သင့်ရဲ့ အဝတ်ဗီရိုထဲမှာ အဝတ်အစားပေါင်းများစွာ ရှိတဲ့အထဲကနေ မလိုအပ်တဲ့အရာတွေကို ဖယ်ရှားပစ်ဖို့ကို ဝန်လေးတတ်ကြတယ်။ ဒီလို မဖြစ်အောင် မလိုအပ်တဲ့ အဝတ်အထည်တွေကို စွန့်ပစ်သင့်တယ်ဆိုတာကို ပြောပြပေးချင်တယ်။ အဲဒါတွေက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်။။။
၁။ သင်မကြိုက်နှစ်သက်တဲ့ လက်ဆောင်များ

သင်နဲ့ လိုက်ဖက်မှုမရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို သိမ်းမထားသင့်ပါဘူး။ ဥပမာ ပုဝါဆိုရင် သင့်အသားအရေနဲ့ လိုက်ဖက်မှုမရှိတာတို့ ၊ အဝတ်အစားတွေက ပိုပြီး ဝတဲ့ပုံပေါက်စေတယ်လို့ ထင်ရတာတွေ ဖြစ်တဲ့အခါမှာ ဝတ်ချင်စိတ်မရှိတော့ဘဲ သင့်ရဲ့ခံစားချက်ကိုပါ ဖျက်ဆီးစေနိုင်တယ်။ ဒါကြောင့် မကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေကို လှူဒါန်းတာ (သို့) စွန့်ပစ်တာတို့တွေ လုပ်နိုင်တယ်။
၂။ အရောင်တောက်တောက် အဝတ်အစား

အရောင်တောက်တဲ့ dress, စကပ်တွေကို ဝယ်ယူတဲ့အခါမှာ ဒီလို အဝတ်အစားတွေကို ၂ခါလောက်ပြန်ဝတ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ အကယ်၍ ပါတီပွဲသွားရန် ဈေးဝယ်ထွက်ဖို့ အချိန်မရှိတဲ့အခါ ဌားရမ်းတာ (သို့) ဈေးသက်သာတဲ့ အထည်တွေကို ဝယ်ယူတာတွေ ပြုလုပ်နိုင်တယ်။
၃။ အတွင်းခံအဖြူရောင်

အမျိုးသမီးအားလုံးနီးပါးမှာ အတွင်းခံအဖြူရောင်အဝတ်အစားများ ရှိပေမယ့်လည်း ဒါဟာ လုံးဝအသုံးမဝင်တဲ့ အဝတ်အပိုင်းစ တစ်ခုပါ။ ဘာကြောင့်လဲဆိုတာ အကြောင်းရင်းများစွာ ရှိပါတယ်။ အဖြူရောင်အဝတ်အစားတွေဟာ ညစ်ပေလွယ်နိုင်ပြီး အဝါအစွန်းအကွက်တွေဖြစ်လာနိုင်တယ်။ ဒါ့အပြင် အဖြုရောင်အတွင်းခံတွေ ဝတ်ဆင်တဲ့အခါ အင်္ကျီအောက်ကနေ သိသာထင်ရှားစွာ မြင်ရနိုင်တယ်။ ဒီလိုမျိုးပြဿနာတွေ ကင်းဝေးချင်ရင်တော့ ကိုယ့်အသားအရောင်နဲ့တူတဲ့ အဝါနုရောင် အတွင်းခံအဝတ်အစားကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
၎။ မကြာသေးမီက ဝယ်ယူထားပြီး ပျက်ဆီးသွားတဲ့အဝတ်အစားတွေ

အင်္ကျီအသစ်ပျက်ဆီးသွားခြင်းဟာ အမှန်တကယ်ကို စိတ်ပျက်ဖို့ရာကောင်းပါတယ်။ ချုပ်ရိုးချုပ်သားကောင်းတဲ့ အထည်မျိုးကို သေချာစိစစ်ပြီး ရွေးချယ်ဝယ်ယူသင့်တယ်။ ဒီလို ပျက်ဆီးသွားတဲ့ အဝတ်အထည်တွေကို ဗီရိုထဲကနေ သုတ်သင်ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။
၅။ အိမ်မှာ ပြန်ပြင်ချုပ်လုပ်ထားတဲ့ အဝတ်အထည်များ

လူတော်တော်များများမှာ အစွန်းအထင်း နှင့် မှေးမှိန်ပြီး အစက်အပြောက်ပါတဲ့ အဝတ်အစားတွေ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဝရရှိစေဖို့ ဟောင်းနွမ်းသွားပြီဖြစ်တဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။ သင်တို့နဲ့ ကိုက်ညီမှုမရှိဘဲ ချို့ယွင်းချက်ရှိတဲ့ အရာတွေကို ဖယ်ရှားပစ်ဖို့ အကြံပြုချင်ပါတယ်။
အပြင်ပန်းကြည့်လိုက်ရင် လှပေမယ့် တကယ်လက်တွေ့ ဝတ်ဆင်တဲ့အခါ ဒုက္ခပေးတတ်တဲ့ အဝတ်အစားများ
၆။ Brand အတုတွေ

အရည်အသွေး မကောင်းတဲ့ brand အတုတွေ ဝယ်မဲ့အစား ကိုယ်နဲ့ လိုက်ဖက်မှုရှိပြီး အဆင်ပြေစေမယ့် အရာမျိုးကိုဘဲ ရွေးချယ်စေချင်တယ်။ ဒီလိုအရာတွေကလည်း ဖယ်ရှားပစ်ဖို့ တစ်ခုအပါအဝင်ပါပဲ။
၇။ လက်ဝတ်ရတနာအဟောင်းများ

ကိုယ်ဝတ်ဆင်ထားတဲ့ dress က ဘယ်လောက်ဘဲလှလှ jewelry က ဟောင်းနွမ်းနေမယ်ဆိုရင် သင့်ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်။ အဲ့လို အသုံးအဆောင်တွေကို ဖယ်ရှားဖို့ ဝန်မလေးပါနဲ့။
ခုပြောပြပေးတဲ့ အရာတွေကို ဖယ်ရှားပစ်သင့်ပြီဆိုတာ သိလောက်ပါပြီနော်။
Author:TDA





