What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၅နှစ်လောက်ပိုပြီး ငယ်ရွယ်တယ်လို့ ထင်ရစေမယ့် အဝတ်အစားရွေးချယ်ပုံ နည်းလမ်း(၆)သွယ်

အမျိုးသမီးတွေအနေနဲ့ သင်တို့ရဲ့ ပြင်ဆင်ဝတ်စားမှုကြောင့် ပိုပြီးငယ်ရွယ်လှပ စေနိုင်သလို ရွေးချယ်မှုမှားယွင်းတာကြောင့်လည်း ရုပ်ထွက်မလှစေဘဲ အသက်ကြီးတဲ့ပုံ ပေါက်စေပါတယ်။

ဒါကြောင့် ရွေးချယ်တဲ့အခါမှာ မှန်မှန်ကန်ကန် ရွေးချယ်ဖို့လိုအပ်တယ်။ အခုပြောပြပေးမှာကတော့ ဒီလို အပြင်အဆင်တွေကြောင့် သင့်ကိုငယ်ရွယ်နုပျိုသွားစေနိုင်မယ့် ရွေးချယ်မှုလေးတွေပါပဲ။

၁။ ပေါ်လွင်ထင်ရှားစေမယ့်အရာ

1

2
သင့်ကိုပွဲတိုးပြီး ကြည့်ကောင်းစေဖို့အတွက် တခါတရံ ဖက်ရှင်ဟောင်းတွေကို ရွေးချယ်ရတာဟာ ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ထင်ရစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့အသက်ငယ်ရွယ်တယ်လို့ ထင်စေဖို့ သင်ဝတ်ဆင်မယ့် accessories များတွင် အနည်းငယ် ပေါ်လွင်စေဖို့လိုအပ်တယ်။ သင့်ရဲ့outfit ကို မတူညီတဲ့အရာတွေနှင့်အတူ ပေါင်းစပ်လိုက်ပါ။ အရောင်လင်းတဲ့ လည်စည်းပုဝါ၊ စကပ် သို့မဟုတ် ဘလောက်စ်အင်္ကျီကို တမူဆန်းပြားတဲ့ ကာလာစုံ စကပ်တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

၂။ စွမ်းအားအနည်းငယ်နှင့် စတင်လိုက်ပါ

3
ရိုးရှင်းတဲ့ အစင်းပုံစံ top တွေဟာ သင့်ကို လှပစေပြီး တက်ကြွပုံပေါက်စေပါတယ်။ ကျဉ်းမြောင်းတဲ့အလျားပုံစံ အစင်းကြောင်းတွေထက် ပိုကြီးတဲ့ အစင်းကြောင်းပုံစံက ပိုကြည့်ကောင်းစေတယ်။ အားကစား ပုံစံဘောင်းဘီမျိုးနဲ့တွဲဖက်လိုက်ရင် စတိုင်ကျပြီး ငယ်ရွယ်စေမှာအမှန်ပဲ။

၃။ သင့်ရဲ့စတိုင်ကို တမူထူးခြားအောင် အလေးထားပါ

4

5
သင့်ကိုပိုပြီးတောက်ပစေဖို့အတွက် မှန်ကန်တဲ့ accessories ကို ပေါင်းထည့်ပါ။ လည်ဆွဲကြီးကြီး၊ နားကပ်ကြီးကြီးတစ်စုံ ဒါမှမဟုတ် လက်ကောက်တွေဟာ ပိုပြီး ကြည့်ကောင်းစေပါလိမ့်မယ်။

၎။ မျက်နှာကို ပေါ်လွင်ထင်ရှားအောင် ခြယ်သပါ

6

 

7
သင့်ရဲ့မျက်နှာကို ပေါ်လွင်စေရန် ခြယ်သလိုက်ပါ။ ငယ်ရွယ်ပြီး ကြည့်ကောင်းစေတဲ့ အသွင်ဖြစ်စေမှာပါ။ ဒီလို ခြယ်သမှုတွေနှင့်အတူ အဖြူရောင်ကော်လံ dress ကိုဝတ်ဆင်လိုက်ပါ။ ဒါဟာ အထိရောက်ဆုံးနည်းလမ်းပါပဲ။

၅။ အရောင်ရွေးချယ်မှု

8

9
အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် အဝတ်အစားကာလာတွေဟာ သင့်ကို နုပျိုစေပြီး အံ့သြဖွယ်ရာဖြစ်အောင် ပေးစွမ်းမှာပါ။ dress၊ စကပ်နှင့် ဘလောက်စ်အင်္ကျီတွေကို ရွေးချယ်နိုင်ပါတယ်။

၆။ ဂျင်းဘောင်းဘီဝတ်ဆင်ပါ

10

11
ဂျင်းဘောင်းဘီဟာ သင့်ရဲ့မပြီးပြည့်စုံတဲ့ ပုံပန်းသဏ္ဍန်ကို ဖုံးကွယ်ပေးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ လူတိုင်းရဲ့ဗီရိုထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဆိုလည်းမမှားပါဘူး။ ဂျင်းဘောင်းဘီက သင့်ကို ငယ်ရွယ်စေပြီး ကြည့်ကောင်းစေဖို့အတွက် အလေးပေးဖော်ပြပေးပါလိမ့်မယ်။
အခုပြောပြပေးခဲ့တဲ့ အရာတွေဟာ သင့်အတွက် အသုံးဝင်စေပြီး ငယ်ရွယ်နုပျိုစေတယ်လို့ ထင်စေမှာပါ။

 

Author:TDA

Read 7923 times
Rate this item
(1 Vote)