နာမည်ကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေကို ဝယ်ယူတဲ့အခါမှာ မမှားယွင်းအောင် သေချာ စိစစ်ဖို့တော့လိုအပ်ပါတယ်။
ကိုယ်က ဈေးကြီး ပေးဝယ်ထားပြီးမှ ဝယ်လိုက်တဲ့ပစ္စည်းဟာ အစစ်မဟုတ်ဘူးဆိုလျှင် ပြန်လဲလို့မရနိုင်ပဲ ပိုက်ဆံတွေ ကုန်သွားတာပဲရှိလိမ့်မယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ လက်ကိုင်အိတ်တစ်ခုကို မဝယ်မှီ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ အရေးကြီးတယ်။ ဒါမှသာ မှန်ကန်တဲ့ လက်ကိုင်အိတ်တစ်လုံးကို ရရှိမှာဖြစ်တယ်။ လက်ကိုင်အိတ်တွေရဲ့အတုနဲ့အစစ် ကွာခြားပုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ အသေးစိတ်ကအစ သေချာစစ်ဆေးပါ
ကမ္ဘာတစ်ဝှမ်းမှာ သူတို့ရဲ့ ကျော်ကြားတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေကို ထုတ်လုပ်တိုင်း ပစ္စည်းတွေကို အပြစ်အနာအဆာ မရှိအောင်လို့ သေချာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ချုပ်လုပ်တဲ့အခါမှာလည်း ချုပ်ရိုးချုပ်သားတွေ ခိုင်ခံ့အောင်နှင့် အနာအဆာ မဖြစ်အောင် သေချာ ချုပ်လုပ်ကြတယ်။ ဒါကြောင့် ဝယ်ယူတဲ့အခါမှာ ချုပ်ရိုးချုပ်သားများကို သေချာစစ်ဆေးပါ။
၂။ ချိတ်၊ ကြယ်သီး နှင့် ဇစ်များ
အထူးဂရုပြုရမယ့် အရာတွေဖြစ်တဲ့ သတ္တုနဲ့ပြုလုပ်ထားတဲ့ ချိတ်တွေ၊ ကြယ်သီး၊ ဇစ်များကို သေချာ စီစစ်ပါ။ အရည်အသွေး စစ်မှန်တဲ့ အရာကို ရွေးချယ်ပေးပါ။ ဥပမာအားဖြင့် Hermes အိတ်တိုင်း သူတို့ရဲ့logo တံဆိပ်ဖြစ်တဲ့ "Hermes Paris made in France" လို့ရေးထားပြီး တခြားတံဆိပ်တွေကတော့ နောက်ကျောပေါ်မှာ အလံ နှင့် ပစ္စည်းတွေ အသုံးပြုပုံကို ညွှန်းထားပါတယ်။
၃။ ကုန်ကြမ်းများ
နာမည်ကျော် အမှတ်တံဆိပ်တွေထုတ်လုပ်တဲ့ လက်ကိုင်အိတ်တွေမှာ သားရေကြမ်းတွေကို အသုံးမပြုပါဘူး။ သူတို့ဟာ အသားကောင်းပြီး အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပါတယ်။ လည်သာနဲ့ပြုလုပ်ထားတဲ့ အရာတွေရဲ့ အနားကွပ်ဟာ ဆီပေတာ သို့မဟုတ် စေးကပ်တာတွေ မဖြစ်သင့်ပါဘူး။ တချို့သော ဒီဇိုင်နာတွေ ထုတ်လုပ်တဲ့ လက်ကိုင်အိတ်ဟာ ပျော့ပြောင်းပြီး ကွေးနိုင်ဆန့်နိုင်တယ်။
၎။ အမှတ်တံဆိပ်အမည်များ
တခါတရံမှာ ကျွန်မတို့တွေဟာ အသေးအစိတ်ကအစ သေချာကြည့်တတ်ပင်မဲ့ အမှတ်တံဆိပ်တွေရဲ့အမည်ကို အဓိက သတိမထားမိတတ်ကြဘူး။ အံ့သြစရာကောင်းတာက အတုပစ္စည်းတွေပုံနှိပ်ထားတဲ့ Brand နာမည်တွေရဲ့စာလုံးဆိုဒ်က ကွဲပြားပါတယ်။ စွန်းထင်းပေကျံနေတဲ့ အက္ခရာများ၊ ဒါမှမဟုတ် စာလုံးပေါင်းအမှားတွေနဲ့ တွေ့ရမှာပါ။
၅။ အမှတ်စဉ်နံပါတ်
အမှတ်စဉ်နံပါတ်ဟာ အရေးကြီးဆုံး စစ်မှန်တဲ့ အမှတ်အသားတစ်ခုပါပဲ။ ပျက်စီးမှုမရှိပဲ ကဒ်နံပါတ်တွေနဲ့တွဲပြီး ဈေးနှုန်းလျော့ချ ရောင်းတာဟာ မဖြစ်နိုင်ပါဘူး။ အတုပစ္စည်းတွေဟာ များသောအားဖြင့် မျက်နှာပြင် တစ်နေရာရာမှာ စတစ်ကာတွေနှင့်အတူ နံပါတ်တွေကိုပါ ကပ်ထားလေ့ရှိတယ်။
၆။ ထုတ်ပိုးမှု
နာမည်ကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေရဲ့ထုတ်ပိုးမှုကို အမြဲတမ်း အရည်အသွေးမြင့်တဲ့ အရာတွေနဲ့ပြုလုပ်ပြီး ဈေးကြီးတဲ့ ထုတ်ပိုးမှုပါ။ သင့်ရဲ့အဖိုးတန်လှတဲ့ လက်ကိုင်အိတ်ရဲ့ထုတ်ပိုးမှုဟာ ဘယ်လိုဘဲဖြစ်ဖြစ် အရောင် ချွတ်ယွင်းသွားခြင်းမရှိသင့်ပါဘူး။
၇။ ကွဲပြားခြားနားတဲ့ လက္ခဏာများ
ဆိုင်သို့မသွားမီ သင်ရွေးချယ်မယ့် brand ရဲ့တိကျမှန်ကန်တဲ့ အရာတွေကို အနည်းငယ် ရှာဖွေဖို့ ကြိုးစားသင့်တယ်။ အမှတ်တံဆိပ်အသီးသီးတိုင်းမှာ ကိုယ်ပိုင် ကွဲပြားတဲ့ လက္ခဏာတွေ ရှိတယ်ဆိုတာ သတိရပါ။ ဥပမာပြောရမယ်ဆိုရင် စစ်မှန်တဲ့ Prada ပစ္စည်းတွေဟာ အပြင်ဘက်အရောင်နဲ့ အနားကွက်နေရာများကို နှိုင်းယှဉ်လိုက်လျှင် ကွဲပြားခြားနားတဲ့ အရောင်တွေ သုံးလေ့မရှိဘူး။ Parada အမှတ်တံဆိပ်နှင့် ပတ်သက်ပြီး သင်သိသင့်တဲ့ အဓိကအရာတစ်ခုကတော့ သူတို့ဟာ အမြဲတမ်း အနားသတ်နှင့် အပြင်ပန်းပစ္စည်းတွေကို တစ်ထပ်တည်း တူညီတဲ့ အရောင်ကိုပဲ အသုံးပြုတယ်။
Author:TDA