ကျွန်မတို့က အချိန်တိုင်းမှာ စတိုင်ကျပြီး လှပချင်ကြပေမယ့် တစ်ခါတစ်ရံမှာ အ၀တ်အစား အရောင်ကို ဘယ်လိုလိုက်ဖက်အောင် ပေါင်းစပ်ရမလဲဆိုတာ ရွေးချယ်မရဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် အ၀တ်အစားအရောင်တွေကို ဘယ်အရောင်နဲ့ ဘယ်အရောင်က လိုက်ဖက်မှုရှိပြီး ဂန္တ၀င်ဆန်ဆန်လှပနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အနီရောင်
သင်အနီရောင်အ၀တ်အစားကို ၀တ်ထားလျှင် အများရဲ့ အာရုံစူးစိုက်မှုက သင့်ဆီပဲရောက်လာမှာပါ။ ဒီအရောင်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတွေအတွက်ဖြစ်ပါတယ်။ အနက်ရောင်နဲ့ အနီရောင်ပေါင်းစပ်ခြင်းက စစ်မှန်တဲ့ ဂန္တ၀င်ဆန်မှုတစ်ခုဖြစ်ပါတယ်။ အနီရောင်ကုတ်အကျီ င်္တစ်ထည်နဲ့ အနက်ရောင် ဘောင်းဘီကျပ်ကျပ်က အနက်နှင့်အဖြူရောင်ပါတဲ့ ဂါဝန်တစ်ထည်နှင့် လိုက်ဖက်မှုရှိပါတယ်။
၂။ အဖြူရောင်
အဖြူရောင်ကို အခြားအရောင်များအားလုံးနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အထူးသဖြင့် အပြာ၊ အနီ၊ အနက်ရောင်များနဲ့ဆို ထင်ရှားပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်စုံအဖြစ် အညိုရောင် နှင့်အတူ အဖြူရောင်၏ လှပတဲ့ပေါင်းစပ်မှုကို သတိရပါ။ ဒီသီးသန့်အရောင်တွေက business စတိုင်တစ်ခုမှာ ကြည့်ကောင်းပါလိမ့်မယ်။
၃။ဂျင်း
နှစ်တွေဘယ်လိုပြောင်းပြောင်း ကွဲပြားတဲ့ဂျင်းအရောင်တွေရဲ့ ပေါင်းစပ်မှုက အလွန်လူကြိုက်များပါတယ်။ ဂျင်းအ၀တ်အစားတွေက လွတ်လပ်မှုကို ခံစားရစေပါတယ်။ အရောင်လင်းတဲ ရှပ်အကျီ င်္တစ်ထည်နှင့် နက်ပြာရောင်ဂျင်းဘောင်းဘီကို ၀တ်ဆင်နိုင်ပါတယ်။
၎။ ရေကြောင်းစတိုင်
ကိုကိုချန်နယ်က 1930မှာ သဘောင်္သားဝတ်စုံကို ၀တ်ဆငိဖို့ စတင်ခဲ့ပြီး နက်ပြာရောင်အစင်းကို စတိုင်အရှိဆုံးဒီဇိုင်းတစ်ခုထုတ်ဖို့ စဉ်းစားခဲ့ပါတယ်။ရေကြောင်း အရောင်က အပြာ၊ အဖြူ၊အနက်နဲ့ အနီရောင်ဖြစ်ပါတယ်။ ဒီဇိုင်နာက ခေတ်မီပုံရိပ်တစ်ခုကို ဖန်တီးဖို့ ရွေဆက်စပ်ပစ္စည်းများကို ဖြည့်စွက် အကြံပြုခဲ့ပါတယ်။
၅။ ရွှေဝါရောင်
ရွှေဝါရောင်ကို အညိုရောင်၊ ချောကလက်၊ သစ်သား၊အ၀ါနုရောင်၊ အ၀ါရောင်များနှင့် လုံးဝတွဲဖက်လို့ရပါတယ်။ ဒါ့အပြင် ဂန္တ၀င်ဆန်စေဖို့ အဖြူရောင်နဲ့ အနက်ရောင်ကဲ့သို့သော အခြေခံအရောင်များနှင့် ရောထွေးနိုင်ပါတယ်။
၆။ ၀ိုင်အရင့်ရောင်
စပျစ်သီးရောင်၊ ၀ိုင်အရင့်ရောင်က မယုံနိုင်စရာလှပတဲ့အရောင်ဖြစ်ပါတယ်။ တခြားအရောင်အများစုနဲ့အတူ လွယ်ကူစွာရောစပ်နိုငပါတယ်။ အနက်ရောင်၊ အဖြူရောင်၊မီးခိုးရောင်နှင့်အတူ ရိုးရိုးရှင်းရှင်းနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ၀ိုင်အရင့်ရောင်က အ၀ါနုရောင်၊ နို့နှင့် ကော်ဖီရောင်တို့နဲ့ လိုက်ဖက်ပါတယ်။
၇။ ပန်းရောင်
နူးညံ့သိမ်မွေ့ခြင်းနှင့် မိန်းကလေးဆန်စေဖို့ ပန်းရောင်ကို ၀တ်ဆင်ပါ။ ဒါကို အဖြူ၊ အ၀ါနုရောင်၊ အပြာရောင်ဖျော့၊ အညိုရောင် ၊အပြာရောင်တို့နဲ့ ကောင်းစွာ တွဲဖက်နိုင်ပါတယ်။ ပန်းရောင်က အဖြူရောင်နဲ့အတူ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ အလုပ်ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းအစည်းအဝေးသွားတဲ့အခါ ၀တ်ဆင်နိုင်ပါတယ်။
၈။ မီးခိုးရောင်
မီးခိုးရောင်က ငြီးငွေ့စရာအရောင်မဟုတ်ပါဘူး။ ခေါင်းအစခြေအဆုံး ၀တ်ဆင်ဖို့တော့ အကြံမပြုပါဘူး။ အစိမ်းရောင်နှင့်အတူ ပေါင်းစပ်ပါက ပိုကောင်းပါတယ်။ မီးခိုးရောင်က သံလွင်ဆီရောင်၊ ပူစီနံရောင်၊ အစိမ်းဖျော့ဖျော့နဲ့ ကောင်းစွာတွဲဖက်နိုင်ပါတယ်။
၉။အပြာရောင်
အပြာရောင်က မဟာဆန်တဲ့ အရောင်တစ်ခုဖြစ်ပါတယ်။ အဖြူ၊ အ၀ါနုရောင်၊ ဆင်စွယ်ရောင်များနဲ့ လိုက်ဖက်ပါတယ်။ အညိုရောင်၊ အနီရောင်၊အ၀ါရောင်များနဲ့ ရောထွေးနိုင်ပါတယ်။
Source:lifestyle