What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားသစ်တွေကို မဝတ်ဆင်ခင် လျှော်ဖွတ်သင့်တဲ့ အချက်များ

အသစ်ဝယ်ယူထားသော အဝတ်အစားကို ချိန်းဆိုထားသည့်နေရာသို့ ဝတ်ဆင်သွားရန် ဆန္ဒရှိသည်မှာ လူတိုင်းလိုလိုပါပဲ။ သို့သော်လည်း အဝတ်အထည်ပညာရှင်များ၏ ပြောဆိုချက်များအရ အသားအရေနှင့် ထိတွေ့မည့်အရာမှန်သမျှကို မဝတ်ဆင်ခင် သေချာပေါက် လျှော်ဖွတ်သင့်ပါတယ်။

သိုးမွေးချည်ထည်များ၊ ဆိုးဆေးအထည်များတွင် ပါဝင်သည့် ဓာတုပစ္စည်းများသည် အရေပြားနီ၍ ရောင်အန်းနာကျင်မှုကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
အဝတ်အထည် ထုတ်လုပ်ရောင်းချသူများသည် ဓာတုပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုအသုံးပြုတတ်ကြပါတယ်။ အဝတ်အထည်များသည် နိုင်ငံတကာမှလာသည့်အတွက် အရောင်တင်ခြင်း၊ အပ်ချုပ်ခြင်းပြုလုပ်ကြပုံမှာ အမျိုးမျိုးကွဲပြားခြားနားလှပါတယ်။ ပါဝင်ပစ္စည်းအချို့ဖြစ်သော Azo-aniline ဆိုးဆေးနှင့် အရောင်မဲ့ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့သည် အသားအရေယားယံမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အဝတ်အစား ဝယ်တဲ့အခါမှာ သတိထားသင့်သော အချက်များ

နယူးရောက်ရှိ ကိုလံဘီယာတက္ကသိုလ် ဆေးစင်တာမှ အရေပြားရောဂါဗေဒ ပရော်ဖက်ဆာတစ်ဦး၏ ပြောစကားအရ မိမိမဝယ်ယူမီ မည်သူများ အကြိမ်အရေအတွက်ပေါင်းမည်မျှ ဝတ်ကြည့်သွားခဲ့သလဲဆိုတာကို မသိနိုင်သောကြောင့် လျှော်ဖွတ်ပြီးမှ ဝတ်ဆင်ခြင်းသည် ဘတ်တီးရီးယးများ၊ သန်းများ၊ မှိုများ ပေါက်ဖွားခြင်းနှင့် မျက်လုံးဖြင့် မမြင်တွေ့နိုင်သည့် ရောဂါပိုးများ အဝတ်မှတဆင့် ကူးစက်ခြင်းတို့မှ ကြိုတင်ကာကွယ် တားဆီးနိုင်မှာဖြစ်ပါတယ်။
ခြေအိတ်များ၊ အတွင်းခံများ၊ အတွင်းရှပ်အင်္ကျီများ၊ အားကစားဝတ်စုံများ၊ တီရှပ်များ၊ ဘောင်းဘီတိုများ၊ နွေရာသီအဝတ်အစားများ၊ ရေကူးဝတ်စုံများမှာ ဝယ်ယူလိုက်ပြီးနောက် အထူးဂရုတစိုက်ဖြင့် မဖြစ်မနေ သေချာလျှော်ဖွတ်ပြီးမှ ဝတ်ဆင်ရမည့် အဝတ်အစားများပဲဖြစ်ပါတယ်။

 

Source:mystyle

Read 1210 times
Rate this item
(1 Vote)