What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စွန်းထင်းပျက်စီးနေတဲ့ အဝတ်အစားတွေကို ပုံမှန်အတိုင်း ပြန်ဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ

သင်တို့ရဲ့ အဝတ်အစားပေါ်မှာ စွန်းထင်းပေကျံ ပျက်စီးသွားတဲ့ အရာတွေကို ပြန်လည်သန့်ရှင်း ကောင်းမွန်စေရန်အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ဘယ်လို နည်းလမ်းတွေက သင့်အင်္ကျီ ဖိနပ်တွေကို သန့်ရှင်းအောင် ပြုလုပ်ပေးမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

1. အင်္ကျီမှာ ဝိုင်နီတွေ စွန်းထင်းသွားရင် အဲ့ဒီအစွန်းအထင်းဟာ လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီလို စွန်းထင်းတဲ့ အရာကို ဖြေရှင်းပေးမှာကတော့ ဝိုင်ဖြူပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက သင်ရဲ့ အင်္ကျီပေါ်မှာ ရှိတဲ့ အစွန်းတွေကို လျင်မြန်စွာ ဖယ်ရှားပေးပါလိမ့်မယ်။

1

2. အင်္ကျီပေါ်မှာ ကပ်နေတဲ့ အမွှေးစတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျောက်တုံးပါပဲ။ ကျောက်တုံးဆိုတာက ဂျေးချွတ်တဲ့အခါမှာ တိုက်တဲ့ ကျောက်တုံးဖြစ်ပါတယ်။

2

3. အင်္ကျီမှာ နှုတ်ခမ်းနီတွေ ပေကျံသွားခဲ့မယ်ဆိုရင် Hair Spray က ကူညီဖြေရှင်းပေးပါလိမ့်မယ်။ လွယ်ကူတဲ့ နည်းလမ်းပါပဲ။

အဝတ်အစားတွေကို ဗီရိုထဲမှာ နည်းစနစ်မကျဘဲ မှားယွင်းစွာ သိမ်းဆည်းခြင်း

3

4. နောက်တစ်နည်းဖြစ်တဲ့ ပေါင်မုန့်နဲ့ ပွတ်သက်ပေးခြင်းဖြင့် ပေကျံနေတဲ့ နှုတ်ခမ်းနီတွေကို ဖယ်ရှားပေးမှာပါ။

4

5. ပုံမှန်စွန်းထင်းတဲ့အရာတွေကို သာမန်ဆပ်ပြာနဲ့ လျှော်ဖွတ်ခြင်းထက် shaving foam ကို သုံးခြင်းဟာ ပိုပြီး ထိရောက်စေပါတယ်။

5

6. သင့်ရဲ့ဖိနပ်မှာ ခြစ်ရာတွေရှိနေမယ်ဆိုရင် moisturizing cream ကို အသုံးပြုပေးပါ။ ဒါဆိုရင် ခြစ်ရာတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

6

7. ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် သင့်ရဲ့ရှုးဖိနပ်ဟာ ပုံမှန်အတိုင်းတောက်ပသွားလိမ့်မယ်။

7

 

Author:TDA

Read 6105 times
Rate this item
(2 votes)