စကပ်ဟာ အမျိုးသမီးတွေရဲ့ဗီရိုထဲမှာ ရှိသင့်တဲ့ အရာတစ်ခုဖြစ်ပြီး မတူကွဲပြားခြားနားတဲ့ စတိုင်တွေနှင့်အတူ ပြီးပြည့်စုံအောင်ပြုလုပ်ပေးနိုင်ပါတယ်။
သင့်ရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်နဲ့လိုက်ဖက်ပြီး ပေါ်လွင်တဲ့ စကပ်မျိုးကို မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လို စကပ်မျိုးက ပျိုမေတို့နဲ့ လိုက်ဖက်မှု ရှိလဲဆိုတာ ကို ပြောပြပေးပါမယ်။
1.Pencil Skirt

အင်္ကျီလက်ပွပွ (သို့) ကော်လံကြီးကြီး ဘလောက်စ်ကိုမှ စကပ်ထဲထည့်ပြီး ဝတ်ဆင်နိုင်ပါတယ်။ တင်ပါးအလှလဲပေါ်လွင်ပြီး သွယ်လျတဲ့ ခြေတံလေးတွေကိုလဲ အလေးပေးဖော်ပြပေးမှာပါ။ တင်ပါးဗြက် ကျဉ်းတာ သို့မဟုတ် ကျယ်တဲ့သူတွေအနေနဲ့ မဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။
2. Tulip Skirt

အပေါ်ပိုင်းအင်္ကျီက ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်နေသင့်ပြီး အင်္ကျီကို စကပ်ထဲထည့်၍ ဝတ်ဆင်ပါ။ ထူးခြားလှပမှုတွေရရှိစေမှာပါ။ သို့သော် ခါးနှင့် ပေါင်တံက အနည်းငယ်ကြီးစေပြီး ခြေတံတိုတယ်လို့ ထင်စေနိုင်ပါတယ်။
3. Wraparound Skirt

Wraparound Skirt ကို fitting ဖြစ်စေမယ့် top ၊ ဆွယ်တာတို့နဲ့ တွဲဖက်ဝတ်ဆင်ပါ။ သင့်ရဲ့ဗိုက်က အဆီပိုတွေထွက်နေတာကို ဖုံးကွယ်ပေးနိုင်တာကြောင့် မိန်းကလေးတွေအနေနဲ့ ဆောင်ထားသင့်တဲ့ စကပ်ဆိုလဲမမှားပါဘူး။
အမျိုးအစား မတူညီတဲ့ စကပ်တွေကို ဘယ်လိုဖိနပ်တွေနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ကြမလဲ
4. A-Line Skirt

ရိုးရှင်းတဲ့ ဘလောက်စ်အင်္ကျီ ၊ လည်ထောင်အင်္ကျီ ၊ ဆွယ်တာတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ တင်ပါးကို ဖုံးကွယ်ပေးနိုင်ပြီး အမြင်အာရုံမှာ ခြေတံတိုစေတယ်လို့ ထင်ရတယ်။
5. Poodle Skirt

ရိုးရှင်းပြီး အရောင်တောက်တဲ့ top ကို ရွေးချယ်ပါ။ poodle စကပ်ဟာ ခါးကို ပေါ်လွင်လှပစေပါတယ်။ ဒါပေမယ့် တင်ပါးကြီးစေတယ်လို့ ထင်စေနိုင်တယ်။
6. Trumpet Skirt

Trumpet Skirt ဆိုတာ အောက်နားက ခေါင်းလောင်းပုံစံ စကပ်မျိုးဖြစ်တယ်။ ခန္ဓာကိုယ် fit ဖြစ်စေမယ့် ဘလောက်စ်အင်္ကျီ ၊ Jacket တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်တယ်။ တင်ပါးပေါ်လွင်လှပစေမှာပါ။ ခြေသလုံးကြီးတဲ့ဆိုရင်တော့ မဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။
7. Pleated Skirt

အတွန့်ပုံစံ pleated skirt ကို အရောင်လင်းမယ့်အင်္ကျီမျိုးနဲ့ တွဲဖက်ဖို့ အကြံပြုချင်တယ်။ တင်ပါးအထက်ပိုင်းကို ပေါ်လွင်လှပစေပြီး ခန္ဓာကိုယ်ပြည့်တဲ့ သူတွေအတွက်တော့ ပိုပြီး ဝစေတယ်လို့ ထင်နိုင်တာကြောင့် မဝတ်ဆင်သင့်ပါဘူး။
8. Mini Skirt

mini skirtကို လည်ထောင်အပိတ် ၊ ဆွယ်တာ ၊ တီရှပ်တွေနှင့် ဝတ်ဆင်နိုင်ပြီး ခြေတံလေးတွေ ရှည်သဖွယ်ထင်ရစေမှာပါ။ အရပ်ရှည်တဲ့သူတွေ ဝတ်ဆင်မယ်ဆိုရင်တော့ ပိုရှည်တယ်လို့ ထင်စေနိုင်ပြီး ပုံပျက်နိုင်တာကြောင့် မရွေးချယ်ဖို့ ပြောချင်ပါတယ်။
9. Basque Skirt

