မိန်းကလေးတွေအနေနဲ့ အဝတ်အစားရွေးချယ်ရာမှာ လိုက်ဖက်ပြီး သင့်တော်မယ့် အရာတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ အဝတ်အစားက လိုက်ဖက်မှုမရှိပဲ ပိုပုသွားတယ်လို့ ထင်နိုင်သလို ခန္ဓာကိုယ် ပေါ်လွင်ပြီး အရည်ပိုရှည်တယ်လို့လည်း ထင်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ပျိုမေတို့အတွက် အရပ်ရှည်တယ်လို့ ထင်ရစေမယ့် ဖက်ရှင်နည်းလမ်းကောင်းတွေကို အကြံပြုပေးချင်ပါတယ်။ ဘယ်လို ဖက်ရှင်မျိုးတွေက အရည်ပိုရှည်တယ်လို့ ထင်ရမလဲဆိုတာ ကြည့်လိုက်ရအောင်...
1. V-neck blouse

v-neck ပုံစံ ဘလောက်စ်နှင့် ဆွယ်တာတွေဟာ တကိုယ်လုံးခြုံကြည့်လိုက်မယ်ဆိုရင် အရပ်ရှည်တယ်လို့ ထင်စေရတယ်။ လည်ထောင်အင်္ကျီတွေက သင့်ရဲ့လည်ပင်းကို ဖုံးအုပ်ထားတာကြောင့် မရွေးချယ်သင့်ပါဘူး။ Vလည်ပင်းပုံစံကသာ သင်အမှန်တကယ် လိုအပ်တဲ့အရာဖြစ်တယ်။ အင်္ကျီဟာ ပေါ့ပါးမှုရှိပြီး ခေါင်းစွပ် ပုံစံ ရှပ်ဆိုရင် ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ လည်ပင်းမှာ လေးလံတယ်လို့ ထင်ရစေမယ့် အဝတ်အစားမျိုးကို မရွေးချယ်ပါနဲ့။
2. Flared Pant

flare ဘောင်းဘီတွေကို ဝတ်ဆင်ခြင်းဖြင့် လူအများအာရုံမှာ အရပ်ပိုရှည်သဖွယ် မြင်စေမှာပါ။ ဒီဘောင်းဘီက ခြေတံလေးတွေ ပိုရှည်အောင်လုပ်ပေးနိုင်ပြီး လိုက်ဖက်တဲ့လှတဲ့ အင်္ကျီနှင့် accessories တွေသာ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ပိုပြီး ပြီးပြည့်စုံသွားပါလိမ့်မယ်။
အရပ်ပုပြီး ခန္ဓာကိုယ်သေးတဲ့ ကောင်မလေးတွေအတွက် အရပ်ရှည်တယ်လို့ ထင်ရစေမယ့် ဖက်ရှင်အကြံပြုချက်
3.High-waisted pant

low-waisted pant တွေက အလွန်လူကြိုက်များသော်လည်း သင့်ကို အမှန်တကယ် ပုစေတယ်လို့ ထင်မိနိုင်တယ်။ high-waist pant ,short တွေဆိုရင် သင့်ရဲ့ခန္ဓာကိုယ်နဲ့ ခြေထောက်ကို ပိုရှည်အောင် ပြုလုပ်ပေးမှာပါ။ ဒီနည်းလမ်းဟာ high-waist skirt တွေမှာတော့ အဆင်မပြေပါဘူး။
4.Maxi skirt with crop top

ပြီးပြည့်စုံပြီး ကြည့်ကောင်းစေဖို့အတွက် maxi skirt နှင့် crop top ကို တွဲဖက်ရွေးချယ်လိုက်ပါ။ ခန္ဓာကိုယ်သွယ်လျပြီး အရပ်ရှည်စေပါတယ်။ ပေါ့ပေါ့ပါးပါး (သို့) လေးလံတဲ့ outfit မျိုးတွေဟာ ပွဲတက်တာတို့၊ ပုံမှန်ဝတ်ဆင်တဲ့အခါမှာ အကောင်းဆုံးရွေးချယ်မှုပဲ။
5.Vertical stripe

ဒေါင်လိုက်အစင်းတွေက အများအာရုံထဲမှာ သင့်ကို အရပ်ရှည်စေတယ်လို့ ထင်စေနိုင်တယ်။ အဲ့လို အစင်းဒီဇိုင်းတွေဟာ အသားထူပြီး အရောင်မျိုးစုံ ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်နော်။ အသားထူထဲတဲ့ ဒေါင်လိုက်အစင်း အင်္ကျီတွေဟာ business outfit အတွက် အသင့်လျော်ဆုံးပါပဲ။
6.Neutral shoe color

ဒေါက်မြင့်ဖိနပ်တွေက သင့်ကို အရပ်ရှည်အောင် လုပ်ပေးမယ့်ဆိုတာ အသေချာပဲပေါ့။ ဒါပေမဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ ကွဲပြားခြားနားတဲ့ ပုံစံနှင့် အကျိုးသက်ရောက်မှုများ ရှိပါတယ်။ ထူပြီး အရောင်တောက်ပတဲ့ ဖိနပ်တွေက သင့်ခန္ဓာကိုယ်အောက်ပိုင်းကိုဆွဲဆောင်မှု ရှိစေပြီး အရောင်ဖျော့ heel တွေက ခြေတံနှင့် အရပ်ကို ပိုရှည်သဖွယ် ပြုလုပ်ပေးပါလိမ့်မယ်။
7. Jumpsuit

Jumpsuit ကို ဝတ်ဆင်ဖို့ မစိုးရိမ်ပါနဲ့။ သူတို့ဟာ ခန္ဓာကိုယ် သွယ်လျတဲ့သူတွေနှင့် ခန္ဓာကိုယ်ပြည့်တဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်။ သင့်ရဲ့ခါးအလှကို ပေါ်လွင်စေရန် ဆောင်ကြဉ်းပေးပါလိမ့်မယ်။
8. Miniskirt

Miniskirt က သင့်ကို အံ့အားသင့်ဖွယ်ကောင်းအောင် ကူညီပေးလိမ့်မယ်။ အရပ်ရှည်တာ ပေါ်လွင်ချင်ရင်တော့ tight skirt ကို မရွေးချယ်ပဲနဲ့ circle skirt ကို ရွေးချယ်သင့်ပါတယ်။ high-waist miniskirt တွေကလည်း သင့်ရဲ့အရပ်ကို ရှည်စေနိုင်ပါတယ်။ High heel (သို့) sneaker ဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ မမေ့ပါနဲ့။
9.Pants and shoes in one color

သင်ရွေးချယ်လိုက်တဲ့ ဘောင်းဘီနှင့် ဖိနပ် အရောင်ဟာ တူညီမှုရှိနေရပါမယ်။ အရောင်မှိန်တဲ့ဖိနပ်တွေက အနက်ရောင် ဘောင်းဘီကျပ်တွေနဲ့ သင့်လျော်ပြီး အရောင်နဲ့ ဖိနပ်တွေကိုတော့ ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အရောင်နဲ့ တွဲဖက် ရွေးချယ်ခြင်းဟာ အကောင်းဆုံးပါပဲ။
ဒီဖက်ရှင်နည်းလမ်းတွေဟာ ပျိုမေတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။
Author:TDA
			    
					
		  	



