What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးထွက်တဲ့အခါ ဖက်ရှင်နဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်များ

နှစ်ရှည်လများစွာ အလုပ်တွေများပြီး ပင်ပန်းတာကြောင့် ဒီလိုပင်ပန်းတဲ့ ဒဏ်တွေကို ဖြေလျော့ပေးမယ့် အကောင်းဆုံး အရာကတော့ အားလပ်ရက်မှာ အပန်းဖြေ ခရီးထွက်ခြင်းပဲဖြစ်တယ်။ ဒီလို ပိတ်ရက်တွေမှာ ခရီးထွက်တာနဲ့အတူ သင့်ရဲ့အဝတ်ဗီရိုထဲမှာရှိတဲ့ အဝတ်အစား အသုံးအဆောင်တွေကို ယူဆောင်သွားရန်အတွက် ဘယ်လို ပြီးပြည့်စုံအောင် ထုတ်ပိုးရမလဲဆိုတာလဲ အရေးကြီးပါတယ်။

ခရီးသွားရာမှာ ဖက်ရှင်ကျပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကိုပဲ သယ်ဆောင်သွားသင့်တယ်။ ဒါကြောင့် ခရီးသွားရာမှာ ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန် အချက်တွေကို ပြောပြပေးမှာဖြစ်တယ်။

၁။ ပေါ့ပါးတဲ့ အလွှာအထပ်တွေကိုယူသွားပါ

1
ခရီးထွက်တဲ့ အခါ ပူပြင်းတဲ့နေရာကိုပဲသွားသွား ဒါမှမဟုတ် အေးတဲ့နေရာကိုပဲသွားသွား ပေါ့ပေါ့ပါးပါးရှိပြီး သယ်ရလွယ်ကူတဲ့ အပေါ်ထပ် အနွေးထည် သို့မဟုတ် ဂျာကင် များကို ယူဆောင်သွားပါ။

၂။ လက်ဝတ်ရတနာတွေကို အလွန်အကျွံ မယူသွားပါနဲ့

2
အထူးသဖြင့် လေးလံတဲ့ လက်ဝတ်လက်စားတွေကို သယ်ဆောင်မသွားပါနဲ့။ အခန့်မသင့်ရင် လေဆိပ်မှာ လုံခြုံရေးဝန်ထမ်းက အိတ်တွေကို စစ်ဆေးတဲ့အခါ မယုံသင်္ကာမျက်လုံးတွေနဲ့ သင့်ကို စူးစူးဝါးဝါးကြည့်နိုင်တယ်။ လက်ဝတ်ရတနာတွေက လှပင်မဲ့ထူပြီး လေးတာကြောင့် ခရီးထွက်တဲ့အခါမှာ သင့်ကို သက်တောင့်သက်သာမရှိနိုင်ဘူး။ ဒါကြောင့်မို့ စတိုင်လည်းကျပြီး ပေါ့ပေါ့ပါးပါးရှိစေတဲ့ fancy အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားသင့်ပါတယ်။

၃။ နေကာမျက်မှန်တစ်လက် ယူဆောင်သွားပါ

3
ခရီးသွားရာမှာ နေကာမျက်မှန်ဟာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်။ ပူပြင်းတဲ့ရာသီတွေမှာဆိုရင် သင့်ရဲ့မျက်လုံးကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး ဖက်ရှင်လည်းကျတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။

၎။ မြင့်လွန်းတဲ့ဒေါက်ဖိနပ်တွေမစီးနဲ့

4
ဒေါက်ဖိနပ်မြင့်တွေဟာ ပွဲလမ်းသဘင်သွားတဲ့ အခါမှာတော့ အဆင်ပြေပင်မဲ့ ခရီးသွားတဲ့အချိန်မှာ သက်တောင့်သက်သာ မရှိတာကြောင့် သင့်အတွက် အဆင်မပြေလှပါဘူး။ ပေါ့ပေါ့ပါးပါးရှိတဲ့ slipper သို့မဟုတ် sneaker လေးတွေကို ယူဆောင်သွားဖို့မမေ့ပါနဲ့။

၅။ crossbody bag ကို သယ်ဆောင်သွားပါ

5
သယ်ရလွယ်ကူပြီး ပေါ့ပါးတဲ့ crossbody bag ကို ယူသွားဖို့ မမေ့ပါနဲ့။ အိတ်အကြီးတွေဟာ သင့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပြီး သယ်ဆောင်သွားရာမှာလဲ အဆင်မပြေဖြစ်စေပါတယ်။

၆။ဘောင်းဘီအကျပ်တွေကို မဝတ်ဆင်နဲ့

6
ဘောင်းဘီကျပ်တွေက သင့်ကို လွတ်လပ်မှုရရှိရန် ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ဆွဲဆန့်နိုင်သော ဘောင်းဘီမျိုးကိုသာ ရွေးချယ်ပါ။

၇။ ဦးထုပ် ယူသွားဖို့မမေ့ပါနဲ့

7
နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်သလို ဖက်ရှင်လည်းကျတာကြောင့် မဖြစ်မနေယူဆောင်သွားဖို့ မမေ့နဲ့နော်။

 

Author:TDA

Read 6486 times
Rate this item
(2 votes)