ခန္ဓာကိုယ်နဲ့ ကွတ်တိဖြစ်နေမယ့် top မျိုးကို ရွေးချယ်ပါ။ တင်ပါးမလှတဲ့သူတွေအတွက် basque skirt က ကူညီဖုံးကွယ်ပေးပါလိမ့်မယ်။
10. Straight Skirt

ခပ်ပွပွအင်္ကျီ ၊ classic ဆန်တဲ့ ဘလောက်စ်နှင့် လည်ထောင်အင်္ကျီတွေကို straight skirt နှင့် တွဲဖက်ဆင်မြန်းပါ။ သင်ပေါ်လွင်လှပစေမှာ အမှန်ပဲနော်။
11. Multi-Layered Skirt

fit ဖြစ်စေမယ့် top နဲ့ ရွေးချယ်ဝတ်ဆင်လိုက်ပါ။ တင်ပါးလည်း ပေါ်လွင်လှပစေတယ်။ ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့သူတွေအနေနဲ့ မဝတ်ဆင်သင့်ပါဘူး။
12. Floor-Length Skirt

ရိုးရှင်းတဲ့ တီရှပ် ၊ ဘလောက်စ်တွေနဲ့ ဝတ်ဆင်နိုင်ပြီး သင့်ခြေထောက်မှာရှိတဲ့ အပြစ်အနာဆာတွေကိုလည်း ဖုံးကွယ်ပေးနိုင်တယ်။
ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်နဲ့ လိုက်ဖက်မယ့် စကပ်ကို ဘယ်လိုရွေးချယ်ကြမလဲ?
- ထောင့်မှန်စတုဂံ ပုံသဏ္ဍန် ခန္ဓာကိုယ်အရွယ်အစား

Tulip skirt က ဒီလို ခန္ဓာကိုယ်ပုံရှင်တွေအတွက် အသင့်လျော်ဆုံးပါပဲ။ ခါးနှင့် တင်ပါးကိုလည်း ပေါ်လွင်လှပစေတယ်။ အရပ်ပုတဲ့သူတွေအနေနဲ့ ခါးပတ်နဲ့ တွဲဖက်ဆင်မြန်းသင့်တယ်။ အခြား အိတ်ကပ်ပါတဲ့ အဆင်ဒီဇိုင်းတွေကိုလည်း ရွေးချယ်နိုင်ပါတယ်နော်။
- စက်ဝိုင်း ပုံသဏ္ဍန် ခန္ဓာကိုယ်အရွယ်အစား

ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့သူတွေအတွက် Straight skirt က အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အမြင်အာရုံမှာ အရပ်ရှည်တယ်လို့ ထင်စေနိုင်တယ်။ ခါးတိုတဲ့ အင်္ကျီဒီဇိုင်းမျိုးကို ရွေးချယ်ပါ။
- တြိဂံ ပုံသဏ္ဍန် ခန္ဓာကိုယ်အရွယ်အစား

ဒီလို ခန္ဓာကိုယ်အရွယ်အစား ပိုင်ဆိုင်ထားတဲ့သူတွေအတွက် Trumpet Skirt က အသင့်လျော်ဆုံးဖြစ်ပါတယ်။ ခါး ပေါ်လွင်စေပြီး သင့်ရဲ့မပြေပြစ်လှတဲ့ တင်ပါးနေရာကိုလည်း ဖုံးကွယ်ပေးမှာပါ။ အမှောင်ဘက်သန်းတဲ့ အရောင်ကိုမှ အိပ်ကပ်မပါတဲ့ ဒီဇိုင်းမျိုး ရွေးချယ်ပါ။
- သဲနာရီ ပုံသဏ္ဍန် ခန္ဓာကိုယ်အရွယ်အစား

pencil skirt နဲ့ hourglass ခန္ဓာကိုယ်အရွယ်အစား ပုံစံတွေနဲ့ လိုက်ဖက်ညီလှပါတယ်။ ပွလွန်းတဲ့အင်္ကျီတွေ ၊ fit ဖြစ်စေတဲ့ အင်္ကျီမျိုးတွေကို ရှောင်ကြဉ်ပါ။ ခါးပတ် ဝတ်ဆင်ရာမှာလည်း ထင်းခနဲ ကြည့်လိုက်ရင် မြင်သာစေမယ့် အရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။
ခုဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်မယ့် စကပ်တွေကို ရွေးချယ်တတ်လောက်ပြီလို့ ထင်ပါတယ်နော်။
Author:TDA





