွေးချယ်ပါ။
ကိုယ့်ရဲ့ခေတ်ဆန်ဆန်ကြော့ကြော့မော့မော့ ဝတ်စားထားတဲ့ ဒီဇိုင်းနဲ့ ဒေါက်ဖိနပ်အမြင့်ကမှ လိုက်ဖက်မှုရှိတယ်လို့ထင်နေတာ မှန်ချင်မှန်နေနိုင်ပါတယ်။ ဒီလိုဆိုပေမဲ့လည်း အသဲတို့ရဲ့ ခြေထောက်လေးတွေ အနာခံပြီးတော့ ခေတ်မဆန်ဖို့တော့ ပြောချင်ပါတယ်နော်။ အဓိကက ဒေါက်အမြင့်ဝတ်မှ လှတာမဟုတ်ပဲနဲ့ လှပပြီး အသဲတို့ ခြေထောက်လေးရဲ့လှမ်းသမျှခြေလှမ်းတိုင်းမှာ ယုံကြည်မှုရှိရှိ သက်တောင့်သက်သာ ဖြစ်စေတဲ့ဖိနပ်မျိုး ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

(၄) accessories လေးတွေဝတ်ပါ။
မိတ်ကပ်ကို ရိုးရိုးလေးလိမ်းပြီး အဝတ်အစားနဲ့လိုက်ဖက်တဲ့ accessories လေးတွေကို အတွဲညီညီဝတ်လိုက်ရင် ခေတ်ဆန်လှပတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်မှာပါ။ ဥပမာ – နားဆွဲလေးတို့ ဖန်စီလက်ပတ် ၊လည်ဆွဲလေးတွေလိုပေါ့။

(၆) ဘောင်းဘီအရှည်တွေကို အနားခေါက်ပြီး ချုပ်ထားပါ။
ရှူးဖိနပ်စီးပြီး ဝတ်ထားတဲ့ဘောင်းဘီက ဖိနပ်ကို အုပ်လောက်တဲ့ အရှည်ဖြစ်နေတဲ့ အမှားမျိုး မိန်းကလေးတော်တော်များများ လုပ်ကြပါတယ်။ ဒီလိုမျိုး ဘောင်းဘီရှည် ဝတ်ထားမိပြီဆိုရင်တော့ ဖိနပ်အပါး ဒါမှမဟုတ် ဒေါက်ဖိနပ်ပြောင်းစီးမှ လိုက်ဖက်မှာပါ။ ဘောင်းဘီအောက်နားခေါက်ရာက ကြမ်းပြင်နဲ့ လက်မဝက်လောက် ခွာထားရင် ရပါတယ်။

(၇) အဝတ်အစားတွေကို အစီအစဉ်တကျထားပါ။
ဘယ်အဝတ်အစားကို သေသေသပ်သပ်ခေါက်သိမ်းထားရမယ် ၊ ဘယ်အဝတ်အစားကိုတော့ အင်္ကျီချိတ်နဲ့ ချိတ်ထားရမယ်ဆိုတာကို သေချာခွဲခြားထားပါ။ ဒါဆိုရင် သွားခါနီးလာခါနီး ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားကို ရွေးဖို့အဆင်ပြေသွားပါပြီ။ အဝတ်ဗီရိုထဲမှာ အရောင်အနုအရင့်အလိုက် တစ်ကန့်စီထည့်ထားမယ်ဆိုရင် အရောင်လိုက်ဖက်မှုကိုကြည့်ပြီး အလွယ်လေး ကောက်ရွေးလို့ ရမှာပါ။
(၈) အတွင်းခံရွေးချယ်မှု မှန်ကန်ပါစေ။
ဒါက အရေးကြီးတယ်နော်… အတွင်းခံ bra ကို အံဝင်ခွင်ကျဝတ်ထားပေမဲ့ အတွင်းခံဘောင်းဘီက ချောင်ကျိနေတာမျိုးကျတော့လည်း မမိုက်ဘူးလေ… ဘယ်အဝတ်အစားနဲ့ဆို ဘယ်လို အတွင်းခံမျိုး ဝတ်ရမယ်ဆိုတာကို ကျိန်းသေသိထားမှ ရမှာပါ။ ဆိုကြပါစို့.. ကိုယ်က အသားပျော့ပျော့နဲ့ ချုပ်ထားတဲ့ ဝတ်စုံအကျပ်လေး ဝတ်ထားတယ်ပေါ့.. အဲဒီအချိန်မှာ အတွင်းခံအရာကြီးတွေ ထင်းနေရင် ဘယ်လိုမှ မလှတော့ဘူးလေ… ဒါကြောင့် အတွင်းခံက အရေးကြီးတယ်လို့ ပြောတာပါ။
Source: For Her Myanmar