ယနေ့ခေတ်မှာ Maxi Dress(ဂါဝန်ရှည်) တွေဟာ အမျိုးသမီးတွေကြား ရေပန်းစားလာလျက်ရှိတယ်။ သူငယ်ချင်းတွေနဲ့ night out ထွက်တဲ့အခါမှာဘဲဖြစ်ဖြစ်၊ အပန်းဖြေခရီးထွက်တဲ့အခါဘဲဖြစ်ဖြစ် ဝတ်ဆင်ရတာပေါ့ပါးပြီး လှပစေပါတယ်။
ဒါပေမဲ့ maxi dress တွေကို ဘယ်လိုအရာတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်သလဲဆိုတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေ ရှိပါတယ်။ ဒါကြောင့် ဘယ်လို လှပအောင် ဝတ်ဆင်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်နော်။
1.Sneaker

လူတော်တော်များများအနေနဲ့ ဒီလို အားကစားဖိနပ်နဲ့ maxi dress ကို လိုက်ဖက်မှုမရှိဘူးလို့ ထင်ကောင်းထင်နိုင်လိမ့်မယ်။ ဒါပေမယ့် ဖက်ရှင်စည်းမျဉ်းတွေဟာ ပြောင်းလဲလို့လာပါပြီ။ ယနေ့ခေတ်မှာ dress နဲ့ sneaker ကို ပေါင်းစပ်ပြီး ဝတ်ဆင်လာကြတာကို တွေ့မြင်ရမှာပါ။ တကယ်လို့ ဒေါက်မြင့်ဖိနပ်စီးရတာ မနှစ်သက်ဘူးဆိုရင်တော့ sneaker နဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ တမူထူးခြားလှပနေပါလိမ့်မယ်။
2. Jean Jacket

တကယ်လို့ သင်ကြိုက်နှစ်သက်တဲ့ maxi dress နဲ့ အပြင်သွားမယ်ဆိုရင်တော့ ဂျင်းဂျက်ကက်ကို ယူသွားဖို့မမေ့ပါနဲ့။ ဒီoutfit ဟာ တကယ့်ကို စတိုင်ကျလွန်းပါတယ်။ ငယ်ရွယ်စေပြီး တက်ကြွလန်းဆန်းစေတဲ့ ပုံပေါက်ပါတယ်။
ဝမ်းဗိုက်မှာရှိနေတဲ့ အဆီပိုတွေကို ဖုံးကွယ်ပေးနိုင်မယ့် ဖက်ရှင်လမ်းညွှန်(၉)ခု
3. ခါးပတ်

maxi dress ကို ခါးပတ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် သင့်ရဲ့ခါးပေါ်လွင်လှပပြီး လူအများငေးကြည့်လောက်ရအောင်ဖြစ်သွားစေမှာပါ။ အကယ်၍ ခါးပတ်ဝတ်ရတာ မကြိုက်နှစ်သက်ဘူးဆိုရင် အောက်နားကွဲသွားတဲ့ ဂါဝန်ရှည်မျိုးကို ရွေးချယ်နိုင်ပါတယ်။ သူက ခါးအလှမပေါ်လွင်ပေမယ့် သင့်ရဲ့ခြေတံလှလှလေးတွေကိုတော့ ပေါ်လွင်အောင်ပြုလုပ်ပေးမှာပါ။
4. ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်က သင့်ကို အရပ်ရှည်တယ်လို့ ထင်စေနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုအပါအဝင်ပေါ့။ maxi dress က ရှည်တာကြောင့် ဒေါက်ဖိနပ်ကို ဖုံးကွယ်ပြီး သင့်ကို အမှန်တကယ် ရှည်စေတယ်လို့ ထင်စေနိုင်တယ်။
5. Leather Jacket

သင် ခပ်မိုက်မိုက် Outfit ပုံစံမျိုးလိုချင်ပါသလား? ဒါဆိုရင်တော့ leather jacket ကို dress နဲ့ ပေါင်းစပ်လိုက်ပါ။ မျက်နှာပေါ်လွင်စေမယ့် မိတ်ကပ်ခြယ်သမှုနှင့်အတူ သင့်ရဲ့ဖက်ရှင်စတိုင်ကို ထုတ်ဖော်လိုက်ပါ။
6. Beach maxi dress

Beach maxi dress ဟာ နွေရာသီမှာ အကောင်းဆုံး ဝတ်ဆင်လို့ရမယ့် dress ပါပဲ။ ပေါ့ပေါ့ပါးပါးရှိတဲ့ အထည်နဲ့ ပြုလုပ်ထားတာကြောင့် နွေရာသီအတွက် အသင့်တော်ဆုံးပါပဲ။
7.အချိုးအစားမညီတဲ့ Dress

သင်ရဲ့ခြေထောက်တွေကို ဖုံးကွယ်တာမကြိုက်ဘူးဆိုရင်တော့ ဒီလို အချိုးအစားမကျတဲ့ maxi dress ကအကောင်းဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်တယ်။ ရှေ့တိုပြီး နောက်ဘက်ကရှည်တဲ့ ဒီဇိုင်းဖြစ်တာကြောင့် ဆွဲဆောင်မှုရှိပြီး လှပစေပါတယ်။
8. အပွင့်၊ အစင်းကြောင်းတွေပါရှိတဲ့ Dress

တောက်ပပြီး လှပတဲ့ အဆင်ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ dress ဟာ သင့်ကို အသက်ဝင်စေမှာပါ။ ချက်ခြင်းဆိုသလို သင့်ကို တမူထူးခြားတဲ့ စတိုင်တွေကို ဖော်ထုတ်ပေးနိုင်မှာပါ။ မတူညီတဲ့ accessories တွေနဲ့ တွဲဖက်ပေါင်းစပ်နိုင်ပါတယ်။
9. Accessories

ဘယ်သူမျှ မတင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ သွားလာရမယ့် နေရာဒေသနဲ့ ကိုယ်ရဲ့ခံစားချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ accessories တွေဟာ သင့်ကို ကြည့်ကောင်းအာင်ပြုလုပ်ပေးမှာပါ။ သင်ဝတ်ဆင်မယ့် dress ရဲ့လည်ပင်းပုံစံက ထူးခြားတယ်ဆိုရင် လှပပြီး မှန်ကန်တဲ့ accessories ကို ရွေးချယ်ပါ။ accessories တွေက ရွှေ (သို့) ငွေဆိုရင်တော့ သူတို့က သင်ဝတ်ဆင်မယ့် dress ကို ပိုတောက်ပပေါ်လွင်အောင် ပြုလုပ်ပေးမှာပါ။
Author:TDA
			    
					
		  	



